Friday, November 28

နှလုံးသားနှင့်ရင်း၍…

နှလုံးသားနှင့်ရင်း၍…

ရင်မှာထင်ကျန်ဆဲ

မင်းအချစ်တွေလည်း

မေ့လို့မရသေးပါ..


ဟိုတစ်ချိန်က

အမှတ်ရစရာများ

ကွယ်ပျောက်မသွားပါ…


ဝေဒနာများခါးသက်ခံစားရင်း

ငိုကြွေးမှုသံစဉ်များ

ထပ်ခါရွတ်ဆိုနေဆဲပါ…


ငါမျှော်လင့်ခဲ့မင်းအချစ်များ

နောက်တစ်ခေါက်

ရအုံးမလား

စိတ်ကူးယဉ်ဆန်စွာ

ငါပျံသန်း

အလွမ်းရက်များ

ရှည်ကြာဆဲပါ….


ချည်နှောင်နေတဲ့

သံယောစဉ်

အဆုံးသတ်မှာတော့

သားကောင်းရတနာ

တစ်ပါးဖြစ်ရေးအတွက်

စတေးမှုဟာ

ငါ့နှလုံးသားတဲ့လား…..?



Print this post (စာထုတ်ယူရန်)

Creative Commons License

7 comments:

Apprenticeship said...

awww heart gyi nae yin p dote chit dote le hket pa naw..

thihanyein said...

အင်း**ဘယ်လိုပြောရမလဲတောင်မသိတော့ဘူးဗျာ**
ကဗျာလေးက အသဲကွဲကဗျာလေး**ပျော်အောင်နေပါ
လို့ပဲ ပြောပါရစေ**

Anonymous said...

မပေခရမ်းရေ ရေးထားတာလေးကတော့ တော်တော်လေးကောင်းတယ်ဗျာ ရင်ထဲက လာတဲ့ကဗျာတွေကိုစာဖွဲ့ထားတာဆိုတော့ ဖတ်ရတဲ့သူတောင်မှာ ဟဲဟဲ...........ဟိုဟာဖြစ်သလိုလိုပဲနော်.......... ပျော်ရွှင်ပါစေဗျာ။

thihanyein said...

မိုက်တယ်ကွာ***

emayarKhin said...

ကွဲနေတယ်ပေါ့.......
ကဗျာလေးတောင်ငိုနေတယ်....

U NU OF BURMA said...

ကောင်းလိုက်တာ သနားဖို့ ကောင်းတာလား ရိုက်ဖို့ ကောင်းတာလား မသေခြာ

mhyawlintchin.blogspot.com said...

မမပန်းခရေ... ကောင်းတယ်ဗျို့ ... မရောက်တာ
ကြာလို့လားမသိဘူး ... ပိုပိုကောင်းလာသလိုပဲ...

Related Posts Plugin for WordPress, Blogger...