အို…
လှမ်းလို့မျှော်လိုက်တော့
သတ္တ၀ါတို့ လျှောက်ရမည့်လမ်း
မတွေးတော့ဘူး။
မမ
လည်း လျှောက်နေတယ်
လမ်းမှာ ကျောက်ခဲလေးတွေအများကြီး
အစုံအညီ ပလုံစီလို့
လောကဓံကို သည်းခံရင်း။
တွေးလိုက်မိတယ်
တန်ဖိုးအသီးသီး
ရှုမငြီးဖွယ်
ကျောက်ခဲလေးတွေနဲ့
ဆက်စပ် ပတ်သတ်ပြီး။
စိန်
သူကတော့
တန်ဖိုးအရှိဆုံး
အမာဆုံး
အလှဆုံး
အရောင်တလက်လက်နဲ့
မှတ်ကျောက် အတင်ခံနိုင်ဆုံး
လူသားတွေကို
အလှဆင်မှု
အကျိုးအပြုဆုံး
-------- ဆုံး
-------- ဆုံး။
မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။
လှမ်းလို့မျှော်လိုက်တော့
သတ္တ၀ါတို့ လျှောက်ရမည့်လမ်း
မတွေးတော့ဘူး။
မမ
လည်း လျှောက်နေတယ်
လမ်းမှာ ကျောက်ခဲလေးတွေအများကြီး
အစုံအညီ ပလုံစီလို့
လောကဓံကို သည်းခံရင်း။
တွေးလိုက်မိတယ်
တန်ဖိုးအသီးသီး
ရှုမငြီးဖွယ်
ကျောက်ခဲလေးတွေနဲ့
ဆက်စပ် ပတ်သတ်ပြီး။
စိန်
သူကတော့
တန်ဖိုးအရှိဆုံး
အမာဆုံး
အလှဆုံး
အရောင်တလက်လက်နဲ့
မှတ်ကျောက် အတင်ခံနိုင်ဆုံး
လူသားတွေကို
အလှဆင်မှု
အကျိုးအပြုဆုံး
-------- ဆုံး
-------- ဆုံး။
မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။
သူငယ်ချင်း ပန်းခရေအတွက် ရည်ရွယ်ပြီး ရေးစပ်လိုက်ခြင်းပါ။
အားလုံးသော မိတ်ဆွေတို့လည်း စိန်စီသောလမ်းဆီသို့ ချီတက်နိုင်ကြပါစေလို့…
လေးစားစွာဖြင့်
ဖိုးသား
ဖိုးသားရေ ...ခုလို ကဗျာမဆန် ကာရန်မညီတဲ့ အနော့်နာမည်ကို ကဗျာတစ်ပုဒ်ဖြစ်အောင် စပ်ပေးတဲ့ အတွက် ကျေးဇူးလည်းတင်မိတယ် ....။ ကဗျာထဲက စာသားလေးတွေကလည်း အားဖြစ်စေတယ်...။ ဖိုးသားစပ်ပေးတဲ့ ကဗျာလေးကို သူငယ်ချင်းတွေကို မျှဝေပေးလိုက်ပါတယ်...။ အားလုံးပဲပျော်ရွှင်ကြပါစေ...။
ပန်းခရေ
ပန်းခရေ
by is licensed under a Creative Commons Attribution 3.0 United States License.
6 comments:
(ကို)ဖိုးသား
အဖိုးထားစရာ
အားပါတဲ့စာကိုစီ
လမ်းတလျောက်ဝေစည်
ချီပါဘိ ပေခရမ်း။
လောကဓံ
အဟောသုခံပြု
အံတုလို့ရှေ့ချီ
ညီပါ့စေ မည်နာမ
စိန်မမ အောင်လံထူ
အောင်ဆုကိုယူစေသား
မေတ္တာဆင့်ပွါးး
မမတို့ကတော့လုပ်ချလိုက်ပြန်ပြီ ကောင်းလိုက် တာပဲလို့ညည်းကိုသွားရတယ် ဟန်ချက်ကိုညီ လို့ .......... ဟဲဟဲ :)
ကောင်းလိုက်တဲ့ ရိုက်ချက်လေးတွေနဲ့ ... ဟန်ချက်ကိုညီနေတာပဲ တပိုဒ်ခွဲသွားတာဖြင့် ရင်နစ်အောင်ဖတ်ရသူအဖို့ ခံစားချက်လှိုက် ဖိုဖို ကြိုက်တယ်ဗျို့ရင်ဖွင့်ကာဟစ်အော်သွား လေရဲ့ :)
ကောင်းလိုက်တဲ့ ရိုက်ချက်လေးတွေနဲ့ ... ဟန်ချက်ကိုညီနေတာပဲ တပိုဒ်ခွဲသွားတာဖြင့် ရင်နစ်အောင်ဖတ်ရသူအဖို့ ခံစားချက်လှိုက် ဖိုဖို ကြိုက်တယ်ဗျို့ရင်ဖွင့်ကာဟစ်အော်သွား လေရဲ့ :)
စိန်စီသော မမ :-)
ကိုဖိုးသား ရေးပေးတဲ့ ကဗျာက အရမ်းအဓိပ္ပာယ်ရှိတာပဲ။
ကောင်း၏ဖတ်ရှုခံစားသွားပါတယ်ဗျာ
Post a Comment