Thursday, July 17

ဝါဆိုအတွေးး


ကံဆိုတဲ့အကြောင်းတရားကနေ..ဖြစ်ပေါ်လာတဲ့..သံသရာစက်ဝန်းကြီးတစ်ခုကို..တွေးတောမိတဲ့ အကြောင်းတစ်ရားတစ်ခုပါ..။ ကံဆိုတာ သတ်မှတ်ထားပြီးသား..အရာတစ်ခု..။ ရှိပြီးသားအရာတစ်ခု..။ အဲဒီကမှတစ်ဆင့် လူတွေရဲ့စိတ်ဆိုတာ ဖြစ်ပေါ်လာတယ်..။ စိတ်ရဲ့စေစားရာကြောင့် လူတွေလောဘ၊ မောဟ၊ ဒေါသ ၊စတဲ့ မီးသုံးမျိုးတောက်လာတယ်..။ အဲဒီကမှတစ်ဆင့်.. ၀ဋ် ဆိုတဲ့ အကျိုးတစ်ရားကိုရောက်သွားပါတယ်။ ဒီသံသရာစက်ဝန်းကြီးထဲမှာ လူတွေဟာ အမျိုးမျိုးအဖုံဖုံလည်ပတ်နေကြတယ်..။ ဒီလိုသုံးသပ်မိတာ..ဥပမာ တစ်ခုကို သာဓကယူပြီး တွေးတောမိပါတယ်..။





မြတ်စွာဘုရားရှင်ကိုယ်တော်ဟာ..လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာပြီးတဲ့နောက်.. နောက်ဆုံးဘ၀ ပရိနိဗ္မာန်စံယူတော်မူခါနီးအချိန်ခါတွင် ၀ဋ်၏အတုန့်လှည့်ကိုခံစားရတော်မူလေသည်။ ပါရမီနုစဉ်ချိန်ခါဘ၀တုန်းက.. နွားဘ၀သို့ရောက်တော်မူစဉ်.မိခင်နွားမကြီး ရေသောက်ဆင်းတော်မူသည်ကို.. ဘေးမှဖြတ်ပြေး ဆော့ခြင်းကြောင့် ရေနောက်သွားခဲ့သည်။ မိခင်နွားမကြီးမှာ သားတော်နွားကလေးကို နို့ချိုတိုက်ကျွေးတော်မူပြီးခါစ ဆာလောင်မွတ်သိပ်စွာ ရေနောက်ကို သောက်တော်မူရလေသည်။


ဤဖြစ်စဉ်တော်ကြောင့် နောက်ဆုံးဘ၀တွင် ၀မ်းတော်လား၍ အားအင်ကုန်ခမ်းသဖြင့် ရေကြည်တစ်ပေါက် သောက်တော်မူလိုရာ ရေကြည်မရ ရေနောက်သာရတော်မူလေသည်။ ညီတော်အာနန္ဒာ ရေခပ်စဉ်တွင် လှည်းသားငါးရာ ဖြတ်သွားသောကြောင့် ရေများနောက်ရခြင်းဖြစ်လေသည်။


ဤအကြောင်းအရာကိုကြည့်ခြင်းအားဖြင့် နွားဘ၀ရောက်သည့် ကံ...ထိုမှတစ်ဆင့် နွားကလေးသည် ဗိုက်ပြည့်ပြီးချိန် နွားကလေးတို့သဘာဝ ဆော့ချင်စိတ်ကလေး...ပြေးလွှားဆော့ချင်မိတဲ့စိတ်ကလေး.. ဒီစိတ်ကလေးကတစ်ဆင့် ပြေးလွှားမိတဲ့ လောဘ..မောဟမီးတောက်လေး.. ဒီကမှတစ်ဆင့် နောက်ဆုံးဘ၀ ၀ဋ်ခံစားရခြင်း ၀ဋ် ....။ ထိုမှ..ညီတော်အာနန္ဒာ ရေခပ်စဉ် လှည်းသားငါးရာ ဖြတ်သန်းသွားကိုသွားရမည့် ကံ .. ထိုကံစေ့စော်ခြင့်ကြောင့် ဖြတ်သန်းသွားချင်တဲ့ စိတ်...ဖြတ်သန်းသွားသည့် လောဘ...မောဟ မီးတောက်.. ရေနောက်ရသည့် ၀ဋ်ဟောင်းချေသည့် ၀ဋ်ကြွေးသစ်တစ်ခု..။


ဒီလိုသံသရာစက်ဝန်းထဲက လှည့်ပတ်နေတဲ့ အကြောင်းအကျိုး လေးခုကို သုံးသပ်မိပါတယ်..။ ဒီလည်ပတ်မှု သံသရာကိုကြည့်ခြင်းဖြင့် လူ့ဘ၀ ဖြစ်တည်မှု ၊ ပျက်ဆီးမှု ၊ အရာအားလုံးတို့ဟာ ဒီသံသရာစက်ဝန်းကြောင့် ဖြစ်ပေါ်ရတယ်လို့ မြင်မိပါတယ်..။ လူ့ဘ၀မှာ ကံတရားက ပုံသေသတ်မှတ်ပြီးသား ထိုမှစိတ် ၊ စိတ်မှတစ်ဆင့် လောဘ ၊ မောဟ ၊ ဒေါသ ၊ စတဲ့ မီးတောက်သုံးမျိုး တောက်လာတယ်..။ အဲဒီကမှတစ်ဆင့် ၀ဋ်ဆိုတာ ဖြစ်လာပါတယ်..။


ဒါကိုကြည့်ခြင်းဖြင့် ဒီသံသရာကိုဖြတ်မယ်ဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ စိတ်ကို ဖြတ်ရမယ်..။ ဒီစိတ်ကမှတစ်ဆင့် ဆင့်ပွားဖြစ်ပွားနေတဲ့ လောဘမီးတောက်တွေ ကိုသတ်နိုင်မှာဖြစ်တယ်..။ ပုထုဇဉ်လူတိုင်းဟာ လောဘမီးကိုလည်း မငြိမ်းသတ်နိုင်သေးသလို စိတ်ကိုလည်းမဖြတ်နိုင်သေးပါဘူး..။ စိတ်ကိုပြတ်အောင်ဖြတ်နိုင်ခြင်းဟာလည်း နိဗ္မာန်ကို လှမ်းမျှော်နိုင်ခြင်းပါ..။ မမြဲတဲ့ဖြစ်ပျက်သဘောလေးကို ဆင်ခြင်သုံးသပ်ရင်း စိတ်ကိုဖြတ်နိုင်အောင်ကြိုးစားနိုင်ဖို့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ မီးတောက်တွေကို ငြိမ်းနိုင်သမျှငြိမ်းအောင် နည်းနိုင်သမျှနည်းအောင် ကြိုးစားရမယ်...။


တစ်ကယ်တော့ လူ့ဘ၀ဆိုတာ ဖြစ်ပြီးပျက်တယ်လို့ ပြောဆိုကြတဲ့အတိုင်း မွေးဖွားခြင်းနဲ့ရှင်သန်းခြင်းဟာ တစ်ကယ်ကို အချိန်တိုခဏလေးပါ..။ လူ့သက်တမ်းကို တစ်ရာလို့သတ်မှတ်ထားကြပေမယ့် တစ်ကယ်တမ်း ရှင်သန်ဖြစ်တည်ခြင်းနဲ့ သေဆုံးပျက်ဆုံခြင်းဟာ တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံ တစ်ပုံ ဖြစ်တဲ့ လျှပ်တစ်ပျက်ကလေး အတွင်းမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်တယ်..။ ဒါကြောင့် ဖြစ်ခြင်းနဲ့ပျက်ခြင်းဟာ လျှပ်တစ်ပျက်အတွင်း ဖြစ်ပေါ်တဲ့အတွက်ကြောင့် လူ့ဘ၀မှာ ရှိတဲ့ ဖြစ်ခြင်းပျက်ခြင်းကို နေ့တိုင်း ၊ အချိန်တိုင်း ဖြစ်ပျက်နေပါတယ်..။ ဒါကြောင့် လူတိုင်းရဲ့ ဦးနှောက်အသိဥာဏ် မှတ်သားမှုဟာလည်း တစ်ကယ်တမ်း ဖြစ်ပျက်နေပါတယ်..။


လ၀ါဆိုပြည့်နေ့မိုးလင်းအစောမှာ တွေးတောကြားနာ မိတဲ့အတွေးတစ်ခုလေးပါ..။ဒီလိုတွေးတောပေမယ့် ကျနော်ဆိုတဲ့ ပုထုဇဉ်လည်း စိတ်ကိုပြတ်အောင်မဖြတ်နိုင်သေးပါဘူး ...။ ကျနော်တွေးမိတဲ့အတွေးလေးဖြစ်တဲ့အတွက် မှန်ချင်မှလည်းမှန်မည်။ ကျနော်ရေးသားထားသော စာသားများ တစ်ချို့နေရာများ မှားနေမယ်ဆိုရင် ပြင်ဆင်ဖြည့်စွက်၍ ဖတ်ရှုပေးပါလို့ တောင်းပန်အပ်ပါတယ်..။ ကျနော့်အတွေးလေးကို မှားနေတဲ့နေရာ များအား သူငယ်ချင်းတို့မှ အမြင်အတွေးများဖြင့် ပွင့်လင်းစွာ ဝေဖန်ပေးကြပါလို့ ပြောပါရစေ..။


ဒီလမြတ်ဝါဆိုမှာ ထူးခြားစွာ မွေးဖွားလာတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်..။ သူငယ်ချင်းတစ်ယောက်၏ ၂၄နှစ်ပြည့်မွေးနေ့လေးနှင့် ဘလော့ဂါ ကဗျာလွယ်အိတ်လေး သားဖြိုးတို့၏ ၂၂ ပြည့်မွေးနေ့လေးဖြစ်ပါတယ်..။ ထူးခြားတဲ့သူငယ်ချင်းနှစ်ယောက်လုံးနှင့်အတူ သြကာသလောက ၊ သတ္တ လောက သားအားလုံး စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ..။ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့...ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်....။

အားလုံးပဲအဆင်ပြေပျော်ရွှင်ကြပါစေ...။


ပန်းခရေ(ရင်တွင်းဖြစ်)



10 comments:

Tea said...

ကဗျာတင်မက.. အတွေးပါကျွမ်းတာကို တွေ့ရလို့ ၀မ်းသာပါ၏.. :D

ကျေးဇူးတင်၏..ဒီပိုစ့်လေးအတွက်.. ;)

U NU OF BURMA said...

အလွမ်းတွေနဲ့ ဝေပီး မျက်ရည်မိုးတွေ-စွတ်-စွေနေတဲ့
ပန်းခရေတယောက် နိဗ္မာန်ကို ရောက်ကြောင်း ချလောင်းလိုက်လို့  ငါးမိနစ်မှင်သက်မိပြီးမှ သာဓုတလုံး(စဘော်) ခေါ်ပါ၏။
ကောင်းလေစွ...
ဘုရားသာသနာတော်နဲ့ကြုံနေတဲ့ ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သောဉာဏ်) နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာ အပ်သွားခြင်းထုတ်ချင်းခတ်ရကြိုးနပ်ပေဘီပေါ့။

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ်ဖြစ်၏။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာဖြစ်၏။ အကျွမ်းတ၀င်ချစ်ခင်သောသူသည် အကောင်းဆုံးဆွေ မျိုးဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်၏။ (ဓမ္မပဒ-၂၀၄)

အိတာ said...

ဒါလဲရတာပဲလားကွ....
အားကျတယ်ကွာ...:D

ပန်းခရမ်းပြာ said...

အရမ်းတန်ဘိုးရှိတဲ့ ပို့စ်လေးပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဝါဆိုလပြည့်နေ့မှာ အလည်ရောက်လာမိတာ ကုသိုလ်ထူးတယ်လို့ပဲ ဆိုပါရစေတော့။

ရွှန်းမီ said...

ခရေလည်း အစစ အဆင်ပြေပါစေ ..
ပြီးတော့ ..
Happy Birthday to your friend, and thar phyo နော်..!

၀ဿန်ဦး said...

လောဘ၊ ဒေါသ၊ မောဟမီးတွေ ငြိမ်းအေးနိုင်သော ဒေါ်ဒေါ်ဖြစ်ပါစေဗျာ...

ဪ.... အစွဲအလမ်း များလည်း ကင်းဝေးနိုင်ပါစေ ဒေါ်ဒေါ်ရေ... (သို့သော် မထင် :P)

Unknown said...

အလွမ်း ကဗျာတွေရေးတဲ. မပန်းခရေ
ဝါဆိုလပြည်.နေ.ကို မမေ.တဲ.အတွက်
ဝမ်းသာပါတယ်။သာဓုလည်း ခေါ်ပါတယ်။

ကိုတိုး said...

ပိုစ့်လေးက အရမ်းကောင်းပါတယ် ဝါတွင်းကာလမှာ အခုလိုရေးပေးတာကောင်းပါတယ် ။ ဖတ်လို့လည်းကောင်းတယ် တွေးတောတာကတော့ အရမ်းကျွမ်းတယ်ဗျာ......... မပန်းခရေ ပျော်ရွှင်ပါစေဗျာ

Synchro 305 ~ said...

အင်းလုပ်လှချည်လားသယ်ရင်းရ
:)

သက်ထွန်းညိမ်း said...

အကြံလေးပေါ့ခင်ဗျာ....လိုက်နာသည် မလိုက်နာသည်တော့ မပြောတတ်ပါဘူးခင်ဗျာ....
ပဋီစ္စသမုပ္ပါဒ်စက်ဝိုင်းကိုလေ့လာရင် ပိုကောင်းမယ်လို့ အကြံပြုပါရစေခင်ဗျာ.......မပန်းခရေ သိချင်တာတွေပိုသိတာပေါ့ခင်ဗျာ....ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ.....။။။။။။။။

Related Posts Plugin for WordPress, Blogger...