အချိန်တွေ
အဖြစ်အပျက်တွေ
နာကြည်းဝမ်းနည်းမှုတွေ
လိမ်လည်လှည့်ဖျားခံရမှုတွေ
ပြစ်ပယ်စိမ်းကားခံရမှုတွေ
လေသံလေးနဲ့တောင်မရရှိတဲ့
နူးညံ့ကြင်နာ ဂရုစိုက်မှုတွေ
ရင်နာစွာငိုကြွေးခဲ့ရတဲ့
င့ါမျက်ရည်တွေ
အားလုံး အားလုံးကို
ပြည်ဖုံးကားချ
မေ့ဖျောက်ကာထားရင်း
မမြင်နိုင်တဲ့
ကြိုးတစ်ချောင်းနဲ့
ချိတ်ဆက်မှန်းမသိ
တွယ်ရစ်မှန်းမသိ
ချည်နှောင်ခံရမှန်းမသိ
ရစ်ပတ်ခံရင်း
ငါ့ချစ်ခြင်းတွေ
ရှင်သန်နေလိုက်တာများ
အသိတွေကင်းစင်
အချစ်စိတ်တွေပြင်းထန်
သံယောဇဉ်တွေပွားသထက်ပွား
မေတ္တာတရားများသာတိုး
ဦးနှောက်နဲ့နှလုံးသား
မတူညီစွာ လွန်ဆွဲ
သူသာ
ကျမဘ၀ရဲ့ “လက်တွဲဖော်..” လို့ 
စိတ်ပျက်စွာမျော်လင့်ဆဲ။
ပန်းခရေ(ရင်တွင်းဖြစ်)
5 comments:
ကဗျာလေး ကောင်းတယ်ဟေ့
ခံစားချက်တွေကို မှန်မှန်ကန်ကန်ကိုရေးဖွဲ့တော့တာ
ပဲနော် အားပေးတယ်ဟေ့
ကဗျာလေးက အရမ်းမိုက်တယ် မပန်းခရေ ကြိုက်သွားပြီဗျာ ဘဝရဲ့ လက်တွဲဖော်ကို အဲလိုရှာမှာလား မပန်းခရေ
ပျော်ရွှင်ပါစေဗျာ မပန်းရေ အဆင်ပြေပါစေဗျာ။
အားးးးးးးးးးးးးးးးးးးးးးး ကဗျာဖတ်ရတာ အသက်ရူကြပ်သွားတယ်...:D :P
အုံးနှောက်နဲ့ နှလုံးသား Harmony ဖြစ်ပါစေတော့နော်..
စိတ်ပျက်စွာနဲ့ဘာလို့မျှော်တာလဲဟင်..
ရစ်တာ.. မုန့်မ၀ယ်မကျွေးမချင်း ရစ်မယ်.. ဒါပဲ :D
ကဗျာလို့ထင်မထားဘူးနော်.. ရင်တွင်းဖြစ်လို့ပဲ လက်ခံထားတယ်.. ကောင်းတယ်ဗျာ.. =)
Post a Comment