Thursday, March 27

ပန်းခရေ၏ လွဲချော်မှုများ.....


ဘာရယ်မဟုတ်ပါဘူး..ကျနော့်ရဲ့အဖြစ်အပျက်လေး ပြောပြချင်လို့ပါ..အလွဲပေါင်း မြောက်များစွာထဲက အလွဲတစ်ခုပေါ့. ပေခရမ်းတို့က အမြဲတမ်းလွဲရမှ စိတ်ချမ်းသာတတ်တယ်။ ဒါလေးကတော့ BE တန်းတက်တုန်းက လွဲချော်မှုလေးပါ..။ ကျနော်တို့ကျောင်းက ဘယ်တော့မှ တစ်မျိုးတစ်ဘာသာ ပြီးတယ်ရယ် မရှိဘူး.။ အမြဲတမ်း ရင်တစ်ထိတ်ထိတ်စောင့်ရတာ ကျနော်တို့ကျောင်းရဲ့ ထုံးစံပါ ။း)

ကျောင်းစာမေးပွဲ ဖြေဆိုချိန်ကလည်း ဘယ်တော့မှန်းမသိဘူး.။ ရက်အတိအကျမသိရဘူး။ ဖြေမှသာဖြေပြီပဲ ဘယ်နေ့ဖြေရမယ်ဆိုတာကို အချိန်ဇယားလေးထွက်လာမှ သိရတယ်လေ။ ဆိုးပုံက အဲလို။ ပြောချင်တာက BE စာမေးပွဲဖြေစဉ်က အကြောင်းလေးပါ..။ ကျနော်တို့ BE တန်းတက်တုန်းက ၇ဘာသာ သင်ရတယ် ။ ၂ဘာသာပေါင်းပြီး ၁ဘာသာ အဖြစ်သင်ရတယ်။ အဲဒီဘာသာက Graphic ရယ် DSP လို့ခေါ်တဲ့ Digital Signal Processor ဆိုပြီး Processer တွေကို ဒစ်ဂျစ်တယ်နဲ့ အခြေခံပြီး တွက်ချက်တဲ့ အပိုင်း ..ဒီဇိုင်းဆွဲတဲ့ အပိုင်း .. တွက်ချက်တဲ့ အပိုင်း .. Processorရဲ့ အလုပ်လုပ်ပုံတွေကို သင်ရတာပါ..။ သင်တော့သင်ခဲ့ရတယ် တတ်ခဲ့လားမေးရင် မတတ်ခဲ့ပါဘူးလို့ ပွင့်လင်းစွာ ၀န်ခံရပါ့မယ် ။ ဒီအပိုင်းကို အမှတ်၅၀နဲ့ တစ်ပိုင်း သတ်မှတ်ပြီး တစ်ဘာသာထားတယ် ။ Graphic ကိုကျတော့ ပရိုဂမ်ရေးပြီး ဒီဇိုင်းဆွဲတာပါ။ ဒါကိုတော့ အမှတ်၅၀ သတ်မှတ်ပြီး တစ်ဘာသာပေါ့ ။ ၂ ဘာသာပေါင်းပြီး တစ်ဘာသာသတ်မှတ်တယ်။။

ပြောပြချင်တာက ၂ဘာသာလုံးက ခက်တယ်ပြောရမယ်။ ခက်တယ်ဆိုတာ နားမလည်လို့ပါ နားလည်တဲ့ ဆရာသမားတွေအတွက်တော့ ပြောသလောက်မခက်ပါဘူး။ ထင်သလောက်မခက်ပါဘူး။ ကျနော်တို့က သိပ်နားမလည်ဘူးလေ။ ပိုဆိုးတာက DSP သူက EC မေဂျာနဲ့ပေါင်းသင်ရတယ် ။ သင်တဲ့ဆရာမက ECက ဆရာမ ပေါ့။ ကျနော်တို့အိုင်တီက မိုင်နာအဖြစ်သင်ရတယ်။ ဒါကိုနားမလည်တော့ ဆရာမကကျူရှင်ပေးပါတယ်။ ကျောင်းမှာ ကျူရှင်တက်ကြတာ ပေါ်လစီလိုဖြစ်နေတယ်။ ပိုဆိုးတာက တခြားမေဂျာတွေ သူတို့က တွက်စာတွေပါတယ်လေ။ ကျနော်တို့ အိုင်တီက ကျက်စာများတယ် ။ သိပ်မတတ်ကြဘူး။ ဒါ့ထက်ကျနော်တို့နှစ်က လူဆိုးတွေလေ။ ညီကြတယ်။ ကျူရှင်လုံးဝမယူကြဘူး ။ BE တန်းသာ အောင်လာတယ်။ ကျူရှင်ဆိုလုံးဝပဲ မတတ်ခဲ့ဘူး။ ကျောင်းတောင်တက်ရတာပျင်းတာ ဒီစာကို၂ခါသာ ပြန်သင်ရရင် သေလိမ့်မယ်။ စာတော်လို့ဒီကျောင်းရောက်တာမဟုတ်ဘူးလေ ။ ဟိုမရောက်ဒီမရောက်မို့သာ ဒီရောက်တာ။ တော်လို့မဟုတ်တော့ ထုံးစံအတိုင်း စာကျက်ရမှာပျင်းသလို သင်ရမှာ သေမလောက်ကြောက်တယ် ။း)

ဒီတော့ ကျနော်တို့ ဒီဘာသာကို ဆရာမလုပ်တဲ့သူက ကျူရှင်ပေးတယ်။ EC မေဂျာကလည်း တစ်မေဂျာလုံးကို အားကြိုးမာန်တက်ကို တက်ကြတယ်။ ကျနော်တို့အိုင်တီက မိန်းကလေးများတယ် ။ အယောက်၂၂ယောက် ၇ှိတယ်။ ညီချက်ကတော့လန်ထွက်နေတယ် ။ ဘယ်သူမှ မတက်ကြဘူး။ ကောင်လေးက ၂ယောက်ပါတယ်။ ကျနော်တို့မတက်တော့ မတက်ရဲကြဘူးလေ။ ကြောက်ကြတယ် ။ ရေများရေနိုင်ပေါ့ ။း) အဲဒီတော့ အဲဒီဘာသာကို ကျောင်းမှာလည်းမသိဘူး ။ နားလည်းမလည်ဘူး။

တစ်နှစ်ကုန်သွားတယ် ။ စာမေးပွဲသာရောက်တော့မယ်။ DSP is nothing for me .ဟီးး အဲလိုဖြစ်နေတာ ။ ဘာမှကိုမသိတာ။ နားလည်းမလည်ဘူး ။ ပစ်ထားတယ်။ သူနဲ့တွဲတဲ့ ဘာသာကိုရလားဆိုတော့လည်း ပရိုဂရမ်က c++ လို JAVA လိုမဟုတ်ဘူး ..။ သူ့ကိုဆွဲတဲ့ ပရိုဂရမ်က အရမ်းခက်တယ် .။ မြန်မာနိုင်ငံမှာကို မရှိတာ မရမ်းနိုင်သေးဘူး။ တစ်ခါတည်းပြောပြပါအုံးမယ်။ ဒီဘာသာခက်တာကတော့ ဒီဘာသာကိုသင်တဲ့ ကျနော်တို့ရဲ့ ဆရာ ကြောင်သွားပါတယ်။ စာကြောင်ကြောင်သွားပါတယ်..။ ဆရာကစေတနာအပြည့်နဲ့ ကျနော်တို့ကို ရစေချင်တယ်။ သူလည်းကြိုးစားတယ်။ ဖြစ်ချင်တော့ ကျနော်တို့က မတွေးဘူး အသင့်သမား တွေလေ။ ဆရာလုပ်ခိုင်းတဲ့ လက်တွေ့လည်းမလုပ်ဘူး ။ ဆရာ့စေတနာကို အခုတော့ ရေရေလည်လည်နားလည်နေပါပြီ။ ဆရာအတွက် ၀မ်းနည်းမိတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ် ။ ကျနော့်ဆရာအရမ်းတော်တာပါ။ မြန်မာနိုင်ငံမှာ မရမ်းနိုင်သေးတဲ့ ပရိုဂရမ်တွေကို ရအောင်ရမ်းတယ်။ အဆင်မပြေပေမယ့် စေတနာနဲ့ စဉ်းစားတယ်။ ကျနော်တို့သာ ကျောင်းပြီးသွားတယ် ဆရာ မပြီးသေးဘူး ။ ကြိုးစားဆဲလေ။

အဲဒီဘာသာကလည်း အားနည်းတယ် ။ ဟိုဘာသာကမရဘူး။ ဒီလိုလိန်ပိန်နေတဲ့ ကျနော်စာမေးပွဲကို .ယက်ကန်ယက်ကန်ရောက်လာတယ်။ စာမေးပွဲမှာ အချိန်စာရင်းက ဒီ၂ဘာသာကို ၅ရက်မြောက်နေ့မှာ ဖြေရမယ်။ သောကြာနေ့ပေါ့။။ ကျနော်က အကျင့်တစ်ခုရှိတယ်။ စာကျက်ရင် ဘယ်တော့မှ တစ်နှစ်လုံးစာမလုပ်ဘူး ။ အချိန်စာရင်း ထွက်လာမှ အချိန်စာရင်းနဲ့ တိုက်လုပ်တာ။ ဥပမာ တနင်္လာနေ့လို ဘာသာဆို ပြတ်ပြီ ။ တစ်ဘာသာ အော်တိုဖြတ်တာ စနေ၊ တနင်္ဂနွေကျက်မယ် ။ ပြတ်ပြီပေါ့ အေးဆေး ။ အဲလို ကိုယ့်ဘာသာဖြတ်ကျက်တဲ့ ကျနော် ဒီ၂ဘာသာကိုကျက်မယ့် ရက်ရောက်တော့။ ပြောရရင် လေ့လာမယ့်အချိန်ပေါ့။ အခုမှစလေ့လာမှာလေ ။ သတင်းကြားတယ်။ ဘာသတင်းလည်းဆိုတော့ အဲဒီနေ့ က သောကြာနေ့ ဒေပါပလီနေ့ကြတယ်တဲ့။ အိုးပျော်လိုက်တာ ဒါဆို ရင် ဒီဘာသာက ဟိုးနောက်ဆုံးကိုရောက်သွားမယ်လေ ။ ပျော်လိုက်တာများ မပြောပါနဲ့ ။ ကိုယ့်ဘာသာကို ဖြတ်ပစ်တာ။ အဲဒီ ၂ဘာသာကိုမကြည့်တော့ဘူး။ ပြတ်သွားတယ်။ ရေလည်လေလိုက်သေးတယ်။ အချိန်ဇယားရက်ကပိုတာကို ဆော့လိုက်တာများ လန်ထွက်နေတယ်။


ကျနော့်ဘာသာ ကိုယ့်အတွေးနဲ့ကို ကယ်လ်စီယမ် ကွေကာ သောက်နေတာများ လန်ထွက်နေတယ်။ ဒီလိုနဲ့ စာမေးပွဲ စဖြေတယ်။ ပြောရအုံးမယ်။ ကျနော် BE အောင်သာလာတာ ခက်လိုက်တာဗျာ စာတွေ ။ စစ်တဲ့သူက တစ်ယောက်၊ သင်တဲ့သူကတစ်ယောက်၊ ကို့စ်ထုတ်တာတစ်ယောက် ၊ မေးခွန်းစစ်တာတစ်ယောက်၊ စာစစ်တာတစ်ယောက် ၊ ဒီလောက် လူလေးယောက်ကြားမှာ ရောက်နေတဲ့ ကျနော်တို့ ဘ၀က ဘယ်မှာလှပပါ့မလဲနော်။ ထုံးစံအတိုင်း အမျိုးမျိုးသော စည်းမျဉ်းတွေအောက်မှာ လည်ထွက်နေတာပဲ .။ အင်္ဂလိပ်နေ့ကလွဲပြီးး ကွဲလိုက်တာများ ငိုမယ်ဆိုရင်တောင် မျက်ရည်မကျန်တော့လို့ မငိုခဲ့ရပါဘူး။ အိုင်တီတွေ ကံမကောင်းလိုက်တာများ IT လို့ခေါ်တဲ့ စက်ရုပ်တွေအလုပ်လုပ်တဲ့ Robot တွေရဲ့ ဦးနှောက်တု ပေါ့ ။ ဒါကိုသင်ရတယ် ဒီဘာသာက ကျက်စာ အပုဒ် ၈၀ ရှိတယ်။ ဒါတောင် ရွေးကျက်တာနော်။ ဒါကိုစာမေးပွဲမှာ တစ်ပုဒ်မှမပါဘူး။ ၂ပုဒ်ပဲပါတယ်။ ဒါတောင် ၅မှတ်တန်လောက်ကို ၂၀မှတ်လုပ်ထားတယ်။ ၂၀မှတ်တန်ကို ၅မှတ်တန်လုပ်ထားတယ်။ ဘယ်လိုဖြေရမလဲ ။ ပြောပြကြပါအုံး ။ အူကြောင်ကြောင်နိုင်လိုက်ပုံများ ဘယ်လိုဖြေရမယ်မှန်းကို မသိတော့တာပါ.။

ဒီလိုနဲ့ ၃ဘာသာမြောက်တဲ့နေ့မှာလည်း အလဲလဲအကွဲကွဲ ပဲ။ ဟော ၄ဘာသာမြောက်တဲ့နေ့မှာ စသိရတာက မနက်ဖြန် ဒေပါပလီ မဟုတ်ပါဘူး ။ မပိတ်ပါဘူးတဲ့။ ဖြေရမယ်တဲ့ ။ သွားပြီ စိန်မမတို့ခေါင်း မိုးကြိုးပစ်တာပဲ။ ကဲဘယ်လိုလုပ်မလဲ ၂ဘာသာကြီးလေ ။ သေပြီ ၁ဘာသာမှကို မကြည့်ရသေးဘူးး။ ပြီးတော့ကျက်စာမဟုတ်ဘူး ။ ဘယ်လိုလုပ်ရမလဲ။ စိန်မမသေတာပါပဲ။ သွားပြီ အဲဒီအချိန်ကြမှ အမေကိုတလိုတ။ ဘုရားတလိုတ။ စိတ်ဓာတ်တွေကျ။ ရင်ထဲမှာ မီးဖိုထားသလိုပဲ ။ အခုမှ အတွေးက ၀င်လာပြီလေ “ ငါကျများကျသွားခဲ့ရင်..........” ဆိုတဲ့ အတွေး ...။ ဒီအချိန်မှာ အမေ့မျက်နှာကို ပြေးမြင် သွားပြီ ငါကျသွားရင် အမေတော့သနားပါတယ် တစ်နှစ်ဆိုတာ နည်းတာမဟူုတ်ဘူး ကျောင်းသားစရိတ် အားပါး ....မရှာပဲ ထိုင်ဖြုန်းရုံတင်မက ဖြုန်းတီးလိုက်တာများ အသုံးမကျဘူးပေါ့.။ အတွေးတွေယောက်ယက်ခက်ပြီး ရေချိုးတယ်.. အဲဒီမှာ ကျနော် စိတ်နဲ့လူမကပ်လိုက်ပုံများ သွားတိုက်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာကို မှားတိုက်နေတာ ကျနော်လုံးဝမသိဘူး။ သတိလည်းမထားမိဘူး ရေအတူတူချိုးတဲ့ အဆောင်က ညီမလေးက မစိန်မမ ဘာတွေတိုက်နေတာလဲ ဆိုပြီးး လာမေးတော့မှ ကျနော့်လက်ထဲက မျက်နှာသစ်ဘူးကို သတိရတယ်။ ဒါလည်းစိတ်နဲ့လူမကပ်တာပေါ့။ ကြောင်သွားပြီကိုထင်တာ လူကရူးကြောင်၂ ရယ်။ စာလည်းမကျက်ရသေးဘူးလေ။ မနက်ခင်းဖြေရမယ် ။ စာမရသေးဘူး ဖြေစရာကိုမရှိတာ။

ဒီလိုနဲ့ ၃နာရီလောက်မှာ မိုးတွေက သည်းကြီးမည်းကြီးရွာတယ်..။ ကျနော်ဘာဖြစ်တယ်ထင်လဲ ဖျားတာများ ကျစ်ကျစ်တောက်ပဲ လန့်ဖျားလေ။ ဖျားတယ် စာကလည်းမရသေး..။ တစ်ဆောင်လုံးလည်းစိတ်ပူပေါ့ သွားပြီပဲ ကျပြီပဲ။ ဖြစ်ချင်တော့ ဘိုင်အိုဂျက်စစ်ကို အစားမစားပဲသွားသောက်တာ ဘာအခန့်မသင့်တယ်မသိဘူး သွားစိသလိုဖြစ်သွားလို့ တော်တော်ကုယူလိုက်ရတယ်။ ည၉နာရီကျော်ထိ ဘာမှ မကျက်ရသေးသလို ဘာမှမရသေးဘူး ။ လူတောင်အနိုင်နိုင်ရယ်။ ဆရာမကရော အမေ့ကိုဖုန်းဆက်မယ်ပေါ့။ မဆက်ပါနဲ့ ဆရာမရယ် သမီးသေလိမ့်မယ် . ရပါတယ် သမီးဘာသာပဲ ဖြေရှင်းမယ်ဆိုပြီး ...စာထကြည့်ဖို့လုပ်တယ်..။ ခေါင်းတွေလည်းမူးနေပြီ ၀ါးတားတားပဲ ။

အရင်ဆုံး ပုတီးစိပ်တယ်..။ အခုမှဘုရားတတာလေ..။ စိတ်ငြိမ်ချိန်မှ ကျနော် စပြီး Graphic ဘာသာကို စကိုင်တယ် ။ ရွေးကျက်တယ်။ ဖတ်တယ် မှတ်တယ်..။ ဒီလိုနဲ့ မနက်၆နာရီထိုးသွားတယ်..။ တစ်ဘာသာပဲပြီးတယ်.။ အဲဒါအကုန်ရတယ်မထင်ပါနဲ့..။ ဖြတ်လိုက်တာပါ..။ ၈နာရီခွဲ စာမေးပွဲကို ၆နာရီကျောင်ပြီ တစ်ဘာသာမကိုင်ရသေးဘူး ။ ဒါနဲ့ နောက်တစ်ဘာသာရဲ့ themes ကို ကြည့်လိုက်တယ်။ ပြီးမှ မှတ်တယ်။ ဒီလိုနဲ့ ၈နာရီ...ဂိုးပြီ စိန်မမတို့ ကျောင်းတော်ကြီးကို စာမရစွာနှင့်ပေါ့..။

ကျောင်းရောက်တော့ ဘုရားလည်းတပေါ့ စာတော့မကြည့်တော့ပါဘူး ကျနော့မှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါက စာရရ မရရ ကျောင်းမှာ စာမကျက်တတ်ဘူး မကြည့်တော့ဘူး ။ ရသလောက်ပေါ့ ။ ခပ်တည်တည်ပဲ ။
စာမေးပွဲဖြေခန်းမှာ ၀င် ပြီးတော့ မေးခွန်းစဝေတယ်။ မေးခွန်းစာရွက်လေးကို ကိုင်ပြီး ကြောင်နေတာပေါ့။ ကြည့်ကိုမကြည့်ရဲတာ ။ စတင်ဖတ်ပြီ မေးခွန်းနံပါတ် ၁ ..၀ိုးး ရွေးကြည့်ထားတဲ့ တစ်ပုဒ် ဂွတ် ပျော်သွားတယ်။ နောက်နံပါတ် ၂ ၀ူးးးးးးးးးး သေချာကြည့်လိုက်တဲ့ ပုစ္ဆာ ဂွတ်
တစ်ဘာသာကို ပုဒ်ကြီး၃ပုဒ်ဖြေရတယ်.........။ တစ်ဘာသာပိုင်သွားပြီ ပျော်လိုက်တာ ဒီလိုနဲ့ နောက်တစ်ဘာသာ ၀ူးး တော်သေးတယ် တွက်တတ်တဲ့ စာတွေ နားလည်သလိုလိုရှိတဲ့ စာတွေ .။။ ပြောချင်တာက အဲဒီနေ့ကစာတွေ ကျနော် ခုချိန်ထိမမေ့သေးဘူး ။ အလွတ်ရဆဲပဲ ။ ကြည့်သွားတာက နားလည်အောင်လေ ကျက်တာမဟုတ်ဘူး ။ ကျနော်ဖြေနိုင်ခဲ့တယ် ။ စာရွက်တွေတောင် အပိုတောင်းရသေးတယ်..။ ကျနော်ပျော်လိုက်တာ..။ အောင်ပြီလို့ပြောလို့ရသွားပြီလေ..၊။

ကျနော်အဲဒီဘာသာကို ၆၈မှတ်နဲ့အောင်တယ်ဗျ...၊။ ပြောရပါအုံးမယ်..။ Roll 1 က အဲဒီဘာသာကို ၅၂ မှတ်ပဲရတယ် ။ ကျနော်များဆုံးပေါ့ဗျာ..။ ကျနော်ပျော်လိုက်တ.ာ.........။ ကျနော်ကတော့အဲလိုအလွဲလွဲအချော်ချော်ကြားက အောင်လာတာပါ..။
ကျနော်ဒီဘာသာကိုအောင်တာ ဘုရား ဂုဏ်ကျေးဇူး ၊အမေ့ကျေးဇူးကြောင့်ပါ....။အမေကိုတိုင်တည်တယ်.....။ အဓိကက ကျနော် သစ္စာဆိုလိုက်တာပါ...။
“ ဘုရားတပည့်တော်မသည် ဤစာမေးပွဲကို အောင်မြင်လိုသည်မှာ အမေ့အတွက်ဖြစ်ပါသည်ဘုရား...
အမေ့ကိုလုပ်ကိုင်ကျွေးမွေးချင်တာ အမှန်ပါဘုရား...
ဤစာမေးပွဲသည် အမေနှင့်သက်ဆိုင်သောကြောင့် တပည့်တော်မသည်အောင်မြင်စွာဖြေဆိုနိုင်ရပါလို၏
အရှင်ဘုရား.............”

ဆိုပြီး ကျနော် ဘုရားမှာတိုင်တည်မိတယ်..။ ကျနော်ဒါကြောင့်အောင်တာပါ........။
မဟုတ်ရင်မ လွယ်ကူဘူးလေ.......။
ဒါကတော့ကျနော့်ရဲ့ လက်တွေ့ဖြစ်ရပ်လေးပါ.......။သူငယ်ချင်းတို့ကို ပြန်ပြောပြတာပါ........။
အားလုံးပဲ စာဖတ်ပြီး အဆင်ပြေပါစေ။ စာရေးညံ့တော့ နားမလည်တာ ရှိရင် ခွင့်လွှတ်ပေးကြပါ........။

ပန်းခရေ (ရင်တွင်းဖြစ်)

12 comments:

ကောင်းအောင် said...

သူငယ်ချင်းရေ...
ရေးထားတာတော့ ရေရေလည်လည် လန်ထွက်နေတာပဲ.. ငါ့သူငယ်ချင်းလည်း စာကြောင်ကြောင်ဘူးတာကိုး.. ဟီးဟီး.. အခုမှ သိတယ်.. မျက်နှာသစ်ဆေးနဲ့ သွားတိုက်ဆေးမှားတာတော့ ဖြစ်နိုင်တယ်.. ငါတို့တုန်းကလည်း သွားတိုက်ဆေးနဲ့ ရှန်ဟိုင်းမှားတိုက်ဘူးတယ်.. စာမေးပွဲကို အောင်ယုံတင်မဟုတ်ဘူး.. အမှတ်ကောင်းကောင်းနဲ့ အောင်တာက နင့်ရည်မှန်းချက် ကောင်းလို့ပဲ.. အမေအတွက်စာမေးပွဲ ဖြေသလိုဖြစ်တာပေါ့.. နောက်ထပ်အလွဲလေးတွေကို ရေရေလည်လည် လန်ထွက်စွာနဲ့ စောင့်နေပါတယ် သူငယ်ချင်း.. :D :D :P

မင်းကျန်စစ်။ said...

အမလေးလေး အမေရယ် သားဖြင့် ဖတ်ရတာ မောရောပဲ။
ဘာဆက်ဖြစ်မယ် ဖြစ်မယ်နဲ့ ဒဂုံရွှေမျှားရဲ့ သည်းထိပ်ရင်ဖိုဇတ်လမ်းကျနေတာပဲ။
အပြင်းထူတုန်းက ထူပြိးမှ အမေ့ အမေကို သွားသတိရတယ်ဆိုတော့ တော်တော်ဆိုးတာကိုး။
နောက်ကို လန်ထွက်နေအောင် ကြိုးစား သားစကားကို နားထောင် :D
ငါလည်း ၁၀တန်းဖြေတုန်းက အိပ်နေရင်း ကုတင်အောက်က ဖိနပ်တွေ ကောက်ပြီး လက်မှာစွပ်ခဲ့ဖူးတယ် :P

Anonymous said...

သယ်ရင်းရေ့ ကိုယ်ချင်းစာတယ် ငါလဲ အဲ့ကျောင်းတတ်ခဲ့ရတာကို .။ စာမေးပွဲံက ဘယ်တော့ဖြေလို့ ဖြေမှန်းမသိ မေးခွန်းပုံစံကအတည်တကျမရှိ .။ အရူးကို ချစ်သူတော်ရသလိုပဲ တော်ကြာ ကျောင်းမှာက ကောလဟာလတွေထွက် စာမေးပွဲက နက်ဖန်ပဲဖြေရတော့မလိုလို တော်၂လေဖို့ ကောင်းတဲ့ကျောင်း ပျော်စရာဆိုတာလည်း ဘာမှန်းမသိ ။ ကျောင်းခေါ်ချိန်မပြည့်ရင်လဲ စာမေးပွဲဖြေမရဘူးဆိုလားပဲ ခြောက်တာ တကယ်လဲမဟုတ်ပဲနဲ့  ။ ကြုံတုန်းလေးကြွာလိုက်အုံးမယ် ငါတို့ ဘာသာတစ်ခု လေ T@D ဆိုတဲ့ ဘာသာဆရာက ရေခဲတုံးကြီးလိုပဲ သူပြောချင်ရာပြောနေတာလေ သူ့ ကိုနားလည်၂ မလည်၂ ခေါင်းညိတ်ထောက်ခံနေရင် အိုကေတယ် ဟီးး ငါ့သယ်ရင်းလေ အတန်းရှေ့ဆုံးမှာထိုင်နေရင် နဲ့  အိပ်ငိုက်နေတာ ဆရာ့ကို အောတို ခေါင်းညိတ်နေတာပေါ့ ဟားဟား ဆရာကလည်းမသိဘူးဟ...။ တက္ကသိုလ်ကျောင်းသားဘ၀ ပျော်စရာကောင်းမလား အောင့်မေ့တယ် အဲ့ဒီကျောင်းတတ်ရတာတော်၂ဆိုးတယ် ဒီကြားထဲ ကျောင်းကားတိုးဆီးရတာ “ဟို သစ်သားချောင်း ချွှန်၂ ကြီးကိုင်ရတာ ပိုဆိုးတယ် .။ နင်ကံကောင်းတာပေါ့ ရွေးကျက်တဲ့အပုဒ်တွေပါလို့  ငါ့တုန်ူးကတော့ ကျက်စာနေ့ မှာ တွက်စာတွေမေးထားလို့ တစ်လုံးမှကို မသိတာ ဘယ်တတ်နိုင်မတုန်း မေးခွန်းတွေကြီးပဲ ပြန်ကူးထည့်ပေးလိုက်တယ် .။ အောင်သွားတယ်ကွ မျဉ်းပေါ်ကလေ တော်၂ကောင်းတဲ့ ပညာရေးစနစ်ပဲနော် ..........။:D

Nyein Chan Aung said...

တော်တော်ကိုလွဲခဲ့တာပဲ။ အရွန်းအဖောက်တွေနဲ့ ညီမ ရေးလိုက်တော့ ပိုစ့်က မြိုင်သွားတော့တယ်။ Bravo.

စိုးထက် - Soe Htet ! said...

အင်းဗျ ... ဘုရားက တိုက်ရိုက် မတာတော့ မဟုတ်ပါဘူး ... တစ်ကယ်တော့ ဘုရားဟောတဲ့ နည်းထဲက စိတ်ထားနဲ့ ယုံကြည်ချက် သဒ္ဓါ တရားကြောင့် ...
... သစ္စာဆို တိုင်တည်ပြီး ကျက်မှတ် တော့ စိတ်ကောင်းလေး နဲ့ တွေဝေမှု နည်းပြီး အောင်လာတာပါ ..
ဘာပဲ ဖြစ်ဖြစ် အောင်မြင်လာတာ ၀မ်းသာစရာပါ ...
အဆင်ပြေပါစေ ...

Apprenticeship said...

paing dal naw. Lwae myar ma lawe yin a mat pye ya mar naw :)

Unknown said...

လွဲလည်း လွဲနိုင်ပါပေတယ် :P

~J-Quen ~ said...
This comment has been removed by the author.
~J-Quen ~ said...

ပိုစ်လေးက အရမ်းကောင်းတယ်။ မျှဝေပေးတဲ့တွက် ကျေးဇူးပဲ အမရေ..။

တင့်ထူးရွှေ said...

လန်နေအောင်ကိုလွဲတာနော်
အရေးအသား ကလဲ လန်ထွက်နေတာပဲ
နောက်လဲ များများရေးနိုင်ပါစေ :)

ရွှန်းမီ said...

:) good job!

ein said...

အိုးအိုး DSP ချာမကြီး ပဲနော်...း)
နာကတော့ အဲကြောင်းတွေကိုပြန်ပြောဖို့တော်တော် ခက်လိမ့်မယ်ကွ...ပြောလဲပြောချင်တယ် ပြောလဲပြောတော့ဝူးး:D

Related Posts Plugin for WordPress, Blogger...