
ရွှေပြည်တော် ညနေချမ်း
သပြေဆောင် အလှတစ်ခန်းမှာ
ချစ်စရာ့အလွမ်းတွေနဲ့
လှမ်းလျှက်သာ ဆက်လိုက်ချင်
သူ့ထံကိုပင် ......။
အတွေးစဉ် အစဉ်စုခံစားမှုတစ်ခုကို
ဖယ်ထုတ်ကာဟစ်ကာကြွေး
အသံသာလေးလည်း ပို့လိုက်ချင်….။
ကြားရသူဘ၀င်ကို
ပျော်ရွှင်ကြည်လင်လှစေဖို့
မေတ္တာတရားလည်းပါးလိုက်ချင်…..။
ပြဒါးမှန်တစ်ချပ်လို
အမှားအမှန်တစ်ရပ်ကို
အပြန်အလှန်ဆန်းစစ်ပြီး
သဒ္ဓါတစ်ဖန်ပွားစေရေး..
စေတနာအမှန်ချစ်ကာရေးခဲ့တယ်..
နှလုံးအလွှာပေါ်တွင်……………………။ ။
စာညွှန်း
လည်လိမ်၍လက်ပိန်အောင်ရေးသော်လည်း ကာရန်မမှန် သဒ္ဓါမကျဖြစ်တတ်သည် မို့စာရှုသူ ပရိတ်သတ်အပေါင်းဖတ်ရှုကာ ထောက်ထားစရာတွေနဲ့ ဖြည့်စွက်ကာ နားလည် နိုင်ပါစေသား ရေးသားရန်အခွင့်ရယ်ကြုံ အချိန်ရယ်ပိုမိုခဲ့ပါက ကတ္တီပါဘလော့ဂါအထက် မှာ တင်ဆက်ကာဖျော်ဖြေအုံးပါမည်…။
အခြေအနေရယ်မကြုံ စိတ်အစုံအမြဲမှန်ရောက်သော်လည်း လက်အစုံကလောင် မသွေးတတ်တာရယ်ကြောင့် ပြောစရာအမှာစကား အကြံဥာဏ်ပေးလိုသည်များ Commentမှာထားခဲ့ပါခင်ဗျား……။
9 comments:
နဒီကညာ က ဘူလဲဟ ... ကဗျာလေးက ကောင်းပါတယ်ဟ
ကောင်းလိုက်တဲ့ ကဗျာ
အားပေးသွားတာ ဖေ့ကိုပြောလိုက်နော်
အရာအားလုံး အဆင်ပြေပါစေ
မင်္ဂလာပါ..
ပေါ့ပေါ့ပါးပါးကဗျာလေးက ခံစားလို့ ကောင်းတယ်။ အားပေးလျက်ပါ....
http://winzaw-mdy.blogspot.com
ကဗျာတွေကိုတော့ လိုက်ဖတ်အောင်စပ်တတ်သားပဲနော်။ ဒါနဲ့သပြေဆောင်မှာနေတာလားမသိဘူးနော်။
ကောင်းတယ်ကဗျာလေးက ကာရံလည်းကောင်းတယ် အတွေးလည်းကောင်းတယ်
တင်ပြပုံလေးလည်းကောင်းတော့ ရင်ထဲရောက်တယ်။
ကဗျာလေးက ကောင်းပါတယ်..အားပေးလျက်ပါ..နဒီကညာရေ
နဒီကညာရယ်...
သံသာနဲ့ကြွေးဟစ် ရွှေရင်မှာနှစ်မြို့လှသမို့
ဘာဘာညာညာ မပြောတော့ပါဘု..
ကာရံမပါ အသာအယာရေးခဲ့ပါရဲ့
လှစ်ဟလို့ ဖတ်စေသော(ဝ်).. :P :P
ပန်းခရေပျော်ပါစေနော်...!!
ခင်မင်တဲ့...
ကိုရင်၊ ခင်လေး၊ ကလေးလေး
ရွှေပြည်တော် ညနေချမ်း သပြေဆောင် အလှတစ်ခန်းမှာ ချစ်စရာ့အလွမ်းတွေနဲ့ လှမ်းလျှက်သာ ဆက်လိုက်ချင် သူ့ထံကိုပင် ......။
(လုပ်လိုက်လေ ကြာသလားလို့ )
အတွေးစဉ် အစဉ်စုခံစားမှုတစ်ခုကို ဖယ်ထုတ်ကာဟစ်ကာကြွေး အသံသာလေးလည်း ပို့လိုက်ချင်….။
(သင့်မြတ်လှပါပေတယ်ကွယ်)
ကြားရသူဘ၀င်ကို ပျော်ရွှင်ကြည်လင်လှစေဖို့ မေတ္တာတရားလည်းပါးလိုက်ချင်…..။
(ကြားပျော်ရုံလောက်ထက်တော့ပိုမှဖြစ်မယ်ဟယ်)
ပြဒါးမှန်တစ်ချပ်လို အမှားအမှန်တစ်ရပ်ကို အပြန်အလှန်ဆန်းစစ်ပြီး သဒ္ဓါတစ်ဖန်ပွားစေရေး.. စေတနာအမှန်ချစ်ကာရေးခဲ့တယ်.. နှလုံးအလွှာပေါ်တွင်……………………။ ။
(ပြင်မရေးကြေးနော်)
အခြေအနေရယ်မကြုံ စိတ်အစုံအမြဲမှန်ရောက်သော်လည်း လက်အစုံကလောင် မသွေးတတ်တာရယ်ကြောင့် ပြောစရာအမှာစကား အကြံဥာဏ်ပေးလိုသည်များ Commentမှာထားခဲ့ပါခင်ဗျား……။
ကောင်းပါတယ်ဗျ။ ဒီစာတစ်ကြောင်းကိုက ကာရံတွေ ကောင်းနေတာ။ ကျန်တာတွေလည်းကောင်းတယ်။
Post a Comment