အားနာနာနဲ့ပဲ ခုထပ်လုပ်တဲ့မွေးနေ့ပွဲလေးကို တက်ရောက်ချီးမြှင့်ပေးပါလို့ ပြောချင်ပါတယ်ရှင်...။မနေ့ ညနေက သူငယ်ချင်းတွေနဲ့ ကဲလိုက်တာ အရမ်းကိုပျော်စရာကောင်းခဲ့တယ်..။ ဘလော့ကသူငယ်ချင်းတွေကို ဘာမှမကျွေးပဲထားသလို ဖြစ်သွားတာလည်း စိတ်မကောင်းလိုက်တား) ကဲသုံးဆောင်လိုက်ကြရအောင်လားရှင်...း)

ဒီကိတ်လေးနဲ့ ၀ိုင်လေးကိုတော့ တစ်ယောက်ကို တစ်ခုနှုန်းကျစီပါရှင်....(ကပ်စေးနှဲတယ်မထင်ပါနဲ့ရှင်..ဟိ)

ဒီကိတ်လေးကတော့ ကြိုက်တဲ့သူ ကြိုက်သလောက်စားနိုင်ပါတယ်ရှင်....




ခုလို ကျွေးမွေးဧည့်ခံပွဲလေးပြီးတော့... ကျေးဇူးတင်စကားလေးပြောပါရစေ...

Happy Birthday to Pan Hka Yay
As I promise here is a birthday present for you.
I come to know you about a year ago while
I started my Apprenticeship.
Back then, you were so sympathetic and encouraging.
You still are.
I wanna say “Thank you” for that.
Let’s keep our friendship alive in the future too.
I just want you to know that you are precious and lovely.
You have the heart of honesty and love
So, I wanna bestow your birthday with a special prayer
May you have a joyful life with a healthy mind and spirit.
May you have a peaceful beautiful journey with your love one.
May you shine your mother’s glory with your outstanding life.
Above all, may your birthday prayers come true.
A gain Have a Happppppy Birthday.. Pan Hka Yay.
With much love and earnest friendship:
===========================================
*ရနံ့သင်းစေ ပန်းခရေ*
ပန်း…
ဘာပန်းလဲ…?
လှပခန့်ငြား
မွှေးပျံ့တဲ့ပန်း
မကြိုက်တဲ့သူ ရှိပါ့မလား…
ကြိုက်ရင်…
ကိုယ်တိုင်ကလည်း
မွှေးပျံ့နေဖို့ လိုတာပေါ့…။
ခ…
ဘာခတာလဲ…?
သင့်အပေါ်အေးမြမှုကင်းတဲ့
ဘေးခခြင်းကို
အသင်ကြိုက်ပါ့မလား…
မကြိုက်ရင်…
သူတစ်ပါးအပေါ်လည်း
ဘေးမခစေနဲ့ပေါ့…။
ရေ…
ဘယ်လိုရေလဲ…?
ပင်လယ်ဆားငန်ရေ
ဘယ်သူတွေသောက်သုံးလဲ
သင်ကောသောက်ချင်လား…
မသောက်ချင်ရင်…
သင်ကိုယ်တိုင်လည်း
ရေချိုဖြစ်နေရမယ်လေ…။
>>> ဘ၀ဟာ ပွင့်လွှာတစ်လွှာဆိုရင် ဘ၀ပွင့်လွှာကို ရနံ့ကိုဖြာအောင်၊ ဘ၀ဟာ ပွင့်ချပ်တစ်ချပ်ဆိုရင် ဘ၀ပွင့်ချပ်ကို ရနံ့ ထွက်အောင်၊ ဘ၀ဟာ ၀တ်မှုန်တစ်မှုန်ဆိုရင် အဲဒီ ဘ၀၀တ်မှုန်ကို ရနံ့သင်းထုံအောင် လုပ်ဆောင်ကျင့်ကြံ နေထိုင်နိုင်ပါစေ ပန်းခရေ…။
လေးစားခင်မင်လျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား
မွေးနေ့ကဗျာလေးရေးပေးတဲ့ Apprenticeship နှင့် ဖိုးသား တို့အားလည်းကောင်း ၊
မွေးနေ့ဆုတောင်းများကို သူ့ထက်ငါ ဆုတောင်းပေးကြတဲ့ ပထမဆုံးဖြစ်အောင် လာဆုတောင်းပဲ သူငယ်ချင်းမောင်မျိုး ၊သားလေး မင်းကျန်စစ် ၊ မအားကြတဲ့ကြားက လာရောက်ဆုတောင်းပေးတဲ့ အစ်ကိုကြီးမိုး ၊ ဘလက် ၊ မမခင်ဦးမေ၊ မမမေမိုး ၊ ကောင်းကင်ပြာ ၊ မဖိတ်မိပေမယ့် အရောက်လာပေးတဲ့ အိမ် ၊ ကိုကြီးဖိုးဖောင် ၊ သယ်ရင်း လင်းဦး ၊ သယ်ရင်း အိမ်လေး ၊ ဖြိုးငယ်၊ မောင်လေး မျှော်လင့်ခြင်း ၊ ကိုတိုးလေး ၊ ဒေါင်းမင်း ၊ အရုပ်ကလေး ၊ မင်းအနော်ရထာ ၊ လွမ်းလုင် နှင့် အခြားဆုတောင်းပေးသော သူငယ်ချင်းများ အစ်ကိုအစ်မများ အားလုံးကို အရမ်းကိုကျေးဇူးတင်ပါတယ်...။ ခုလို မွေးနေ့မှာ ပျော်ရွှင်အောင်လုပ်ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်...။ ဒီထဲမှာ မပါပေမယ့် အသီးသီး ဆုတောင်းပေးတဲ့ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်....။ အဝေးကနေ အရုပ်တွေပို့ပေးတဲ့ အစ်ကိုများနှင့်...ရှားရှားပါးပါး ဆင်ရုပ်လေး ရှာပေးတဲ့ ကျမ၏ သူ နှင့် မွေးနေ့လက်ဆောင်များပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်...။




by is licensed under a Creative Commons Attribution 3.0 United States License.
27 comments:
တူမလေးရေ... အဟဲ အခုမှ ကျွေးတာကိုး... အကုန်ဝါးမယ်..... :)
ပျော်ရွှင်မှုတွေသာ ပိုင်ဆိုင်နိုင်ပါစေ...
ပျော်ပျော်ရွှင်ရွှင်နဲ့ အနာဂတ်တွေလဲ လှပပါစေလို့ ထပ်ဆုတောင်းသွားပါတယ် ပန်းခရေ...
အခုကျွေးတာလား မွေးနေ့လက်ဆောင်တော့ဘာမှာမပေးဘူးနော် ကျွေးတာတော့အကုန်စားသွားတယ်သိလားတီတီလေးရေ....... ပျော်ရွှင်မှုများစွာပိုင်ဆိုင်နိုင်ပါစေနော်။
ညီမလေးပန်းခရေရဲ့ ၂၄နှစ်ပြည့်မွေးနေ့မှသည် နှစ်တစ်ရာတိုင်သည်ထိ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံစေပြီး လိုအင်ဆန္ဒများလည်း ပြည့်စုံပါစေ မုန့်လဲစားသွားတယ်နော် ဦးစိတ်ပုတ်ကြီးကအရင်လာစားသွားပါလား ဟွန်း သူကအရင်ဝါးသွားတာကိုး
ကျွေးသမျှ အကုန်နှိုက်စားသွားတယ်... ဟေး...ဟေး.... ဗိုက်ချောင်သွားရင် နောက်တစ်ပတ်ပြန်လာမယ်ဟေ့...
မွေးနေ့ရှင်ညီမကြီး ကျန်းမာချမ်းသာပါစေကွယ်... :D
လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ လို့
ဆန္ဒပြုလိုက်ပါတယ် .. ..
ညီမငယ်
တန်ဖိုးရှိတဲ့ လူတစ်ယောက် အဖြစ်နဲ့
ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေ ...
အောင်မြင်မှုတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ...
မွေးနေ့ပါတီက ကျေနပ်စရာကောင်းတာကွာ
ရှားရှားပါးပါး ဆင်ရုပ်လေးကို ပို့ပေးတာကွာ ..ဂုဏ်ယူတယ်ဟေ့ရောင်...
အမေကပ်စီး ကျမ၏သူ ဆိုတာ ဘူလဲ ကျော ကျော။
ဒီနေ့မှ ပြန်ကျွေးလဲ ဖြစ်နိုင်ရင် မနေ့ဟာပဲ ပြန်သောက်ချင်တယ် ပြန်တိုက် ဒါပဲ :P
နောက်ကျလို့ ကုန်ပြီလား အမေရေ အခုစားတာတွေနဲ့ မဝရင် မနေ့က ကျွေးတာထပ်ကျွေးရမှာနော် ဟိဟိ... အသက်တစ်နှစ်ကြီးလည်း သမီးချစ်တဲ့ အမေက လှပနေဆဲပေါ့နော
သမီးကို များများကျွေးနော် ဟဲဟဲ :P:P:D
ရောက်လာပါတယ် အမရေ
နောက်ကျသွားလို့ တွေ့ပုချိနော်
ပျော်ရွှင်ချမ်းမြေ့ပါစေ
nout kya twar tal byar ,cake tg cone twar pi lar ma ti bu, pyaw shwin sa yar kg tat ba wa ta khu paing saing naing par say byar :D
အိပ်ယာထနောက်ကျတာ..နဲနဲပဲကျန်တော့တယ်
ရှိတာအကုန်စားသွားပြီ..ဟီးမျက်နှာတော့သစ်ရသေးဝူး
.........................
ပန်းခရေ..တစ်ယောက်..မွေးနေ့မှသည်..နောက်နှစ်ပေါင်းများစွာတိုင်.အောင်မြင်မှုများ..ပျော်ရွှင်
ချမ်းမြေ့မှုများ.နှင့်ပြည့်စုံပါစေလို့ဆုတောင်းပါတယ်
ခင်ဗျာ.........
ငါ့ လက်ဆောင်တွေနဲ့ အပြင်ထွက် ရင် သတိထား သူငယ်ချင်းရေ ... ပျော်ရွင်စွာနဲ့လိုရာပန်းတိုင်ကို အခက်အခဲမရှိ ဆက်လက် ချီတက်နိုင်ပါစေကွာ...
အမတော်ရေ
လာမယ့်မွေးနေ့တိုင်း ဖယောင်တိုင်မီးထွန်းညှီပြီးတော့
ညချိန်ခါ ကြင်စင်လင်းခနေသော လမင်းပမာ
ပျော်ရွှင်စရာ အချိန်တွေကို ပိုင်ဆိုင်ပါစေလို့
ဆုတောင်းပေပါတယ်။
ဖြစ်ချင်တဲ့ ဆန္ဒ
ဖြစ်နေတဲ့ ဘဝ
ဘဝနဲ့ဆန္ဒ
အချိုးကြလှပပြီး
ပကာသနတွေဘေးချိတ်
မာယာအလှတွေမပါတဲ့
အရိုးရှင်းဆုံးသော
ဘဝလေးကို
ပိုင်ဆိုင်ပါစေလို့
ဆုတောင်းပေးပါတယ်ကွယ်။
ခင်မင်စွာဖြင့်
ဖြိုးဝေတိုး(MoetAin)
link မပေးထားလို့ အေးအေးတိုက်ပါဆို တိုက်ဘူး ငိုလိုက်မှာ ဗြဲ....ဗြဲ...
ဝါးတီးဆိုရင်တော့ ဆွဲသည်ပဲ ၊ ပျော်ရွှင်ပါစေဗျာ :)
မွေးနေ့ကို လာအားပေးသွားတယ်...
ဘီယာ မရှိတော့လည်း ၀ိုင်တွေပဲ သောက်ရတာပေါ့လေ...
Happy Birthday & Many Happy Returns!!!!!!
အ၀တွယ်သွယားပြီဗျ.... ဘီယာက ဗိုက်ပူမှာစိုးလို့ဆိုတော့လည်း ၀ိုင်ပဲ သောက်ရတော့မှာပေါ့ဗျ...ဟာဟ..
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်တိုင်... တိုင်တိုင်...
တော်သေးတာပေါ့ .. အခုမှပဲ ၀ါးတီးမိတော့တယ် ...
အင်း ကားဖိုးကျေအောင် ကောင်မလေး ကိုပေးဖို့ လက်စွပ်တွေ ပြန်ယူသွားတယ် ဟဲ ဟဲ..။
ကျန်သေးလားဗျို့ .... မွေးနေ့ပွဲကိုနောက်ကျမှရောက်လာလို့ .. ဆုတောင်းပေးသွားတယ်နော် ... အမြဲတမ်းပျော်ရွှင်စွာ ဘလော့ရေးနိုင်ပါစေ....
ပါတီ လာတာနောက်ကျသွားတယ် ညီမလေးရေ
ကျန်တာလေးတွေစားသွားတယ်နော်၊Happy Birthday
ဘယ်သူဘာပြောပြော တွေ့တာ အကုန်စားသွားတယ်ဗျာ ပိုးစိုးပက်စက်ကို စား
သွားတာ။ပါးဖြဲနားဖြဲကိုစားတာ။ လက်ဆောင်တော့ မပါဘူး အငှီးငှီး
နောက်ကျသွားတယ် ဂွက်ထော်ရယ်...
စားစရာတော့ မရှိတော့ဘူးပေါ့နော်။
ဘယ်လိုပဲဖြစ်ဖြစ် ဆုတောင်းပေးပါတယ်နော်။
မွေ့နေ့မှသည် နောင်နှစ်များစွာတိုင်အောင်...
ငြိမ်းချမ်းပျော်ရွှင်တဲ့ဘ၀ကို ဖြတ်သန်းနိုင်ပါစေ...။
၂၄ နှစ်မှသည်...
နှစ်ရာချီတိုင်
ခိုင်မြဲတည်တံ့
ရနံ့သစ်စေ
ပန်းခရေ...။
မွေးနေ့မှ သက်ဆု့းတိုင်ပျော်ရွင်ချမ်းမြေ့ပါစေ.
Happy Valentines day,too.
ပျော်ရွှင်ပါစေ ချစ်သယ်ရင်းရေ။
အခုမှ သိတာ ပေခရမ်းရေ.. ဆောတီးနော် ဆောတီး ဆောတီး။
သယ်ရင်းကြီး... `ရောက်တဲ့အရပ်မှာ အစစအရာရာ အဆင်ပြေလို့ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ´။
Post a Comment