Sunday, December 21

ချစ်ခြင်းသံစဉ်....


ကဗျာမဆန်ကာရံမညီ
တုတ်ထိုးအိုးပေါက်
စကားလုံးတွေကိုလည်း
ချစ်တယ်...။

အပိုမသုံး အရိုးဆုံးနဲ့
ရင်ထဲရှိတိုင်း ဖော်ပြတတ်တဲ့
အမူအယာကိုလည်း
ချစ်တယ်...။

ညအိပ်ချိန်တိုင်း
ဖုန်းသံနဲ့အတူ ကြားရတဲ့
အသက်ရှူသံလေးကိုလည်း
ချစ်တယ်..........။

မညာတတ်ညာတတ်နဲ့
လိမ်ညာတတ်တဲ့
အကျင့်ကိုလည်း
မနှစ်မြို့မိပေမယ့်
အပြစ်မမူပဲ
ချစ်တယ်....။

လူကြီးပီသစွာ
ကလေးမဆန်ပဲ
ချွဲနွဲ့တတ်တဲ့
အသံလေးကိုလည်း ညိတွယ်
ချစ်တယ်...။

နာကျင်အောင်
အမြဲလုပ်တတ်ပေမယ့်
ခဏတာနာကျင်မိရင်း
ကလေးတစ်ယောက်လို
ဖြူစင်စွာ ပြုံးပြတတ်တဲ့
အပြုံးလေးတွေကိုလည်း
ချစ်တယ်............။

စိတ်ဆိုးအောင်အမြဲစပြီး
ညီမလေး စိတ်ဆိုးတာ
ချစ်စရာအရမ်းကောင်းတယ်ဆိုတဲ့
စကားသံမှာလည်း
မြတ်နိုးပျော်ဝင်စွာ
ချစ်တယ်....။


ဒီလို ဒီလိုနဲ့ပဲ
ခွန်အားတွေ မာနတွေ
ချစ်ခြင်း၌ပျော်ဝင်
ချစ်ခြင်း သံစဉ်တွေ ဖြစ်ကုန်ပါပေါ့.......။







Print this post (စာထုတ်ယူရန်)

Creative Commons License

20 comments:

ကိုတိုး said...

ချစ်ခြင်းနဲ့ပဲအသက်ဆက်ရှင်ပါရစေတဲ့
အပိုအသုံး အရိုးဆုံးနဲ့ ရင်ထဲရှိတိုင်း ဖော်ပြတတ်တဲ့ အမူအယာကိုလည်းချစ်တယ် ဆိုတော့ ရိုးသားမူလေးကိုဆိုရင်ပိုပြီးတော့ ချစ်နိုင်မှာပါ။...... ကဗျာကောင်းလေးတစ်ပိုဒ်ပါပဲမပန်း ဆက်လက်အားပေးလျှက်ပါ မပန်း။ ပျော်ရွှင်ပါစေဗျာမပန်း။

emayarKhin said...

အလဲ့...တယ်ကောင်းပါလား....
တကယ့်ကိုအချစ်ကဗျာစစ်စစ်လေးနော်......
အရမ်းနုတယ်....

Anonymous said...

ကဗျာကောင်းလေးတခုပါဗျာ

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..
ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာ
ပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တာဗျို့ ...
ချစ်ပုံချစ်နည်းတွေကစုံလို့ ..ပါလားမမရေ
ဖတ်ရသူအဖို့ ကိုယ်ချစ်တဲ့သူကိုတောင်
ဘယ်လိုချစ်လဲဆိုတာပြန်သုံးသပ်ရမလိုဖြစ်နေပြီ
... မောင်လေးကတော့ ...
ချစ်သူဆီကခပ်ရဲ့ရဲ့အပြုံးတစ်ပွင့်
ကလေးဆန်တဲ့ အပြောအဆို
အမူအရာလေးကိုချစ်တယ် ... ဟီးဟီး ..
သူများဆီလာပြီး Comment ပေးကာမှ
ကိုယ့်အကြောင်းရင်လာဖွင့်သလိုဖြစ်နေပြီ....
လူတွေသိမှာဆိုးလို့ဒါလောက်ပဲနော်မမ...
ကောင်းလိုက်တဲ့ကဗျာလေးတော်တော်ကို
တော်တဲ့မမပဲ....:)

mhyawlintchin.blogspot.com said...

ကောင်းလိုက်တဲ့ကဗျာလေး...
ချစ်ပုံလေးတွေကဆန်းကျယ်...
ထူးဆန်းပါပိ...အားပေးနေလျက်ပါမမရေ

mhyawlintchin.blogspot.com said...

ကဗျာမဆန်ကာရံမညီ
တုတ်ထိုးအိုးပေါက်
စကားလုံးတွေကိုလည်း
ချစ်တယ်...။ ...
ဒီစစချင်းအပိုဒ်လေးက
ကောင်းတယ်မမ.........
မောင်လေးCommentပေးဖို့
ရေးထားတာတွေအများကြီးပဲ
ပျောက်ကုန်ပြီ...
ဘာဖြစ်နေမှန်ကိုမသိဘူး
လိုင်းကျနေလို့များလား :(

mhyawlintchin.blogspot.com said...

ကဗျာမဆန်ကာရံမညီ
တုတ်ထိုးအိုးပေါက်
စကားလုံးတွေကိုလည်း
ချစ်တယ်...။ ...
ဒီစစချင်းအပိုဒ်လေးက
ကောင်းတယ်မမ.........
မောင်လေးCommentပေးဖို့
ရေးထားတာတွေအများကြီးပဲ
ပျောက်ကုန်ပြီ...
ဘာဖြစ်နေမှန်ကိုမသိဘူး
လိုင်းကျနေလို့များလား :(

Anonymous said...

ဆုံရပုံထူးဆန်းတဲ့သူငယ်ချင်းတွေလေဟာ

thihanyein said...

အချစ်တွေနဲ့တည်ဆောက်ထားတယ်ထင်ပါ့ဗျာ

ein said...

ရင်ခုန်သံတွေထပ်တူကျဖို့ ရင်ဘတ်ခြင်း ကြိုးညှိနိုင်ပါစေကွာ...

Anonymous said...

ဘာရယ်မှာမဟုတ်.. ဒီနေ့မှ ၀င်ဖတ်ကြည့်တယ် မမရယ်.. မမရေးတဲ့ ကဗျာက သိပ့်ကောင်းတယ် .. ကိုယ့်ကိုတောင် ပြန်တွေးဖြစ်တယ် . အချစ်ဆိုတာ ဘာအတွက်လဲလို့ အချစ်ကိုမသိပေမဲ့ မမရေးတဲ့ ကဗျာကို တော့ ရင်ကိုထိသွားတယ်...

First burma christ Church said...

အချစ်နဲ့ အသက်ရှင်ချင်တယ်. အချစ်နဲ့ ပျော်ချင်တယ်. အချစ်နဲ့ စကားပြောချင်တယ်. အချစ်ရဲ့ လိမ်ညာတဲ့ စကားလုံးလေးတွေလဲ ကြားချင်တယ်. အချစ်ရဲ့ သက်ရှူ တဲ့အသံတွေလည်း နားထောင်ချင်တယ်. အချစ်ဘယ်မှာလည်း အချစ်ဆိုတာ ဘာလဲ . မချစ်တတ်လို့ မေးတာမဟုတ်ပါ.. အချစ်ပျောက်ဆုံး သွားသော လူတယောက်ရဲ့ ခံစားချက်ပါ။

Related Posts Plugin for WordPress, Blogger...