Thursday, September 18

မလွမ်းလောက်ပါဘူး..

သည်းခံလိုက်လျော

မာန်မာနကင်းစင်

အပြစ်မမြင်

ဖြူစင်စွာမြတ်နိုး

အေးမြမေတ္တာ

နွေးထွေးစွာဖြင့်

ပေးဆပ်နိုင်သလောက်

ရင်နဲ့ရင်း၍

နှစ်နှစ်ကာကာ

အချစ်စစ်ဖြင့်

ချစ်ခဲ့သော်ငြား

ငါ့မေတ္တာ

ငါ့စေတနာ

ငါ့အကြင်နာ

ငါ့သည်းခံခြင်းများကို

မငဲ့ညာ မသနား

ကိုယ့်အတွက်သာကြည့်တတ်ခဲ့တဲ့

မထင်မှတ်စွာ

လိမ်ညာဟန်ဆောင်တတ်ခဲ့တဲ့

မင်းရဲ့စိတ်ဓာတ်က

ငါ့အတွက်စာမဖွဲ့လောက်ပါဘူး..။

မင်းလိုလူ

ငါ့ဘေးက ဝေးသွားလည်း

မလွမ်းလောက်ပါဘူး..။



စိတ်ဆိုးစိတ်ကောက်အောင်လုပ်လို့ရတယ်

စိတ်နာ စိတ်ပျက်အောင် မလုပ်ပါနဲ့လို့

အကြိမ်ကြိမ်ပြောခဲ့မိတဲ့ကိုယ်..




ခုတော့

ကိုယ့်စိတ်ထဲမှာ

မင်းမရှိတော့ဘူးဆိုတဲ့

အသိက ကိုယ့်ကိုတုန်လှုပ်စေခဲ့သလို

ကိုယ့်ရင်ကိုပေါ့သွားစေခဲ့တယ်..။

တစ်ကယ်တမ်းတော့

င်းနဲ့ပက်သက်သမျှအရာအားလုံးဟာ

မလွမ်းလောက်ပါဘူး..........။ ။




ပန်းခရေ(ရင်တွင်းဖြစ်)

7 comments:

MyMetro said...

အားတွေ အများကြီး ပေးပါတယ်။ ရော့.... ယူလိုက်

Anonymous said...

သီးခံလိုက်လျှော အပြစ်ကင်းစင်တယ်တဲ့နော်
စိတ်ဆိုးစိတ်ကောက်အောင်စလို့ရတယ် စိတ်နာအောင်တော့မလုပ်ပါနဲ့ဆိုတာလေးတွေက အရမ်းမိုက်တယ်နော်။ တစ်ကယ့်ရင်ထဲက ထွက်ကျလာတဲ့ကဗျာတစ်ပိုဒ်ပါပဲ မပန်းခရေ။ အားပေးလျှက်ပါဗျာ။

Apprenticeship said...

မလွမ်းလောက်ပါဘူးတဲ့လား..... သီချင်းတွေနဲ့တော့ မျော်နေတုံးပေါ့နော် :D :P လွမ်းသည်ရှိသော်၊ မလွမ်းသည်ရှိသော်... လုပ်ဆောင်ချက်၊ နှလုံးသားတောင်းဆိုမှု နဲ့ အုံးနောက်ရဲ့ ဆုံးဖြတ်ချက်တွေ အားလုံး စာမျက်နှာ တစ်ခုထဲမှာ ရှိပါစေ... အဆင်ပြေပါစေနော်

သက်ထွန်းညိမ်း said...

အင်း တစ်ခုခု သို့မဟုတ် တစ်စုံတစ်ယောက်ကို
မကျေနပ်သလိုပဲနော် အဟဲ
ကောင်းတယ်ဟေ့ ကဗျာလေးက

မင်းကျန်စစ်။ said...

အဲလို မလုပ်ရဘူးလေ အမေရဲ့
တင်းထားတင်းထား ခဏလေး လွဲနေကြတာနေမှာပါ။

အညာသား said...

အခုတစ်မျိုး တော်ကြာတစ်မျိုး..
ဟွန်း... မပြောလိုက်ချင်ဘူး :D

Unknown said...

ပြောင်းပြန်ပြောနေတာလား ခင်ဗျာ

Related Posts Plugin for WordPress, Blogger...