Thursday, April 3

ကျမ၏တစ်နေ့တာ............

ဝါးးးးးးး.........မနက်ခင်းဝေလီဝေလင်းရဲ့ အလှအပတရားတွေကို ရှုမြင်ခံစားဖို့ အိပ်ယာကနိုးထလာခြင်းတော့ မဟုတ်ပါဘူး..။ မျက်စိနှစ်လုံး ပွင့်ချိန်တန်လို့ ပွင့်လာရတာပါ..။ နိုးထဖို့အချိန်တန်လို့သာ နိုးထလာရတယ်..။ သိပ်ပြီးထချင်သေးတာမဟုတ်ဘူးလေ...။းP ပန်းခရေရဲ့မိုးလင်းအိပ်ယာထချိန်ကတော့ ၆နာရီဆိုတာ မကောင်းတတ်လို့ထရတာပါ...။ ဟီးးသိပ်ထချင်တာမဟုတ်......။ အိပ်မှုန်စုံဖွား ၀ိုးတိုးဝါးတားနဲ့ အိပ်ယာကထပြီး ပထမဆုံးအလုပ်ကတော့ မှန်ကြည့်တာဂျ..။ မှန်ကြည့်ပြီးး မလှမပအလှအပကို အားပါးတရ
ခံစားရင်း မနက်ခင်းအလှတရားလေးကို ရှာဖွေမိပါတယ်..။းD မတွေ့ပါဘူးရှင်....။ လွန်စွာစိတ်ပျက်ဖွယ် ကောင်းသော ကောင်မလေးတစ်ယောက် ကိုတော့ တွေ့မိပါရဲ့....။ ဒီလိုနဲ့ ရှုပ်ပွနေသော ဆံပင်ကို ဖီးသင်ပြီးး မျက်နှာသစ် ...ပြီးတာနဲ့ . ရုံးသွားဖို့ ပြင်ဆင်ရတယ်..။ မတောက်တစ်ခေါက်ချက် ပြုတ်ပြီး ရုံးကို ထမင်းချိုင့် ထုတ်ရသေးတယ်...လုပ်ရသေးတယ်....။မနက်၈နာရီမထိုးခင် အပြီးပြင်ဆင်ရတယ်..။ ၈နာရီကျော်ထွက်တတ်တဲ့ ဖယ်ရီကားပေါ်ကိုလည်း အပြေးအလွှားသွားရပါသေးတယ်..။


ရုံးတက်ချိန်က မနက် ၉နာရီ.... ဒါပေမယ့် ကျမတို့ဖယ်ရီကားက ၈နာရီခွဲဆို ရုံးရောက်နေပြီလေ..။ ရုံးရောက်တာနဲ့ ကျမဘာစလုပ်လဲဆိုရင် ကွန်ပျူတာတစ်လုံးရှေ့မှာထိုင် ဘလော့လေးကို စတင်ဖွင့်ပြီးး ဘလော့လည်ခြင်းကိစ္စ လာလည်သမျှဘလော့တွေကို သွားရောက်လည်ပတ်ခြင်းကိစ္စကို စတင်တော့တာပါ ပဲ..။ ဒီလိုချောင်ကပ်ပြီး စတင်အပါးခိုနေလိုက်တာများ ဘယ်သူမှမခေါ်မချင်းပါပဲ ..။းD
ကျမအလုပ်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကသတင်းအချက်အလက်နှင့် နည်းပညာဌာန မှာ အငယ်တန်းအင် ဂျင်နီယာ (၂) ပေါက်စလေးပါ.....။ ကျမဒီအလုပ်လေးကို ရအောင်မနည်းကြိုးပမ်းပြီး ရှာထားရတာပါ..။ ကျမကမ္ဘာ မြေကြီးကိုလည်း ကျမကိုတစ်နေရာစာလေးတော့ ရပ်တည်ခွင့်ပြုပါရှင် ဆိုပြီးး သနားခံစာတင်ရတာ အမောပေါ့ရှင်..။ သနားလို့ရလာတဲ့ ရပ်တည်ခွင့်ရတဲ့ နေရာလေးကို ကျမရပ်တည်ဖို့ကြိုးစားရပါတယ်..။


ပန်းခရေရဲ့ တစ်နေ့တာ သာမန်ဘ၀လေးက အလုပ်တစ်ခုရလိုက်ချိန်မှာတော့... အငယ်တန်းအင်ဂျင်နီယာ တစ်ယောက်ရဲ့ တစ်နေ့တာဖြစ်လာပါတယ်...။ ကျမတို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အိုင်တီဌာနက အဓိကလုပ်ဆောင်ရတာ ADSL Line တွေကို ချိတ်ဆက်ပေးတာပါ........။ ဌာနဆိုင်ရာတွေ ၊ ဟိုတယ်တွေ ၊ အဆင့်မြင့်ဈေး ၊ လူနေအိမ် အစရှိတာတွေကို ADSL Line Servie ပေးရတယ်..။ ADSL နဲ့ပက်သက်ပြီး တက်လာတဲ့ ကွန်းပလိမ်းတွေ ဖြေရှင်းပေးရတယ်..။ ဖုန်းနဲ့ဖြေရှင်းရတယ် ဖုန်းနဲ့မနိုင်မှ လူကိုယ်တိုင်လိုက် သွားပြီး ဖြေရှင်းပေးရတယ် ..။ မိုးလင်းမိုးချုပ် ပြေးလွှားရင်း ကွန်ပလိမ်းဖြေရှင်းရတယ်။ ဒီကြားထဲမှာ ကြိုးကြား ကြိုးကြား အလုပ်ကလေးတွေကိုလည်း လုပ်ရပါသေးတယ်...။ တစ်ခါတစ်လေ ပြေးလွှားရပါသေးတယ် အလုပ်နဲ့ပက်သက်တာလေးတွေပါ..။ ဆိုဒ်ထဲလိုက်ရတဲ့ နေ့တွေဆို ပျော်ဖို့လည်းကောင်းပါတယ်..။ ပေခရမ်းက ဆိုဒ်ဆိုသိပ်မလိုက်ဖြစ်ပါဘူး..။ ရုံးမှာထိုင်ပြီး ကွန်ပလိမ်းဖြေရှင်းတဲ့ အလုပ်ကိုလုပ်တာများပါတယ်..။ အခုဆိုလည်း စာရေးချင်လို့ ဘလော့ရေးချင်ပါသောကြောင့် ဆိုဒ်ထဲကို လိုက်မသွားပါဘူး... ။ ADSL ချိတ်ဆက်ချိန်မှာ ဂျမ်ဘာချိုးရတဲ့ အလုပ်ကို ပထမဆုံး စလုပ်စက ဘာမှကိုမသိဘူး အတော်လေးခက်တယ်ပေါ့ နောက်ပိုင်းချိုးတတ်လာတော့ လွယ်သား...။း)

ဒီလိုမျိုးလှည့်ပတ်ပြီးး သွားနေတာ တစ်နေ့တစ်နေ့ ကွန်းပလိမ်းရှင်းလိုက် ဘလော့ဖတ်လိုက် အွန်လိုင်းပေါ်မှာ ချက်တင်တက်လိုက်နဲ့းD နဲ့ တစ်နေ့တာကာလလေးကို ရိုးရှင်းစွာ ဖြစ်ကျော်ရပါတယ်။ ညနေ၅နာရီဆို ဖယ်ရီကားလာပါတယ် ..။ အိမ်ပြန်ရောက်ချိန်မှာလည် ရေချိုးး ထမင်းစား သူငယ်ချင်းအားလုံးနဲ့ လဖ္ဘက်ရည်ဆိုင်ထိုင် ည၁၀နာရီလောက်မှာ တစ်နေကုန်ညောင်းညာထားတဲ့ မျက်လုံးတွေ အာရုံကြောတွေကို အနားယူရင်း ကျမရဲ့ စိတ်အပန်းဖြေခြင်းလုပ်ငန်းကိုစတင်ပါတယ်....။ ဘာမှသိပ်ပြီးထူးခြားမှုမရှိတဲ့ ကျမရဲ့ တစ်နေ့တာလေးပါ....။

သူငယ်ချင်းရန်ရန်က သိချင်ဆိုလို့ ရေးလိုက်တာပါ..။ ထူးဆန်းမှုတော့မရှိပါဘူး ....။ ကဲသူငယ်ချင်းရန်ရန် ငါတော့ရေးပြီးပြီဟ ဖတ်လိုက်တော့ ..။

7 comments:

Anonymous said...

ပန်းခရေရေ(ခ)ဒေါ်စိန်မမ လျှိုမထားနဲ့ ရုံးပိတ်ရက်မှာ Date
ထွက်တာတွေ ပြောအုံး...........ဟီး..........

ein said...

စိန်ကြီး.............
နာတို့သွားရင် ဆိုဒ်ထဲမလိုက်တဲ့
ဒေါ်ဒေါ်ပေခရမ်း..........မနက်၆နာရီကိုမနည်းထဖို့အမြဲပြောရတဲ့အိပ်ပုတ်ကြီး
အဟတ်ဟတ်
အင်...............ချက်ပြုတ်စားသောက်တယ်ဆိုပါလားနော်
းD
ကွန်းပလိမ်းရှင်းလိုက်၊ ဘလော့ဖတ်လိုက် ၊အွန်လိုင်းပေါ်မှာ ချက်တင်တက်လိုက်နဲ့ ပေါ့
ဟဟဟ
ကပေါင်း ကပေါင်း ကျားစိုး ကျားစိုး ဝေ့းD
ဒါပဲ ဂလောက်...း)

Anonymous said...

ဂျမ်ဘာချိုးရတယ်ဆိုတာ ဘာကိုပြောတာလဲဟ မကြားဖူးဘူး ဟီး အိပ်ယာနိုတာနဲ့  မှန်ကြည့်တယ်ဆိုတော့ လန့် မသွားဘူးလား ငါတော့ လန့် သွားကောဟ ဗေလုဝလေ သိတယ်ဟုတ်......။ တစ်နေ့ တာတွေက စိတ်ဝင်စားဖို့ ကောင်းသားပဲ ရန်ရန်ဆိုတာ ဘယ်သူတုန်း မှန်မှန်ပြောနော် စိန်ကွီး ရုတ်၂လူပ်ရင် မုတ်သုန်ဆီက သေနပ်ငှားပြီး လာပစ်လိုက်မယ်း)

မော်စီ said...

လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုပါလား အင်း ကျနော်လည်း လက်ဖက်ရည်ဆိုင်မထိုင်ရတာ ၂ နှစ်ကျော်ပြီး ထိုင်ဖို့ ပိုက်ဆံမရှိတာလေ
ရှိရင်ချေးပေး ဒါပဲ

မောင်ထုဆစ်သော "ပန်းလေး" said...

Nyi Ma lay yay..
Glad to see your life. Should we get out from the ordinary life? h`h` po pi sait win zar saya kaung ma lar lo bar :P

Apprenticeship said...

Nyi Ma lay yay..
Glad to see your life. Should we get out from the ordinary life? h`h` po pi sait win zar saya kaung ma lar lo bar :P

Unknown said...

သြော်...တော်တော်ပင်ပန်းရှာတာပါလားနော်..သနားတောင် သနားလာပြီ...။ :P

Related Posts Plugin for WordPress, Blogger...