
မိုးလင်းမိုးချုပ်
ချစ်သူ့အသံလေးနဲ့နိုးထရင်း
ချစ်သူအသံနဲ့ အိပ်စက်ရတဲ့
တန်ဖိုးဖြတ်မရတဲ့ နေ့ရက်လေးတွေ…
ချစ်သူရဲ့ ဂရုစိုက်
ကြင်နာယုယသံလေး…
ချစ်သူရဲ့ ဖေးမကူညီ
နွေးထွေးတဲ့ လက်အစုံ..
ချစ်သူ့ရယ်သံတစ်ချက်
ချစ်သူပျော်ရွှင်မှု
ကိုယ့်ကိုအလေးထား
မြတ်နိုးတန်ဖိုးထားမှုတွေ…
စတဲ့အရာအားလုံးဟာ
ကိုယ့်အတွက်
အားအင်တစ်ရပ်ဖြစ်မှန်းမသိ
ဖြစ်ခဲ့မိတယ်…။
ချစ်သူရဲ့ အားနည်းချက်ကို
နားလည်ပေးသလို
ကိုယ့်အားနည်းချက်ကို
နားလည်ပေးရင်း
တစ်ခါတစ်ရံ
လွဲချော်မှုများနဲ့ချစ်သူသက်တမ်းကို
ဖြတ်သန်းကုန်ဆုံးစေခဲ့တယ်..။
တစ်ကယ်တော့
အဆိုးများကြုံကြိုက်ချိန်မှာ
ဒုက္ခဆိုတာ ခဏတာ
ရေပွက်တစ်ခုပါ..။
တစ်ဦးကိုတစ်ဦး
နားလည်ယုံကြည်စွာ
ထာဝရမခွဲပဲ
တို့ရဲ့လက်တွေ
ခိုင်မြဲလျက်
ဆူးခင်းလမ်းဖြစ်ဖြစ်
ပန်းခင်းလမ်းဖြစ်ဖြစ်
ပင်လယ်ပြာတောင်တွေကို
တူညီစွာ ဖြတ်သန်း
ကြည်ဖြူစွာ
လျှောက်လှမ်းရင်ဆိုင်ရင်း
နူးညံ့ခြင်းချစ်ခြင်း သံစဉ်တွေ
တည်ဆောက်နိုင်ဖို့
နှလုံးသားများနဲ့
ဘ၀ကို
တည်ဆောက်ကြပါစို့လား
ချစ်သူရယ်..။
10 comments:
အာပါးပါး ကောင်းလိုက်တဲ့ ကဗျာလေး၊ ရှင်းရှင်းလေးနဲ့ ချစ်သူုနှစ်ယောက်ရဲ့ သဘောသဘာဝလေးကို မြင်သွားတယ်၊ နှစ်ကိုယ်တူမခွဲ လက်တွဲမြဲ ပါစေလို့ ဆုတောင်းပေးပါတယ် ၊ အဆင်ပြေပါစေ သူငယ်ချင်း ။
ကဗျာလေးက ရိုးရိုးလေးနဲ့ ရင်ထဲရှိတာကိုရေးထားသလိုပဲ
ကောင်းလိုက်တာဗျာ တည်ဆောက်နိုင်ကြပါစေခင်ဗျာ
ကဗျာလေးက ရိုးရိုးလေးနဲ့ရင်ထဲကိုထိသွားတာပဲနော်.... ချစ်သူနှစ်ဦးရဲ့ သဘောသဘာဝလေးကို မြင်သွားတယ်ဗျာ ရှေ့ဆက်ပြီးတော့များများလေးရေးနိုင်ပါစေဗျာ။
ကောင်းတယ်ပန်းပန်းရေ .. ကဗျာလေးက ...
နှလုံးသားများနဲ့ဘ၀ကို တည်ဆောက်နိုင်ပါစေဟာ
ဒီလိုမှပေါ့... ပြေပြေလည်လည်ပေါ့ မဟုတ်ဘူးလား? ဟုတ်ပါ့ အရည်အချင်းတွေအားလုံး သူမပါရင် မဖြစ်တော့ဘူးနော်... အဆင်ပြေပါစေကွယ်... :D :P :)
ဒီကဗျာထဲမှာ ခွန်အား..........နားခိုရာ ..အလှဆုံးအရာ...သူ..ချစ်သူရဲ့ လက်ကလေးတွေကို
.....လက်တွဲမြဲ ပါစေလို့
အင်း... ဒီလိုကဗျာလေးတွေဖတ်ရတာ စိတ်ချမ်းသာပါ့ဗျာ..။ တွဲလက်များ ခိုင်မြဲကြပါစေ။
not bad, not bad sein sein.
ဒီကဗျာလေးအတိုင်းဖြစ်ပါစေလို့ ဆုတောင်နေမယ်ဗျာ။ :)
ဟေ
Post a Comment