Monday, January 26

အစွမ်းဝေတဲ့ ပန်းခရေ

အစွမ်းဝေတဲ့ ပန်းခရေ


StarFlowers

ခရေပန်းသည် ထူးခြားသော ဂမ္ဘီရပန်းဖြစ်ပါသည်။ မြန်မာ့ရိုးရာဗေဒင်ပညာတွင် “ခရေ” သည် တနင်္လာနှင့် ရာဟုနံများ ပေါင်းစပ်ထားသော ပန်းဖြစ်သည်။ သောမဂြိုဟ် (၄)ခု မှ နောက်ဆုံးဖြစ်သော ရာဟုတို့ ပေါင်းစပ် ထားသော ပန်းဖြစ်သည်။ အလွန်ထူးခြားသော ပေါင်းစပ်မှု ဖြစပေသည်။ တနင်္လာဂြိုဟ်သက် (၁၅)နှစ် ရှိသည်။ ရာဟုဂြိုဟ်သက် (၁၂)နှစ်ရှိသည်။ ထို့ကြောင့် ခရေပန်းကို ဗေဒင်ပညာအရ လေ့လာသော် (ခ) တနင်္လာနံ (သောမ) ဂြိုဟ်သက် ၁၅ နှစ် (ရေ) ရ ရာဟု (ပါပ) ဂြိုဟ်သက် ၁၂ နှစ် ခရေကို ဂြိုလ်သက် ၂ ခုပေါင်းစပ်ပါက (၁၅+၁၂=၂၇) ရသည်။ (၂၇=၂+၇=၉) ရသည်ကို မြန်မာဗေဒင်လောကတွင် သတ္တဗီသကြေသည်ဟု ဆိုသည်။ သတ္တဗီသကြေက စိတ်ဖြစ်စေပြီး ပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်ကင်းခြင်းကြုံမည်။ စီးပွါးပွင့်၊ ဥာဏ်ပွင့်၊ ကံပွင့်၊ လာဘ်ပွင့် ဖြစ်ပေါ်စေမည်။

ခရေပန်းသည် သတ္တဗီသကြေသည့် ပန်းဖြစ်သည်။ လူသားတို့အား အလွန်အကျိုးပြုပြီး ကောင်းခြင်း မင်္ဂလာ အဖြာဖြာကို ဖြစ်ထွန်းစေသည်။ ထူးခြားသော ခရေရနံ့သည် အခြားသော ပန်းရနံ့နှင့်မတူ ခြားနားသော သဘောရှိပါသည်။ ရှေးအခါက ကာလသားမျာသည်။ လရောင်အောက်မှ ကောက်ယူရရှိသော ခရေဖူး (၂၇)ဖူးကို သီကုံး၍ မိမိနှစ်သက်ပိုးပန်းသော ကာလသမီးကို လက်ဆောင်ပေးပါက သူမမှမေတ္တာတုံ့ပြန်မည်ဟု ယူဆသည်။

ခရေ (၂၇)ပွင့်စီ သီကုံးထားသော ပန်းကုံးသုံးကုံးကို “ဆိုင်ရှေ့တွင်ဖြစ်စေ၊ ချိန်ခွင်တွင်ဖြစ်စေ ချိတ်ဆွဲထားပါက ရောင်းပန်းဝယ်ပန်း အလွန်ပွင့်မည်” အရောင်းအဝယ် လုပ်၍အဆင်ပြေရောင်းကောင်းမည်။ ခရေပန်းသာမက ခရေရွက်သည်လည်း ထူးခြားသောဓါတ်ရှိသည်။ ကြေးခွက် တစ်ခုအတွင်း ကောက်ရိုးခင်း၍ ကောက်ရိုးပေါ်တွင် ခရေရွက် (၂၇) ရွက်ကို ခင်းပါ။ ၄င်းနောက် ခေါင်းလောင်းငယ်တစ်ခုကို ခရေရွက်ပေါ်တွင် တင်ထားပါ။ အရောင်းအဝယ် ပြုသောဆိုင်များတွင် အထက်ပါအတိုင်းထား၍ မကြာခဏ ခေါင်းလောင်းကို လှုပ်ခါပေးပါ။ ငွေရကိန်း ငွေဝင်ကိန်း အထူးကောင်းသော အနေအထား ကြုံမည်။

ကလပ်ပေါ်တွင် ခရေညွန့်တင်၍ ဘုရားစင်ရှေ့တွင် ကပ်လှူထားခြင်းဖြင့်လည်း ထူးထူးခြားခြား လာဘ်ပွင့်စေသည်။ စာကြည့်သောအခါတွင် ခရေသားနှင့်ပြုလုပ်ထားသော ပုတီးကိုဆောင်၍စာကြည့်ကလည်းကောင်း၊ ခရေပန်းကို မိမိစာကြည့်သောနေရာ ဝန်းကျင်၌ ထား၍ ကြည့်ပါက လည်းကောင်း စာရလွယ်ခြင်း ရသောစာများ မမေ့မလျော့ဘဲ ရှိမည်။

အဆင်မပြေကြသော ချစ်သူများအတွက် ခရေသည် ထူးခြားသော ဓါတ်ပန်းဖြစ်သည်။ ခရေပန်းခြောက် ၉ ပွင့်ကို ချစ်သူ၏ဓါတ်ပုံပေါ်တွင် တင်၍ထားပါ။ ၄င်းနောက် ခရေပန်းခြောက် ၉ ပွင့်ကို စီးဆင်းနေသော ရေတွင်မျောပါ။ သိသာထင်ရှားစွာ အချစ်ရေးကိစ္စ အဆင်ပြေပါမည်။

ခရေပန်းခြောက်ကို သနပ်ခါးနှင့် ရော၍လိမ်းပါက အလွန်မျက်နှာပွင့်မည် ဖြစ်သည်။ ပီယဓါတ်ကောင်းမည်။ ပြည်ပခရီးသွားရန် ကြံစည် ထားပြီးနောက် အခက်အခဲ ကြုံတွေ့နေသောသူများအတွက် ခရေ ၃ ညွန့်နှင့် သပြေ ၃ ညွန့်တွဲ၍ ဘုရားကပ်လှူပါ။ ၄င်းနောက် ခရေ ၁ ညွန့်ကကို ပြန်စွန့်၍ ၄င်းခရေညွန့်မှ ခရေရွက် ၉ ရွက်ကို ယူ၍ဆောင်ကာ ခရီးကိစ္စကြံစည်ပါက လိုရာပြည့်စုံ အဆင်ပြေမည်။

ဖိုးဝ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ဘာရယ်မဟုတ်ပဲ ဖတ်လိုက်ရတဲ့ ပို့စ်တစ်ခုလေးကို မျှဝေလိုက်ခြင်းပါ..။ ပန်းခရေ အကြောင်းလေး ရေးထားတော့ စိတ်ဝင်စားမိတာနဲ့ ဗဟုသုတရစေဖို့ ပြန်လည်မျှဝေခံစားလိုက်ခြင်းပါ...။


Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

8 comments:

Anonymous said...

ကိုယ့်ကိုကိုယ်ဖော်တာပေါ့လေ ဟုတ်ပါပြီဗျာ
မှတ်သားသွားပါတယ်။

Apprenticeship said...

ဟိ မျှဝေတဲ့ အတွက်ကျေးဇူး။
ဒါနဲ့ ခရေကိုးပွင့်ကို လက်ဆောင်အဖြစ် ပို့ပေးလို့ ရမလား? :D :P
ပန်းခရေဟောထားတဲ့ ဗေဒင်မှန်မမှန် စမ်းချင်လို့ :D :p

Apprenticeship said...

ခြောက်သွားလေပိုမွေးလေနော်.. တခြားပန်းတွေနဲ့ မတူဘူး။ သူတို့မေ့နေတဲ့ ပန်းခရေရဲ့ အဓိက အစွမ်းပေါ့။ ဆက်လက်မွေးနေပါစေ ပန်းခရေ။ :D :) :P

လင်းထက် said...

ဟယ် ခရေပန်း က အတော် အသုံးဝင်တာပဲ လူခရေကော? ဟိ ဟိ ဒီမှာ ခရေ ချိဘူး ဟ ယတြချေလို့ ရဘူး ဒီက လူတွေလဲ အဲလို ယတြာ မချေလဲ ရောင်းကောင်း နေကျ တာပဲ ဟ..။
ဒါနဲ့ ပေခရမ်း မွေးနေ့ ကဘယ်နေ့လဲ ဟ မေးလ် ထဲမှာ ရေးပေးထားအုံးနော်..။

Anonymous said...

အစွမ်းတော့တကယ်ဝေလားတော့မသိဘူးနော်...... နာမည်လေးနဲ့ရေးထားတာနဲ့ကတော့ တော်တော်လေးကောင်းတယ်တီတီလေးရေ.... တီတီလေး ရေးသလိုပဲ အစွမ်းဝေတဲ့ ပန်းခရေ ဖြစ်ပါစေနော်..............

ရွှန်းမီ said...

:-) ခရေပန်းက မီးမီးကြိုက်ကြိုက်..

Anonymous said...

ခရေပန်းက ပီယဆေးကောင်းတယ်တဲ့။
ဟိ အမေကို ကျိတ်ဆုံထဲ ထည့်ကျိတ်ပီး တကိုယ်လုံး လိမ်းပစ်မယ် လာ ခုချက်ချင်းလိုက်ခဲ့ :P

ဖြိုးငယ် said...

ငါ့သယ်ရင်းက လက်စသတ်တော့ ခရေပန်း ယတြာ လုပ်ရောင်းနေတာကို .. :P

Related Posts Plugin for WordPress, Blogger...