Monday, January 19

မြူမှုန်လေး တစ်မှုန်......


ငါဟာ…..

လေနှင်ရာ လူးလွင့်နေတဲ့

ငှက်တစ်ကောင်လို

ပျံသန်းချင်ရာ ပျံသန်း

ပျော်ပါးချင်ရာ ပျော်ပါး

အတောင်ညောင်းချိန်

ခဏတာ ပြန်လာနားခိုရာဖြစ်တဲ့

မင်းရဲ့ သစ်ပင်အိုမှ မဟုတ်တာလေ….။


ငါဟာ…..

လေပြေနဲ့အတူ

ကျီ်စယ် ဆော့ကစားခံရပြီး

မုန်တိုင်းဝင်မွှေ့ခံရတဲ့

မင်းရဲ့ ကမ်းနားသစ်ပင်မှ မဟုတ်တာလေ…။


ငါဟာ…..

မင်းရွှေ့ကစားချင်တိုင်းကစား

ထားချင်တိုင်းထားခံရတဲ့

နယ်ရုပ်လေး တစ်ရုပ်မှ မဟုတ်တာလေ…။


တစ်ကယ်တော့

နင်ဟာ……

င့ါဘ၀ရဲ့ အရေးမပါတဲ့

အစိတ်အပိုင်းတွေထဲက

မြူမှုန်လေးတစ်မှုန်မျှပါ…..။




Print this post (စာထုတ်ယူရန်)

Creative Commons License

8 comments:

ကောင်းကင်ပြာ said...

အမှန်ဆုံးပါရှင်..
ဒီလိုသဘောထားလိုက်တော့
စိတ်ချမ်းသာရတာပေါ့နော်..ဘာတဲ့

တစ်ကယ်တော့
နင်ဟာ....
ငါ့ဘဝရဲ့အရေးမပါတဲ့
အစိတ်အပိုင်းတွေထဲက
မြူမှုန်လေးတစ်မှုန်မျှပါ....။:)

mhyawlintchin.blogspot.com said...

မမ ဒီကဗျာလေသာမောင်လေးချစ်သူဆီပို့လိုက်လို့
ကတော့ထိုင်များငိုမလားမသိဘူး ....
တဖက်သက်စမ်းသွားမလားနော် . .
မမကဗျာကိုကောင်းကောင်းဝေဖန်သုံးသပ်ရရင်
နံပါတ် ( 1 ) ထိတယ်
နံပါတ် ( 2 ) မိတယ်
နံပါတ် ( 3 ) ကြိုက်တယ် .... ဟီးဟီး
ကဗျာလေးကအရမ်းကောင်းပါတယ် ခံစားချက်နဲ့
ရေးတာလား ကြံကြံဖန်ဖန်ရေးတာလားလို့တော့
ကွဲကွဲပြာပြာသိချင်ပါတယ်.....:)

Apprenticeship said...

မိုက်တယ်။ ဖြစ်သင့်တယ်။ ဆက်လုပ်။ အားပေးတယ်။ :P

Apprenticeship said...

ဟုတ်တယ် မြူမှုန်တွေဆိုတာ နေမင်းရဲ့အလင်းရောင်အောက်မှာ တခဏတာ အသက်ရှင်ခွင့်ရလိုက်တဲ့သူတွေပေါ့ :P

လင်းထက် said...

ဟင် အဲဒီလောက်တောင် စိတ်နာနေပြီလား
ဟိုလူကလဲ ညီမပြောသလို သဘောထားရင်တော့ ညီမ သဘောထားလဲ မှန်ပါတယ်ကွယ် ..။

ရွှန်းမီ said...

မြူမှုန်လေး မျက်လုံးထဲ ၀င်သွားတယ် . . .
. . .
..
.

Anonymous said...

ကဗျာလေးကတော့ အပျံစားပဲ အမေရေ့ ခံစားချက်တွေပေါက်ကွဲနေပြီ...:P
အမေလို ကဗျာတွေကို
ရေးတတ်ချင်ပေမယ့်
မဖွဲ့နွဲ့မရေးတတ်ပါဘူးအမေရယ် ရင်ထဲမှာတော့ ပေါက်ကွဲချက်တွေ များကြီးပဲ ဟဲဟဲ
ဒါပေမယ့်
သမီးအတွက်တော့ ဘယ်လောက်ပဲ ပေါက်ကွဲပါစေ
ဘဝမှာ သူသာ အရေးပါဆုံးဖြစ်နေပြီး .
မြူမှုန်လေး ဖြစ်မသွားတာခက်တာပဲ .ဟိဟိ

Anonymous said...

လန်းလှချည်လား။ မိုက်တယ် ကဗျာလေး။

Related Posts Plugin for WordPress, Blogger...