
ချစ်တတ်သူသာ အသိဆုံး...
ကြိမ်မီးအုံးလို ရင်မှာနွမ်းလျှ
ချစ်မိကြင်ခိုက် ခဏတာ...
လွမ်းရတဲ့ ဒုက္ခကို
လွမ်းတတ်သူသာ အသိဆုံး....
ရင်မှာဆွေးမြေ့ တမ်းတတေးနဲ့
လွမ်းရက်ရှည်ခိုက် ခဏတာ...
ခွဲခွာရခြင်းရဲ့ ဒုက္ခကို
ခွဲခွာဖူးသူသာ အသိဆုံး...
အတွေးနဲ့ဆွေးရ မေ့မရ
ခွဲခွာခိုက်မှာ ခဏတာ...
ဝေးကွာခြင်းရဲ့ ဒုက္ခကို
ဝေးကွာဖူးသူသာ အသိဆုံး...
အကွာအဝေးဆိုတဲ့ စကားလုံးတောင်မုန်း
ဝေးကွာနေခိုက် ခဏတာ...
ပန်းပျိုးသူရဲ့ ဒုက္ခကို
ပန်းပျိုးသူသာ အသိဆုံး...
မြေမှုန့်ကပ်ကျန် ဆူးချက်ဒဏ်နဲ့
ခူးသူခြွေခိုက် ခဏတာ...
အသဲကွဲခြင်းရဲ့ ဒုက္ခကို
အသဲကွဲသူသာ အသိဆုံး...
ပျက်သုန်းကြွေလု ခံစားမှုလည်း
ရင်ခုန်မိခိုက် ခဏတာ...။ ။
by is licensed under a Creative Commons Attribution 3.0 United States License.
7 comments:
Hello, I like this blog.
Sorry not write more, but my English is not good.
A hug from Portugal
ခဏတာ ဘ၀လေးမှာ
ခဏခဏ ဒုက္ခ မရောက်ရပါစေနဲ့ကွာ...
ချစ်တတ်သူတို့ ကြည်နူးမှုကို
ချစ်တတ်သူများသာသိပေါ့ :D :P
အဆင်ပြေပါစေ ပန်းခရေလေးရေ...
ဝေးကွာခြင်းရဲ့ ဒုက္ခကို
ဝေးကွာဖူးသူသာ အသိဆုံး မှန်တယ်ဗျာ၊ အမြန်ဆုံးနီးပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။
ချစ်တတ်တဲ့သူတိုင်းမှာ ခံစားမှုဆိုတာရှိမယ်ထင်တယ်မပန်းရေ........
အချစ်ရှိသူတိုင်းခံစားရတယ် ကြေကွဲရတာတွေရှိတယ်လေ။ ချစ်တတ်သူများသိပါစေဗျာ အသည်းကွဲသူတော့မဖြစ်ချင်ဘူးဗျာ။ အဆင်ပြေပါစေ မပန်းရေ...............
ပက်ပက်စက်စက်ကိုလွမ်းနေပါလား
ညီမရယ်....ဖတ်လို့တော်တော်လေးကောင်းပါတယ်...
အမရာကအလွမ်းကိုကြိုက်တယ်.............
အမေရေ ဝေးကွာနေရတဲ့ အလွမ်းတွေ ဘယ်လိုပြောရမှန်း ကို သိဘူးနော် အဆင်ပြေတာပဲ ကြားချင်တယ် အမေရယ်
လူတိုင်းကတော့ အချစ်နဲ့မကင်းကြပါဘူးဗျာ အချစ်ကြောင့် ပျော်ရွှင်ကြသလို အချစ်ကြောင့်လည်း ကြေကွဲ တတ်ကြပါတယ်။ ခဏတာရတဲ့ ဘ၀လေးမှာ ထာဝရ ပျော်ရွှင်ပါစေဗျာ။
Post a Comment