Friday, July 25

နှလုံးသားရဲ့ ဆန္ဒတစ်စုံ..


မိုးတွေရွာသွန်းနေတဲ့ည.
ရထားပေါ်မှ
ကြောက်စိတ်တွေသိုဝှက်
မျက်ဝန်းတွေခ၀ါချရင်း
ဆင်းသက်လာတဲ့ကျမ..

ရုတ်တရတ်
အိတ်ကိုလာဆွဲကိုင်ရင်း
လက်ကလေးတစ်စုံရဲ့နွေးထွေးမှုကို
ထိတွေ့လိုက်ချိန်မှာ
ငါ့ဘ၀အတွက်
အလေးအနက်အားကိုးစရာ
လက်တွဲဖော်အစစ်အမှန်
ကို သာဖြစ်ကြောင်း..
နှလုံးသားက ထောက်ခံမိသတဲ့..။

ကို့ အပေါ် အားကိုးမိတဲ့စိတ်
ကို့မျက်နှာမြင်ရချိန်ခဏလေးမှာ
ပျော်ရွှင်ဝမ်းသာမိတဲ့စိတ်
ကို့ စကားသံလေး ကြားလိုက်ရချိန်မှာ
ရင်ခုန်မိတဲ့..နှလုံးသား
ကို့ ဦးဆောင်မှု အောက်မှာ
ယုံကြည်ကိုးစားမိတဲ့စိတ်..
ဒီစိတ်ရဲ့နောက်ကွယ်မှာ
ဖော်မပြနိုင်တဲ့
ခံစားမှုတွေလည်း
ပါလေရဲ့....။

ဘာဆိုဘာမှမတောင်းဆိုချင်ပါဘူး
ဘာမှမချုပ်နှောင်ချင်ပါဘူး
ဘာမှ သိုဝှက်မထားပါဘူး
ဘာမှ မပိတ်ပင်မတားဆီးချင်ပါဘူး...

ဒါပေမယ့်
ငါတစ်ခုတော့ တောင်းဆိုပါရစေ
ငါ့ရင်ထဲက
မြတ်နိုးတန်ဖိုးထားမှုနဲ့
ယုံကြည်ကိုးစားမှု
ခံစားချက်ကိုတော့
တစ်ဆိတ်မဖျက်ဆီးပါနဲ့လား
ချစ်သူရယ်...။


ပန်းခရေ(ရင်တွင်းဖြစ်)






6 comments:

လင်းဦး(စိတ်ပညာ) said...

စိန်မမ. ဒီကဗျာ ဘယ်သူ့ကို... ဘယ်အကြောင်းအရာကို ဦးတည်ပြီးရေးထားတယ်ဆိုတာ ကျွန်ုပ်အသိဆုံးဖြစ်၏ ... ထို့ကြောင့် အသင်၏ ကဗျာအား ဤသို့ ကောက်ချက်ချ၏ ... ရန်ကုန်မှာ ပျော်နိုင်ပါစေသတည်း...

sai said...

ရင်တွင်းဖြစ်တွေကတော့ တကယ်ကိုကောင်းတယ်မပန်းခရေ ခင်ဗျာ......တကယ်ကို ခံစားလို့ရတဲ့ ကဗျာလေးပါပဲ...ရထားပေါ်က နွေးထွေးတဲ့ လက်တစ်စုံ ဆိုတာကတော့ ပိုပြီးမျက်လုံးထဲ ဖော်လို့ရတာပေါ့...ကဗျာတစ်ပုဒ်လုံးကို မျက်လုံးထဲမှာပဲ ပုံဖော်လို့ရတယ်...အားပေးလျှက်ပါခင်ဗျာ.....

May said...

ခံစားရတယ်..
မိုးတွေ အရမ်း ရွာနေလား..
တောင်းဆိုထားပုံလေးကို သဘောကျတယ်။
အစစ အဆင်ပြေပါစေ.. သယ်ရင်းရေ..

malthida said...

စိန်ကြီး...

သူများကို တောင်းဆိုပြီး ကိုယ်လဲ ပြန်ပေးဆပ်နိုင်အောင် ကြိုးစားအုံးနော်...

Unknown said...

ဘာဆိုဘာမှမတောင်းဆိုချင်ပါဘူး
ဘာမှမချုပ်နှောင်ချင်ပါဘူး
ဘာမှ သိုဝှက်မထားပါဘူး
ဘာမှ မပိတ်ပင်မတားဆီးချင်ပါဘူး...

ပေးဆပ်သူတို့ နှလုံးသားပေါ့ ... ကောင်းတယ် သူငယ်ချင်းရေ အားပေးနေပါတယ် ။ ။

ein said...

လင်းဦးနဲ့ ချစ်မလိုပဲ ငါလည်း မင်းရဲ့ဆန္ဒ တစ်စုံ ကို ထောက်ခံတယ်ကွာ ...ရင်တွင်းဖြစ်လေးကတော့ လန်းလန်းလေးပါလားကွ ငါတော့ ဖြတ်ခနဲ ကို အငိုက်မိသွားတယ် ဒီကဗျာလေး ဖတ်လိုက်ရလို့...:P

Related Posts Plugin for WordPress, Blogger...