Tuesday, November 4

ဆန္ဒတခြမ်းရဲ့ မျှော်လင့်ခြင်းတစုံ

သံသယတွေကို
အရည်ကျိုသောက်ရင်း
မွန်းကြပ်ခြင်း သံစဉ်တွေကို
နှစ်ခြိုက်စွာ သီဆိုနေတဲ့ငါ....

ထားပစ်မေ့ပျောက်
ခံရခြင်းစတဲ့
စိုးရွံ့မှုများစွာနှင့်
ပူပင်လောင်မြိုက်နေတဲ့ငါ....


အချစ်ကြောင့်
တက်ကြွမှုတွေ
ဆိတ်သုန်းရတယ်ဆိုတဲ့
ခပ်ညံ့ညံ့အတွေးအခေါ်တွေကို
လက်မခံချင်ပေမယ့်
လက်ခံကျင့်သုံးမိနေတဲ့ငါ....။

ဒီလိုနဲ့ .....

အတ္တတွေပြင်းထန်
မောဟတွေ လှိုင်းထန်
ဒေါသတွေ လွှမ်းမိုးနေတဲ့
အကြောင်းအရာအားလုံးဟာ
နင့်ကိုချစ်မိတဲ့ အချစ်....
သံသယ၀င် စိတ်ပူလောင်မိတဲ့ အချစ်...
သူ... ဒီလိုနဲ့
စတင်ပေါက်ဖွား ရှင်သန်လာတာပါ...။

ဒီရှင်သန်မှုတွေ သေဆုံးစေဖို့
နည်းလမ်းရှာဖွေရင်း ရှာဖွေရင်း
အချိန်တွေတိုက်စား နေ့တွေများခဲ့
နောက်ဆုံးတော့ ...
တစ်ကယ့်အချစ်စစ်မှန်ရင်
အလိုလို သစ္စာရှိသွားတတ်ကြတယ်ဆိုတဲ့...
သူတို့တွေ ပြောကြတတ်တဲ့ စကားတစ်ခွန်းဟာ
ငါ့အတွက်
သံသယကင်း ယုံကြည်ချက်ရှင်သန်ခြင်းဆိုတဲ့
အားဆေးတစ်ခွက် မြက်တပင်
ဖြစ်စေချင်တယ် ချစ်သူရယ်....။ ။
Print this post (စာထုတ်ယူရန်)

Creative Commons License

10 comments:

Apprenticeship said...
This comment has been removed by the author.
Anonymous said...

မပန်းခရေ.......... အရည်ကျိုပြီးတော့ သောက်မယ်ဆိုပဲ ကြောက်စရာကြီးနော်.......... ကွဲအက်နေတဲ့ အရာလေးကို ပြန်ဆက်ဖို့ဆိုရင်တော့ တော်တော်လေးကြိုးစားရမယ်နော်..... ဒီလိုပြောလို့လည်းစိတ်မညစ်သွားနဲ့နော်........ ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ...........။

ဖြိုးငယ် said...

ငါ့ သယ်ရင်း တော်တော်ဟုတ်နေပါလား ..
အားဆေးတစ်ခွက် ဆိုတော့ တော်တော်အဖိုးတန်တာပဲ ... ဖြစ်နိုင်ပါစေဗျာ

mhyawlintchin.blogspot.com said...

???????????? ??????????????????? ?????????????
????????????????? ..??????????????? ???????????????
????????????? ??????????? ??????????????
........ ??????????? ????????? ... ?????????????
???????? ???????? ?????????? ?????????????????
??? ........ ?????? .......... ???????????????????
???????

mhyawlintchin.blogspot.com said...

မမပန်းခရေ... မောင်လေးဒီကဗျာလေးကိုကြိုက်လို့
ပိုင်ရှင်ထံခွင့်မတောင်းပဲကူးယူကာ ချစ်သူဆီကိုမေးလ်ပို့မိ
ပါတယ် ... ခွင့်လွတ်နော် .......... ဟီးဟီး

Anonymous said...

အမေရေ ..
သမီးကဗျာလေး အားပေးသွားတယ်နော်
အချစ်စစ်မှန်ရင်..ဆုံစည်းရမှာပေါ့..
သမီးကတော့ ယုံကြည်တယ်..
အမေရေ..နေကောင်းအောင်နေနော်... အဖေက ဂရုစိုက်တယ်ဟုတ်...
ရင်တွင်းဖြစ် ကဗျာလေးတွေကို
အစဉ်အမြဲ အားပေးလျက်နော်...
ထာဝရ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ..

Anonymous said...

သိပ်ကို နုရွပြီး စကားလုံးတွေ သိပ်ကို ဟန်ချက်ညီညီလှပနေတဲ့ ကဗျာလေးထဲမှာ တစ်ခုခုကို သိုက်သိုက်မြိုက်မြိုက်လေး ထိရှခံစားလိုက်ရပါတယ် ညီမရေ။ အပုဒ်တိုင် အပုဒ်တိုင်းမှာ ပေးတဲ့ ရသတွေက ပင်လယ်ရေလှိုင်းတွေလို ဆင့်ကာပုတ်ကာ လူးကာ လိမ့်ကာနဲ့ ရင်ထဲကို ရိုက်ခတ်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲလို့ မှတ်ချက်ချမိခြင်းနဲ့ အတူ လေးစားမှုများလည်း ပိုလို့သာတိုးပွားခဲ့ရပါတယ် ညီမငယ် ပန်းခရေခင်ဗျား ... ။

ခင်မင်လေးစားစွာဖြင့်

emayarKhin said...

ကဗျာကောင်းလေးကိုခံစားသွားတယ်...
အချစ်စစ်တွေခိုင်မြဲပါစေ......

ရိုးမြင့်အောင် said...

ဂွတ်၏... စိန်ကြီး... ကဗျာတွေ အရမ်းတတ်လာတယ်... အင်း... ဆန္ဒတွေ အားလုံး ပြည့်စေသတည်း... အဟတ်ဟတ်

ကိုရင်နော်ခင်လေးငယ် said...

ပေခရမ်းရေ...

တော်လိုက်တာနော်...
ဒီအပိုဒ်လေးကို သဘောအကျဆုံးပါဘဲ

““ထားပစ်မေ့ပျောက်
ခံရခြင်းစတဲ့
စိုးရွံ့မှုများစွာနှင့်
ပူပင်လောင်မြိုက်နေတဲ့ငါ....””

ခင်တဲ့
ကိုရင်၊ ခင်လေး၊ ကလေးလေး

Related Posts Plugin for WordPress, Blogger...