Saturday, July 12

ထမင်းသိုးဟင်းသိုး

ခုချိန်ထိ

နောင်တရချင်တယ် ..မရဘူးး

မှားတယ်ဆိုရင်တောင်

မှားတယ်လို့မသတ်မှတ်ချင်ဘူးး ..

မဖြစ်သင့်ဘူးမပြောသင့်ဘူးသိနေရင်တောင်

ပြောခဲ့မိပီ .ဖြစ်ခဲ့မိပီ..

မာနကြီးတာမဟုတ်ပေမယ့်..

မာနထားဖို့ဘယ်လိုမှကိုစိတ်ကူးမိလို့မရဘူးး

အောက်ကျို့တာမဟုတ်ပေမယ့်

ပြောပြဖို့ဝန်မလေးမိပြန်ဘူး..

ကိုယ့်အပြစ်ဘာမှန်းမသိပဲ

အပြစ်ပေးခံရတဲ့ကလေးငယ်တစ်ယောက်ရဲ့

ရင်ထဲက ခံစားချက်ကို

နားလည်ဖူးခံစားဖူးမယ်ဆိုရင်

တစ်ချက်လောက်တော့

နားလည်ကောင်းပါရဲ့....။

ဘာမျှော်လင့်ချက်မှမပါ

ရယူလိုမှုမပါ

အနိုင်ယူလိုမှုမပါ

လိမ်ညာဟန်ဆောင်မှုမပါ

စဉ်းလဲကောက်ကျစ်မှုမပါ

အရိုးသားဆုံးနဲ့

ဟန်ဆောင်ခြင်းကင်းစွာ

မြတ်နိုးတွယ်တာခဲ့တာပါပဲ....။

ဒါတွေမင်းသိပေမယ့်

မင်းကစားခဲ့တဲ့

ကစားပွဲမှာ ငါဟာ

ထမင်းသိုးဟင်းသိုးလိုသဘောထားခံရမှန်းမသိ

ဖြစ်ခဲ့တာပါလားနော်.....။

ပန်းခရေ(ရင်တွင်းဖြစ်)

8 comments:

babygurl said...

တီတီရေ.. လာခံစားပေးသွားတယ်နော်.. ကဗျာလေးအရမ်းကောင်းတယ် :)

ရွှန်းမီ said...

ခရေ . . .
တခါတလေ အဲ့လိုပဲ ..
ဘယ်လိုအားပေးရမှန်းတောင် မသိတော့ဘူး .. စိတ်မကောင်း ဖြစ်သွားတယ်.. ။
အဆင်ပြေပါစေ..

အိတာ said...

ပေခရမ်းရေ...ထမင်းသိုးဟင်းသိုးဖြစ်သွားပြီလား...
မြင်လာနိုင်တဲ့တနေ့  အုန်းထမင်းဖြစ်သွားဦးမယ်နော်..စတာဟီးးးးး

Welcome said...

အချစ်ဆိုတာ ဘ၀မှာ
အရေးအကြီးဆုံး မဟုတ်ပါဘူး ဆိုပေမယ့်
ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်
ရပ်တည်နေမှာ ဖြစ်တယ်။
အချစ်ဆိုတာ မရှိခဲ့ရင်
ပျင်းခြောက်၂ကြီး ဖြစ်မှာသေချာပါတယ်။
ဒါကြောင့်ထင်တယ်
မရှိမကောင်း ရှိမကောင်းဆိုတာ....

ခင်လျက်-ဝင်းဇော်

ကိုဗလ said...

အချစ်ဆိုတာ ထက် နားလည်မှု က ပိုအရေးကြီးတယ်လို့ ချစ်ကိုကြီးတို့ကတော့ ယူဆသဗျ...။ ချစ်တော့ ချစ်တယ် နားလည်မှု မရှိရင် အတော် ဂွကျမယ်ခင်ဗျ...။ နားလည်မှု ရှိတယ်....မချစ်ဘူးဆိုတာ က ကြာလာ ရင်
နားလည်မှု အပေါ်မူတည်ပြီး အလိုလို ချစ်လာပါလိမ့်မယ်...။ ဒါသေချာပါတယ်...။ ချစ်လည်းချစ် နားလည်မှု လည်းရှိ ဆိုလို့ ကတော့ ဘာပြောကောင်းမလဲ ခင်ဗျာ....အတိုင်းထက် အလွန် တံခွန်နဲ့ကုက္ကားပေါ့...။


ps..

အထက်က ကိုဝင်းဇော် ကွန်မန့်လေးကို သဘောကျလို့ ကိုယ့်အမြင်လေး ဝင်ရေးသွားတာပါဗျာ....။ ဒါပါပဲ....။

HAPPY CLOUD said...

ခကွေးရေ... အာတိပြောသလို အုန်းထမင်းဆို ငါ့ခေါ်ဟာ.. နော်..နော်...း)

Suburban Area said...

ထမင်းသိုးဟင်းသိုး မိုက်တယ်ဟ..တကယ်ကြီး

Unknown said...

ထပ်တူထပ်မျှခံစားမိပါတယ်...အရမ်းကောင်းပါတယ်...
မော်ဒရိတ်လုပ်ပေးပါနော်..:P:D

Related Posts Plugin for WordPress, Blogger...