Friday, January 23

HAPPY BIRTHDAY !!!!!!!!!!!!

ဒီနေ့မနက်အစောကြီးမှာ ပေခရမ်းရဲ့ ချစ်လှစွာသော မိအိမ်လေးတစ်ယောက်ရဲ့ ၂၄နှစ်မြောက် မွေးနေ့ဆိုတဲ့ အသိနဲ့မျက်လုံးနှစ်လုံးကို စဖွင့်မိတယ်...။ မျက်လုံးနှစ်လုံး အပွင့်မှာပဲ သူနဲ့တူတူနေခဲ့ရတဲ့ အချိန်လေးတွေကို ပြန်သတိရမိတယ်..။ အနော်တို့ဘယ်လောက်ထိ တစ်ယောက်ကိုတစ်ယောက်ချစ်မိကြလဲဆိုရင်... ၂၀၀၄ ၃လပိုင်း ကတည်းက စတွေ့ပြီး တူတူခင်လာခဲ့တဲ့သူငယ်ချင်းတွေ ခုဆို ၄နှစ်ကျော်လာပြီး...ခုချိန်ထိ သူနဲ့ကျနော်က မခွဲရသေးပါဘူး..။ သူနဲ့အနော်ရဲ့ ရေစက်က ဘယ်လောက်ထိများပါလဲဆိုရင်...အလုပ်မှာ တူတူလုပ်ရတယ်....တိုက်ခန်းရတော့လည်း တူတူရတယ်...။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကနားလည် ပေးရင်း ရင်ဖွင့်တိုင်ပင်ရင်း အနော်တို့ရဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တယ်....။ သူနဲ့အနော်ဟာ ဘယ်လောက်ပဲစိတ်ဆိုးစရာတွေ့တွေ့ ကြာကြာစိတ်မဆိုးနိုင်ခဲ့ဘူး..။ ဘယ်လောက်ပဲ ဝေးကွာနေနေလည်း ချစ်နေကြဆဲပဲ.....။ သူ့အပေါ်ဘယ်လောက်ထိ အနော်သံယောဇဉ်ကြီးတယ်ဆိုတာ ကိုယ့်ကိုကိုယ်တောင် မသိခဲ့မိဘူး....။ သူ့အပေါ်အနိုင်ကျင့်တဲ့သူတွေအတွက် ကိုယ်က ကြားဝင်ရန်ဖြစ်ပေးဖူးတဲ့အထိ...သံယောစဉ် ထားခဲ့မိတယ်....။ ဒီနေ့မိုးလင်းအစောကတည်းက ဘတ်ဒေး ဆုတောင်း ပေးမလို့ မပေးနိုင်သေးဘူး...။ သူဟိုဘက်ရုံးရောက်နေလို့ ဒီဘက်က နေ လှမ်းလုပ်မယ်ဆိုပြီး ဖုန်းဆက်ပြန်တော့ ဖုန်းကမအားဘူး ...။ ဖုန်းအားပြန်တော့ အစုတ်ပလုတ်မလေးက ချက်ချင်းမကိုင်ပဲ လူကြုံနဲ့တစ်ဆင့်မေးနေသေးတယ်...။ ဟတ်ပီဘတ်ဒေးလုပ်ဖို့အရေး ကြာလိုက်တာ ...လာကိုင်တော့ပြောသွားတာ...သူ့အရေးကြီးပါစန်က ပြောနေလို့တဲ့ ...ဟင့် ၀မ်းနည်းလိုက်တာနော်....။ ရင်ထဲမှာ ၀မ်းနည်းသွားတယ်..။ ပထမတော့ အများကြီးရေးမလို့ပဲ ... အစုတ်ပလုတ်မလေးကို စိတ်တိုလို့ ဒီလောက်ပဲရေးတော့မယ်...။ လက်ဆောင်လည်း ကောင်းကောင်းပေးတော့ဝူးးးးးးးးး...။ ချိတ်ချိုးသွားပီ...။း(



ဒါလေးက အစုတ်ပလုတ်မလေး အပြင်သွားရင် စီးဖို့ (နာလည်း တတ်နိုင်သေလောက်လေး ပေးရတာ ) နောက်မှ အသစ်ထပ်ဝယ်ပေးမယ်.. ခုတော့ဒါပဲစီးထား....း)

ဒါလေးကတော့ အစုတ်ပလုတ်မလေး အရေးကြီးပါစန်နဲ့ စကားပြောတဲ့အခါမှာ သုံးဖို့ ...နာက hp ပဲကြိုက်တော့ ညည်းကိုလည်း ဒါပဲပေးမယ်...(အလကားရတိုင်းပေးနေတာ..ဟိဟိ)

ဒါလေးက ညည်း အရေးကြီးပါစန်ဖုန်းလာရင် ဆက်ဖို့... ဟဲ့ ငါခေါ်တဲ့အချိန်ဖုန်းအားပါစေနော်။ဟိဟိ
အလကားရတိုင်း ထိုင်ပေးနေလိုက်တာ မောတောင်မောသွားပြီ...ဟီးး..။ တော်ပြီး ပေးတော့ဝူးး ချိတ်ချိုးလို့ ဒီလောက်ပဲ ပေးတော့မယ်...။
အစုတ်ပလုတ်မလေး....ဒီနေ့ 23.1.2009 မှာ ကျရောက်တဲ့ ၂၄နှစ်ပြည့်မွေးနေ့ကစပြီး.... ပျော်ရွှင်မှုအစစ်အမှန်ဖြင့် ဘ၀ကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ ၆ရက်ပဲကြီးတဲ့ သူငယ်ချင်းလေး ပျော်ရွှင်ပါစေ.........။

Print this post (စာထုတ်ယူရန်)

Creative Commons License

12 comments:

ein said...

ငါ့ချစ်ဆုံးသယ်ရင်းလေး စိန်ကြီး ငါ့ရင်ထဲမှာလည်း မင်းပေါ်ထားရှိတဲ့ သံယောဇဉ်က ခုချိန်ထိ ခိုင်မြဲနေဆဲပါကွာ...ငါတို့နှစ်ယောက်ရဲ့ ချစ်ခင်မှုကလည်း ညီမရင်းတွေလိုပါပဲကွာ...မင်းဆုတောင်းပေးတဲ့အတိုင်း ဒီနေ့ချိန်က စပြီး ငါ့ဘ၀ကို ပျော်ရွှင်မှုအစစ်မှန်နဲ့ ဖြတ်သန်းနေပါပြီ...ဟေ့ရောင် မင်းကိုငါ ချစ်ဆဲပါကွာ...

Unknown said...

ကဗျာအရေးကောင်းတဲ့ သူငယ်ချင်းအိမ်လေးရေ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ ၊ အခက်အခဲအနဲဆုံးနဲ့ အအောင်မြင်ဆုံး ဘ၀ကို ဖြတ်သန်းနိုင်ပါစေ ၊ ဘဲချောချောလေးနဲ့လဲ အမြန်ဆုံး အမြန်ဆုံးဘာညာ နိုင်ပါစေ :P

Anonymous said...

ချစ်သယ်ရင်း အိမ်လေးရေ ဟက်ပီးဘတ်ဒေးနော် .. ပျော်ရွှင်မှုအပေါင်းနဲ့ ထာဝရ ပိုင်ဆိုင် နိုင်ပြီး သယ်ရင်းချစ်သောသူနဲ့ ဘဝထက်ဆုံး ပေါင်းဆုံနိုင်ပြီး မွေးနေ့လေးတွေကို ချစ်သူနဲ့ ပျော်ရွှင်နိုင်ပါစေ ( မပြောပဲလဲ သိနေလို့ အိမ်လေးစုတ် ဟက်ဟက်)

Unknown said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေသူငယ်ချင်း အိမ်ရေ :)

Anonymous said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ အိမ်လေးရေ.... နောင်နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုများ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျာ..

Anonymous said...

ဟတ်ပီးဘတ်ဒေးပါဗျို့ အနော်မွေးနေ့ကျလဲ အဲလိုမျိုးလေး လိုချင်တယ်ဗျို့

Unknown said...

ဝမ်းမြောက်ဂုဏ်ယူကြောင်းပါခမျာ......
မမပန်းခရေစိတ်နှလုံးချမ်းမြေ့ပါစေ
ကိုယ်စိတ်နှစ်ဖြာအေးချမ်းပါစေ
ကိုယ်ချစ်တဲ့သူနဲ့လက်တွဲပြီး
ဘ၀ခရီးကိုပျော်ပျော်ပါးပါးဆင်နွဲနိုင်ပါစေ
နောင်နှစ်ပေါင်းတစ်ရာတိုင်ပျော်ရွှင်မှုတွေနဲ့
ပြည့်စုံပါစေ............. :)

khin oo may said...

happy birthday

လင်းထက် said...

ဟုတ်တယ် ဟုတ်တယ် ပေခရမ်း ရေ အဲဒီမိအိမ်လေး ကို ခေါ်နဲ့ လက်ဆောင်တွေ အကိုကြီးကို ပို့ပေးလိုက်နော် ဟီးးး

ညီမငယ် အိမ်လေး ရဲ့ ယနေ့မှ ကျရောက်သော ၂၄ နှစ် မြောက်မွေးနေ့မှာ သည် နောက်နှစ်ပေါင်းများစွာ တိုင်သည် အထိ ပျော်ရွှင် ချမ်းမြေ့ ပြီး ပန်းခင်းလမ်း အတိပြီးသော ဘဝလမ်းခရီး ကိုလျှောက်လှမ်းနိုင်ပါစေ..။

ထပ်တိုးဆုတောင်း..။ အဲဒီအင်ပေါ့တန့် ပါစင် ကြီးဘေးမှာ အမြဲ ခေါ်ထားနိုင်ပါစေ ဒါမှ ကျန်တဲ့သူတွေ နဲ့ စကားပြောချိန်ရမှာ :P

၀ဿန်ဦး said...

ပျော်ရွှင်ကြည်နှုးဖွယ် မွေးနေ့လေးများ နှစ်စဉ်ပိုင်ဆိုင်နိုင်ပါစေ...

Anonymous said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးပါနော် မသိလိုက်ဘူး လာတာနောက်ကျသွားတယ်တီတီလေးရေ။ အနော့်မွေးနေ့ကျလည်းရေးပေးနော်တီတီလေး။

ရွှန်းမီ said...

ဟေး.. အိမ်လေး.. ဟက်ပီးဘတ်ဒေး..
ကားရယ် ကွန်ပြူတာရယ် ဖုံးရယ် .. အင်း ခရေတို့များ ရက်ရောလိုက်တာ . . . လိုချင်လာပြီနော် . .
း-)
မအိမ်လေး ပျော်ရွှင်ပါစေ..

Related Posts Plugin for WordPress, Blogger...