Sunday, January 4

ကျနော်နှင့် စိတ်ကူးယဉ်ခြင်းများ………

ကျနော်နှင့် စိတ်ကူးယဉ်ခြင်းများ………


ဒီခေါင်းစဉ်လေးကို ကိုကြီးအိမ်မက်နှင့် နီနီက တက်ခ်ထားပေမယ့် မအားလပ်တာ တစ်ကြောင်း… အရှုပ်တွေများနေတာကြောင့်တစ်ကြောင်း…အချိန်မီ မရေးပေးနိုင်ခဲ့ပါဘူး.။ နောက်ကျမှရေးပေးရပေမယ့် ခုချိန်ထိ စိတ်ကူးယဉ်ခြင်းတွေက မပြီးမြောက်သေးပါဘူး..။ လူတိုင်းလူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှိကြမှာပါ..။ လူဆိုတာ မျှော်လင့်ခြင်း နဲ့ ရှင်သန်နေကြတာပါ…။ မျှော်လင့်ခြင်းမှာလည်း စိတ်ကူးယဉ်ခြင်းတွေ ပါဝင်နေတယ်..။ ဒီတော့ စိတ်ကူးယဉ်ခြင်းဆိုတာ မျှော်လင့်ခြင်းတစ်ခုလို့လည်း ဆိုလို့ရမယ်ထင်ပါတယ်..။ ကျနော်လည်း လူတစ်ယောက်ပဲလေ…။ မျှော်လင့်ခြင်းစိတ်ကူးတွေနဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်ပါ…။ ကျနော့်စိတ်ကူးယဉ်ခြင်းက လက်ရှိရနေတဲ့ ဘ၀ကိုလည်း ကျေနပ်သလို လိုချင်တပ်မက်ခြင်းတွေလည်း ရှိပါသေးတယ်…။ လက်ရှိ ဘ၀မှာ မပိုင်ဆိုင်ရတဲ့ အရာတွေ အားလုံးဟာ စိတ်ကူးယဉ်ခြင်းဘက်ကို အလိုလိုရောက်သွားခဲ့တယ်….။


စိတ်ကူးယဉ်ခြင်းတွေသိပ်များတဲ့အခါ … ဖြစ်ချင်မှုတွေ ပိုများလာတယ်…။ ဖြစ်ချင်မှုတွေ များလာတော့ မျှော်လင့်ခြင်းတွေ ပိုလာတယ်…။ မျှော်လင့်သလိုဖြစ်မလာတော့ စိတ်ဓာတ်တွေလည်း ကျခဲ့ရတယ်..။ စိတ်ဆင်းရဲမှုတွေလည်း ဖြစ်ခဲ့ရတယ်…။ စိတ်ကူးနဲ့ လက်တွေ့တစ်ထပ်တည်းမကျတဲ့အခါမှာလည်း ဘ၀ဟာ နာကျင်ခဲ့ရတယ်…။ ဒါပေမယ့် လည်း ခုချိန်ထိ စိတ်ကူးယဉ်ဆဲပါပဲ…။ ဘယ်လောက်ထိ စိတ်ကူးယဉ်လည်းဆိုရင် ဖြစ်နိုင်တာ မဖြစ်နိုင်တာအားလုံးကိုလည်းစိတ်ကူးယဉ်တယ်…။ ဖြစ်လာတာမဖြစ်လာတာ အပထား စိတ်ကူးယဉ်ဖို့တာဝန်က ကို့တာဝန်တစ်ရပ်လိုကို ခံယူမိနေတယ်..။


ကမ္ဘာကျော် စာရေးဆရာမ တစ်ယောက်လည်း ဖြစ်ချင်တယ်..။ ကမ္ဘာကျော် အလှမယ်လည်း ဖြစ်ချင်တယ်..။ ကမ္ဘာကျော်.. စီးပွားရေးပညာရှင် တစ်ယောက်လည်းဖြစ်ချင်တယ်..။ ကမ္ဘာကျော် အရေးပါအရာရောက်သူ တစ်ယောက်လည်း ဖြစ်ချင်တယ်…။ ဖြစ်နိုင်ရင်…ကမ္ဘာကိုတောင် အုပ်ချုပ်စိုးမိုးချင်တယ်..။ နိုင်ငံကျော်လောက်ကိုတောင် စိတ်ကူးမယဉ်မိဘူး…။ အဲဒီလောက်ထိ ကျနော့် စိတ်ကူးယဉ် မှုတွေက ရူးသွပ်တာပါ…။ ဒီလို စိတ်ကူးတွေယဉ်ပေမယ့် ဖြစ်လာတဲ့ လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်း မကျတဲ့အချိန်မှာတော့… စိတ်ကူးယဉ်မှုတွေက အနည်း ငယ် လက်တွေ့ဆန်လာတယ်…။ လက်တွေ့ဘ၀နဲ့ သိပ်မကွာဟတဲ့ စိတ်ကူးယဉ်မှုကို စိတ်ကူး ယဉ်လာတယ်…။ ကျနော့်စိတ်ကူးယဉ်ခြင်းတွေက


စီးပွားရေးနယ်ပယ်…………..

စီးပွားရေးနယ်ပယ်မှာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်ချင်မိတယ်…။ ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာတွေ .. ကွန်ပျူတာပိုင်း ဆိုင်ရာလိုအပ်ချက်တွေ… ပြည်သူတွေက အားကိုးယုံကြည်ရတဲ့ Computer Technology Group တစ်ခုကို ဦးဆောင်နိုင်တဲ့ မိန်းမဖြစ်ချင်တယ်…………။


လူမှုရေးနယ်ပယ်………

လူမှုရေးနယ်ပယ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ လူမှုရေးပိုင်းဆိုင်ရာမှာ အများနဲ့မတူ တစ်မူထူးခြားစွာ…လူတိုင်းရဲ့ ရင်ထဲက လေးနက်စွာ ခင်မင်နှစ်လိုခြင်း ကိုလည်း ရယူပိုင်ဆိုင်ချင်တယ်…။ ပန်းခရေဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ လူတိုင်းရင်ထဲမှာ စိတ်ချမ်းသာခြင်းနဲ့ ရင်းနှီးစွာ နွေးထွေးခုံမင်စွာ…လှိုက်လှဲပျူငှာစွာ….ပေါင်းသင်းဆက်ဆံ ခံရတဲ့ … သူဖြစ်ချင်တယ်..။ ပန်းခရေ ပတ်ဝန်းကျင်က လူသားတိုင်းရဲ့ စိတ်ဟာလည်း ကြည်လင်ရိုးသားတဲ့ ဖြူစင်သူတွေ…အလုပ်မှာလည်း မတွယ်ကပ်… မနာလိုစိတ်မထားတတ်တဲ့ … သူတစ်ပါးအပေါ် ချောက်မချတတ်တဲ့… သူတစ်ပါး အောင်မြင်ခြင်းကို နှစ်လို အားရစွာ ကျေနပ်သူတွေ… စိတ်ထားမြင့်မြတ်သူတွေ သာ ရှိတဲ့ လူတွေကိုလည်း ပိုင်ဆိုင်ချင်သေးတယ်…။ ဒါပေမယ့် လူတွေစိတ်ကိုက အမျိုးမျိုး ဖြစ်ရမယ်..စိတ်ထားမဖြောင့်သူ…မရိုးသားသူ.. ယုတ်မာ ရိုင်းဆိုင်းသူ… ကိုယ်ကျင့်တရား ပျက်ပြားသူ… တစ်ကိုယ်ကောင်းဆန်သူ … စတဲ့ စိတ်အမျိုးမျိုး ပိုင်ဆိုင်ထားကြတယ်..။ ဒီလိုစိတ်အမျိုးအမျိုးနဲ့ ရှင်သန်နေကြတဲ့သူအားလုံးဟာ..ပန်းခရေနဲ့ ပေါင်းသင်းဆက်ဆံချိန်မှာ ဖြူစင်ရိုးသားမှုတွေသာ ကြီးစိုးတဲ့ စိတ်ထားများအဖြစ် ပြောင်းလဲနိုင်တဲ့ လူမှုရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်ချင်တယ်………..။


ကျန်းမာရေး……..

ငယ်ငယ်ကတည်းက ချူချာတတ်ပြီး အကြမ်းမခံတဲ့ ပန်းခရေထက်… ကျန်းမာရေး ဒေါင်ဒေါင်မြည်စွာ… ရောဂါကင်းရှင်းပြီး… စိတ်ကြည်လင်လန်းဆန်းတဲ့ ပန်းခရေဖြစ်ချင်တယ်……..။ ကျန်းမာတဲ့လူတစ်ယောက်ဟာ ဘယ်အရာကိုမဆို စွမ်းဆောင် နိုင်တယ်ဆိုတဲ့….စကားအတိုင်း ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်..။


အချစ်ရေးနယ်ပယ်……….

အချစ်ရေးမှာ အောင်မြင်တဲ့ သူဖြစ်ချင်မိတယ်..။ ကိုယ်ကပေးသလောက် ကိုယ့်ကို ပြန်ပေးတဲ့ ကိုယ်ပေးထားတဲ့ မေတ္တာချစ်ခြင်းကို အလေးအနက်ထား ပျက်ရယ်မပြုတဲ့… တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးရင်း…နားလည်ခြင်းများမှာလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ညာစွာ နားလည်တတ်တဲ့…အချစ်ကြောင့်ရလာတဲ့ ပူဆွေးလောင်မြိုက်ခြင်းတွေ…ရင်နာခံစားရခြင်းတွေ… နာကျင်ဝမ်းနည်းမှုတွေ..ကင်းတဲ့ ချစ်ခြင်းနဲ့…. အေးမြတဲ့ မေတ္တာချစ်ခြင်းများသာ ပျော်ဝင်တဲ့ အချစ်စစ်စစ်ကို ရချင်မိတယ်..။ ပေးဆပ်ချစ်ခြင်း…ရယူချစ်ခြင်းကင်းတဲ့….ဆုံဆည်းရခြင်း ချစ်ခြင်းသာ ပိုင်ဆိုင်ချင်တယ်………။


ဘ၀……….

ပန်းခရေရဲ့ ဘ၀ဟာ..အေးချမ်းတည်ငြိမ်ပြီး….ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ဘ၀ကိုပိုင်ဆိုင်ချင်တယ်………။ မာန်မာနကင်း…ပူပင်လောင်မြိုက်ခြင်းကင်း… လိုချင်တပ်မက်ခြင်းကင်း……..လောဘ ဒေါသ နည်းခြင်း….၀န်တိုခြင်းကင်း…အသိစိတ်မြင့် မားခြင်းနဲ့ စိတ်ဓာတ်မြင့်မားတဲ့ ဘ၀ကို ပိုင်ဆိုင်ချင်တယ်..။

ဒါလေးကတော့ လူသားတစ်ယောက်ဖြစ်တဲ့ ပန်းခရေရဲ့ ….စိတ်ကူးယဉ်ခြင်းလေးပါ..။ ဒီစိတ်ကူးယဉ်မှုမှာလည်း မျှော်လင့်ခြင်းတွေ ….ဖြစ်ချင်မှုတွေ… ရောပြွမ်းနေပါတယ်….။ ဒီလိုစိတ်ကူးယဉ်ရင်းနဲ့ပဲ….ဘ၀ကို အေးချမ်းစွာ နဲ့ ပျော်ရွှင်မှု အစစ်အမှန်ဖြင့် ဖြတ်သန်းနိုင်ရပါစေ……..လို့ ဆုတောင်းရင်း…………….စိတ်ကူးယဉ်နေဆဲပါ………..။



Print this post (စာထုတ်ယူရန်)

Creative Commons License

12 comments:

Anonymous said...

ညီမရေ ...
အကို့ TAG ကလေးကို အခုလို အရေးတယူနဲ့ သေသေချာချာ ကောင်းမွန်ပြည့်စုံအောင် ရေးပေးထားလို့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား အထူးကိုပဲ ၀မ်းမြောက်ပီတိဖြစ် လေးစားမိပါတယ် ညီမရေ ...

နောက် စိတ်ကူးယဉ်ခြင်းရဲ့ အကြောင်းတရားလေးတွေနဲ့ ဘာကြောင့်စိတ်ကူးယဉ်ရတယ်ဆိုတဲ့ ဖြစ်စဉ်လေးတွေ ရှင်းပြပေးလို့ အထူးပဲ လေးစားမှတ်သားမိပါတယ် ...

မိမိရဲ့ စိတ်ကူးယဉ်မှုတွေကို တိကျပြတ်သားစွာ သိမြင်သူတစ်ယောက်အဖြစ် စိတ်ကူးနယ်ပယ်တစ်ခု ခြင်းဆီကို ခွဲခြမ်းစိတ်ဖြာပြီး သဘာဝကျသော စိတ်ကူးယဉ်မှု၊ သဘာဝမကျသော စိတ်ကူးယဉ်မှု၊ ဖြစ်နိုင်သော စိတ်ကူးယဉ်မှု၊ မဖြစ်နိုင်သောစိတ်ကူးယဉ်မှုတွေကို ဖော်ပြရေးသားနိုင်တဲ့ စွမ်းရည်ကို အထူးပဲ လေးစားမိပါတယ် ... ရင်သပ်အံသြဖွယ် ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးယဉ်တွေကို သိခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ အားကျမိပါတယ် ... ။

အခုလို ညီမငယ် ပန်းခရေရဲ့ ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးယဉ်လေးတွေ လက်တွေ့ဘ၀မှာ ဖြစ်တည်၊ အကောင်အထည်ပေါ် အောင်မြင်ပါစေလို့ အကိုကြီးက နှစ်သစ်ကာလ သမယမှာ ဆန္ဒမွန်ချွေ၊ တောင်းဆုတွေ ဝေခဲ့ပါတယ်ခင်ဗျား ...။

ညီမငယ်ပန်းခရေတစ်ယောက် နှစ်သစ်မှာ လိုအပ်သမျှအရာခပ်သိမ်းနဲ့ ပြည့်စုံပျော်ရွှင်ပါစေဗျာ ...။

ခင်မင်လေးစားစွာဖြင့်

အရုပ်ကလေး said...

ပို့စ်ရဲ့ အပိုဒ်အားလုံးဖတ်လို့ကောင်းသလို
စိတ်ကူးယဉ်ထားတဲ့ တစ်ချို့နေရာလေးတွေကို
ကြိုက်မိတယ်

အချစ်နဲ့ ပတ်သက်လို့..
ပေးဆပ်ချစ်ခြင်း…ရယူချစ်ခြင်းကင်းတဲ့….ဆုံဆည်းရခြင်း ချစ်ခြင်းသာ ပိုင်ဆိုင်ချင်တယ်………။
ဒီစာသားလေးကို ထည့်ရေးထားတာ နှစ်သက်မိပါတယ်

Unknown said...

ပန်းခရေ
တယ်တော်တဲ့စိတ်ကူးယဉ်တတ်သူထဲမှာ
မှတ်ကျောက်တင်လိုက်တယ်..........
နောက်လဲ တက်ကြတာပေါ့........
ဦးသူကအရင်တက်ကြေးနော်.........။
ပန်းခရေအိပ်မက်တွေပြည့်စုံပါစေလို့ဆုတောင်းပေးမယ်

Anonymous said...

စိတ်ကူးလေးကတော့ တော်တော်လေးကောင်းပါတယ်။ မဆိုးဘူးနော်ရေးထားတာလေးကောင်းတယ်။ နောက်ကျရင် သူ့ကိုတဂ်ပိုစ့်ရေးခိုင်းရမယ်။ ကမ္ဘာကျော်စာရေးဆရာမကြီးဖြစ်ချင်တယ်ဆိုပဲ....... ကမ္ဘာကျော်အလှမယ်လည်းဖြစ်ချင်သေးတယ်တဲ့ စိတ်ကူးလေးကောင်းပါတယ်။ လာလည်သွားတယ်ဗျာ မပန်းခရေ အဆင်ပြေပျော်ရွှင်စွာနဲ့နှစ်သစ်ကို ကျော်ဖြတ်နိုင်ပါစေဗျာ။

Anonymous said...

ကောင်းလိုက်တဲ့ စိတ်ကူးတွေဗျား။ စိတ်ကူးတိုင်း
အမှန်တကယ်ဖြစ်လာပါစေလို့ ဆုတောင်းပေးပါ
တယ်ဗျာ။

Unknown said...

>>> ပေးဆပ်ရခြင်း.. ရယူခြင်းကင်းတဲ့… ဆုံဆည်းရခြင်း တဲ့လား ခရေ.. လိုအင်တွေ ပြည့်ပါစေဗျာ.. စကားလုံးသီကုံးမှုလေးက အများလိုက်မှီအောင်ပါပဲလေ.. ကျွန်တော်ကတော့ လောကကြီးအတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားပါတယ်ဗျာ။ ပေးဆပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်ရင်းနဲ့ပေါ့...

>>> မြင့်မြင့်မှန်းပါ ကြယ်ကလေးတွေ သင့်နှလုံးသားထဲမှာ ကိန်းနေတယ်။ ပျော်ရွှင်စွာ အိပ်မက်မက်ပါ စိတ်ကူး အိပ်မက်တိုင်းဟာ သင့်ဘ၀ရှေ့ပြေးအဖြစ် သွားနေတယ်... ။

လေးစားခင်မင်လျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား

Unknown said...

လောကမှာ ကြည်နူးဘို့အကောင်းဆုံးအရာတွေထဲမှာ အချစ်ပြီးရင် စိတ်ကူးယဉ်ခြင်းက ဒုတိယလိုက်
တယ်ညီမ..ညီမရဲ့ စိတ်ကူး အတွေး ဆွဲဆောင်မှုရှိတဲ့ အရေးအသား..ဒါတွေအားလုံးပေါင်းလိုက်ရင် ပို့စ်ကောင်းလေးတစ်ပုဒ်လို့ ခေါ်ဆိုလို့ ရသွားပြီပေါ့..
စာစီစာကုံးရေးသလို အကြောင်းအရာ တစ်ခုကိုပေးပြီး ရေးခိုင်းတဲ့ တွေးခေါ်မှုကိုဘောင်ခတ်တဲ့ တက်ပိုစ့်လိုဟာမျိုးကိုတောင် ကောင်းအောင် ဘောင်ဝင်အောင်ရေးနိုင်ရင် ညီမရဲ့ရင်တွင်းဖြစ်ပိုစ့်တွေ
ွဆို ဒီ့ထက်ပိုကောင်းမယ်ဆိုတာ မေးစရာမလိုတော့ဘူး
ပေါ့..နိုင်ငံကျော်စာရေးဆရာမကြီး ဖြစ်ချင်တဲ့ ညီမရေ..ညီမရဲ့ စိတ်ကူးတွေ တစ်နေ့မှာ အကောင်အထည်ပေါ်လာပါစေလို့ တောင်းဆုခြွေရင်း နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆန္ဒပြုပါတယ် ညီမ...


ဇွဲရဲရင့်

mhyawlintchin.blogspot.com said...

မမ ...........
မောင်လေးကလေသိလား
ချစ်သူနဲ့အမြန်ဆုံးစုံစည်းချင်တယ်ဗျ
......... ဟီးဟီး ........
ဘာမှမဆိုင်ဘူး ဟုတ်တယ်မဟုတ်လား
သူများဆိုဒ်လဲ Comment လာပေးသေး
မဆိုင်တာတွေလဲပြောသွားသေး
ဒီကောင်လေးတော်တော်ရှုပ်ဟုတ်တယ်
မဟုတ်လားမမ .............:)
တစ်ခုဆုတောင်းပေးခဲ့တယ်
မမအချစ်ရေးမှာကံကောင်းတဲ့သူ
ဖြစ်ပါစေလို့ ............:)

mhyawlintchin.blogspot.com said...

မမရေကောင်းလိုက်တာ.....:)

mhyawlintchin.blogspot.com said...

မမရေ .... ဘယ်လိုစိတ်ကူးတွေနဲ့
ရေးလိုက်တဲ့ပို့ဒ်လေလဲ ကောင်းပါတယ်
မောင်လေးကတော့အားပေးနေလျှက်ပါနော်:)

mhyawlintchin.blogspot.com said...

မမရေ .... ဘယ်လိုစိတ်ကူးတွေနဲ့
ရေးလိုက်တဲ့ပို့ဒ်လေလဲ ကောင်းပါတယ်
မောင်လေးကတော့အားပေးနေလျှက်ပါနော်:)

ရွှန်းမီ said...

:-) စိတ်ကူး လှလှလေးတွေ ဆက်ယဉ်နိုင်ပါစေ.. .
သတိရတယ် သယ်ရင်း..
အဆင်ပြေပါစေ..

Related Posts Plugin for WordPress, Blogger...