Sunday, March 30

ယောင်ချာချာကဗျာတစ်ပုဒ်


ယောင်ချာချာဖြစ်နေတဲ့ငါ

စိတ်ညစ်လို့ကဗျာရေးမယ်ကြံကာ

ကီးဘုတ်ပေါ်လက်တင်ပေမယ့်

ငါ့နှလုံးသားက

စကားလုံးတွေကို

ဦးနှောက်ကစကားလုံးတွေအဖြစ်

လှပစွာပြောင်းလဲမပေးနိုင်ပြန်ဘူး..။

ရင်ထဲမှာလည်း

ကြိမ်ဖန်များစွာငိုကြွေးတမ်းတရင်း

ချစ်သူရှိတဲ့အရပ်ဆီကို

မှန်းဆနေမိလေရဲ့...။

ဝေးကွာခြင်းအဓိပ္ပာယ်ကို

သေချာစွာနားမလည်မိတဲ့အချိန်က

ဝေးကွာခြင်းအတွက်ဝမ်းနည်းသူတွေကို

ရယ်မောလှောင်ပြောင်ရင်း

လက်တွေ့ကျကျသိခွင့်ရလိုက်ချိန်မှာ

ရင်ထဲမချိစွာခံစားရတာလည်း

အပြင်းအထန်ပါပဲ....။

မင်းပြောသမျှစကားလုံးတိုင်းကိုလည်း

ခေါင်းငြိမ့်စွာဦးညွတ်လက်ခံမိတာလည်း

ငါ့ကိုယ်ကိုငါအံ့သြမိတာပါပဲ...။

ဘယ်အချိန်များမှ

ကိုယ့်အနားရောက်လာမယ်

သေချာမသိတဲ့ချစ်သူကိုလည်း

“မင်းသာကိုယ့်အနားရှိခဲ့ရင်”

ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို

မိုက်ရူးရဲဆန်စွာ

အဓိပ္ပာယ်ဖော်ဆောင်မိတာလည်း

ရူးသွပ်မှုတစ်ခုပါပဲ....။

အချစ်နဲ့ရည်မှန်းချက်ယှဉ်လာရင်

ရည်မှန်းချက်ကိုဦးစားပေးသင့်တယ်လို့

မှတ်ယူထားကြတဲ့

ခံယူချက်အားလုံးကို...

နှလုံးသားကဖြစ်ပေါ်လာတဲ့

အချစ်ခံစားမှုနဲ့

ဦးနှောက်ကဖြစ်ပေါ်လာတဲ့

ရည်မှန်းချက်

ဘယ်လိုမှကိုတစ်ထပ်တည်းမကျနိုင်ဘူးဆိုတာ

ငြင်းဆိုမိတာလည်း

ငါရူးသွပ်မှုပဲထင်ပါရဲ့...။

ဒီလိုပေါက်ကရ၈၀တွေ

လျှောက်တွေးလျှောက်ရေးနေတဲ့ငါ

ယောင်ချာချာနိုင်မှုတွေ

ရူးတူးတူးအတွေးအခေါ်တွေကိုတွေးတောရင်း

ငါ့ရင်ခုန်သံတွေ

ငါ့ဖြစ်တည်ခြင်းတွေ

ငါ့ချစ်ခြင်းတွေ

ငါ့လွမ်းခြင်းတွေ

ငါ့နားလည်ခြင်းတွေ

ငါ့ပေးဆပ်ခြင်းတွေ

ငါ့တမ်းတခြင်းတွေ....ကို

အဖန်တစ်လဲလဲဆုံးဖြတ်သုံးသပ်ရင်း

ငါမင်းကိုရင်နင့်စွာချစ်နေတယ်ဆိုတာ

အကြွင်းမရှိအဖြေထွက်နေခဲ့တယ်.........။........။

ပန်းခရေ(ရင်တွင်းဖြစ်)



9 comments:

Apprenticeship said...

Chittat dar so dal naw. Ta hpye hpye ne lawn bar byar...

Anonymous said...

နှလုံးသားက
စကားလုံးတွေကို
ဦးနှောက်ကစကားလုံးတွေအဖြစ်
လှပစွာပြောင်းလဲမပေးနိုင်ပြန်ဘူး
ခံစားချက်တွေ တူနေတယ် သယ်ရင်းရေ့ ရင်ထဲမှာ ငိုကြွေနေတာတော့ကြာပြီပေါ့  ငါ့ပေးဆပ်ခြင်းတွေ
ရင်နင့်စွာချစ်နေတယ်ဆိုတာ ကို သိနိုင်ပါစေလို့  ဆုတောင်းပေးပါတယ် သူငယ်ချင်းရေ့........။
နင်က ကဗျာရေးရင် ဖြစ်ပါတယ်ကွ ဒီကဗျာလေးတော်၂ကောင်းတယ် အဆင်ပြေပါစေကွာ။

ein said...

အကြွင်းမရှိအဖြေထွက်နေတယ်ဆိုတဲ့
စိန်ကြီးတယ်ရင်းလေး...ဒါကယောင်ချာချာ ကဗျာတစ်ပုဒ်ပေါ့နော်...:)

blogger's poem said...

စိန်ကြီးရေ

ရင်တွင်းဖြစ်တွေ သယ်လည်းထုတ်တာကိုး
ဖြည်းဖြည်းထုတ်အုံးလေ
ရင်တွင်းဖြစ်လို့ ကဗျာကတော့ ရှယ်နေတာပဲ
ဇွန်းပါတပ်ရမယ်ထင်တယ်နော်
နောက်ရင်တွင်းဖြစ်တွေကို မျှော်နေမယ်နော်

Unknown said...

စိန်ကြီး သူများတွေခေါ်သလိုခေါ်ကြည့်တာ .. ကောင်းသားပဲ.. ဟီးဟီး...
ကဗျာလေးက ကောင်းတယ်ဟ.. ကိုယ့်အနားရောက်လာမယ်

“သေချာမသိတဲ့ချစ်သူကိုလည်း

“မင်းသာကိုယ့်အနားရှိခဲ့ရင်”

ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို

မိုက်ရူးရဲဆန်စွာ

အဓိပ္ပာယ်ဖော်ဆောင်မိတာလည်း

ရူးသွပ်မှုတစ်ခုပါပဲ....။” ဒါလေးကိုပြောတာ စိန်ကြီးရ တော်တော် ကောင်းတယ်.. အချိန်တန်ရင်တော့ ပြန်လာမှာပါ.. နင်ယုံကြည်ပေးတာတွေ အလကားအဖြစ်နိုင်ပါဘူကွာ..

တင့်ထူးရွှေ said...

နှလုံးသားက စကားလုံးတွေ ကို ဦးနှောက်ကစကားလုံးတွေ အဖြစ်လှပစွာပြောင်းလဲမပေးနိုင်ဘူး .. အင်း ဟုတ်တယ်
မင်းပြောသမျှ စကားများကိုခေါင်းညိတ်လက်ခံမိတယ် ...ချစ်လို့ပေါ့နော့် ..
အဲဒီ အဖြေဟာ အမှန်ဆုံးလို့ထင်ပါတယ်
ဒါဆို စိန်မမ ညီမလေး အဖြေ မှန်ပါတယ် :P

Unknown said...

ယောင်ချာချာကဗျာကိုဖတ်ပြီး... ယောင်ချာချာဖြစ်ကာ ယောင်လည်လည်နဲ့ ပြန်သွားပါတယ် :)

မိုးတိမ်လေပြေ said...

ဘယ်ကနေကူးယူထားတာလဲ။ရေးထားတာလေးတွေကောင်းပါတယ်။တကယ်ခံစားနေရသလိုဘဲနော်။ဘယ်သူကိုခံစားပေးနေတာလဲ ဟင်။ ကြိုးစားနော်....အောင်မြင်မှာပါ။နော်ကျရင်လေ.....မပြောတတ်တော့ အားပေးလျှက်ပါ....

ဖြိုးငယ် said...

ပထမဆုံး အပိုဒ်လေးကို အကြိုက်ဆုံးပဲဟာ...

Related Posts Plugin for WordPress, Blogger...