ဒီနေ့…တီးတောင်သံလေး…ကကျမရဲ့ သေဆုံးနေတဲ့ နှလုံးခုန်သံကို လှုပ်နှိုးခဲ့တယ်…။
==============================================
ရသ… မင်းဒီဖုန်းနံပါတ်ကို မဆက်သင့်တော့ဘူးကွာ…။
ကျနော့် သက်ပြင်းကိုမွန်းကျပ်စွာ ချပစ်ရင်း..ကျနော့်စိတ်တွေ လေလွင့်နေခဲ့တယ်…။ မင်းကောင်မလေးကို….တစ်ကယ်ချစ်ခဲ့တယ်ဆို မင်းဒီလိုမလုပ်သင့်တော့ဘူးကွာ…။ငါတကယ်ချစ်တာကွ…သူ့အသံကို ငါဘယ်လောက်ချစ်မိလဲ..သူ့ရယ်သံတစ်ချက်ဟာ ငါ့ရင်ကို ဘယ်လောက်နွေးထွေးစေခဲ့လဲ….သူ့ကြောင့် ငါ့စိတ်ဓာတ်တွေ.. ဘယ်လောက် တက်ကြွခဲ့ရလဲ… သူ့ကြောင့် ငါ့ဘ၀က တကယ်ကို အဓိပ္ပာယ်ရှိလာခဲ့တာ…မင်းသိလောက်မယ် ထင်ပါတယ်ကွာ…။
တကယ်တမ်းတော့ ကျနော်ဟာ ကျနော့်ချစ်သူကောင်မလေးကို မမြင်ဖူးခဲ့ပါဘူး…။ မတော်တဆဖုန်းမှားခြင်းကနေ..ချစ်စရာအသံလေးနဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို ချစ်ခဲ့မိတယ်…။ တစ်နေ့နေ့ သူ့အသံလေးကို နားထောင်ရင်း ရင်ခုန်ဝမ်းနည်းခဲ့ရတာလည်း ရက်ပေါင်းမနည်းခဲ့ဘူး…။ ချစ်သူဆိုတဲ့ နားလည်မှု.. ယုံကြည်မှု.. အလေးထားတန်ဖိုးထားမှု.. မြတ်နိုးတွယ်တာခြင်းတွေနဲ့ ကျနော် ကောင်မလေးကိုချစ်ခဲ့တယ်…။ ဒါပေမယ့် ကျနော် ကောင်မလေးကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း…နှုတ်ကဖွင့်ဟမပြောဆိုခဲ့ဘူး…။ ရင်ထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်အတိုင်း ခံစားမှုအတိုင်း ချစ်ခဲ့မိတယ်…။ ကောင်မလေးကို သွားတွေ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်... မအောင်မြင်ခဲ့ဘူး…။ ကောင်မလေးရဲ့ သည်းခံမှုစွမ်းအားကိုလည်း အံ့သြစွာ လေးစားခဲ့မိတယ်..။ တွေ့ဖို့မကြိုးစားမိတဲ့ ကျနော့ကို အပြစ်တစ်ချက်ကလေးမတင်ခဲ့ဘူး.။ ကျနော့်ရဲ့ လူရာမ၀င်တဲ့ ဒုက္ခိတဘ၀ထဲကို ကောင်မလေးကို ဆွဲမခေါ်ချင်ခဲ့ဘူး..။ ကောင်မလေးတိုးဝင်လာတဲ့ ကျနော့်နှလုံးသားလေးထဲကိုပဲ လွတ်လပ်စွာ…ခွင့်ပြုခဲ့မိတယ်.။ ကျနော့်ဘ၀ကိုလည်း အသိမပေးဖြစ်ခဲ့ဘူး…။ ကျနော်ကောင်မလေးရဲ့ အသံကိုမစွန့်လွှတ်ချင်ခဲ့ဘူး…။ ကောင်မလေးနဲ့ ကျနော်မခွဲနိုင်ခဲ့ဘူး..။ ဒါပေမယ့်..ကျနော့် ကြောင့် ကောင်မလေးဘ၀ နစ်နာမှာကို မမြင်ရက်ခဲ့ဘူး…။ ကျနော်တစ်ယောက်တည်းခံ စားရင်း..ရင်နာစွာပဲ…ကောင်မလေးဆီဖုန်းဆက်ခြင်းကို ဖျက်ပစ်ခဲ့တယ်…။ဒီလိုနဲ့ ရက်လနှစ်ပြောင်းလဲလာခဲ့ပေမယ့်.. ကောင်မလေးကို တစ်နေ့မှ မေ့မရခဲ့ဘူး…။ ရီကောဒင်း လေးထဲက ကောင်မလေးအသံတွေကိုပဲ နေ့စဉ်နားထောင်ရင်း.. အချိန်တွေကုန်ဆုံးပြစ်ခဲ့တယ်…။
====================================================
၁၅.၆.၀၈
ဒီနေ့ ကျမနဲ့သူ တွေ့ဆုံခြင်းတစ်နှစ်ပြည့်….။ ကျမစိတ်တွေ..ေ၀၀ါးနေခဲ့တယ်..။ လေလွင့်နေခဲ့တယ်..။ ကျမ ဖုန်းခေါ်ရမလား…။ ဟင့်အင်..မခေါ်နဲ့.. သူက မခေါ်စေချင် လို့မခေါ်ခဲ့တဲ့ ဖုန်းကို ကျမကသွားခေါ်လို့ဖြစ်ပ့ါမလား…။ ကျမစောင့်နေပါတယ်….။ သူဆက်လာမယ့် အချိန်ကိုစောင့်နေပါတယ်…။ အသံလေးပဲကြားဖူးခဲ့တယ်ဆိုပေမယ့်… ကျမရင်ထဲကနှစ်နှစ်ကာကာချစ်ခဲ့မိတာပါ…။ အလို…မငိုပါပဲ ဒီမျက်ရည်တွေ ပါးပြင်ပေါ်ကျ နေပြန်ပါရော…။ မငိုပါနဲ့ မိလွမ်းငုံ..သူက ငိုတာမကြိုက်ဘူးလေ…။ ကျမ မျက်ရည်တွေ သုတ်ပြစ်ရင်း… Ortho Ward ထဲကိုဝင်လာခဲ့မိတယ်..။ ဒီဝဒ်က ကျမတို့အလုပ်သင် ဆရာဝန်တွေ ဒီလအတွက်တာဝန်ကျတဲ့ Ward ဖြစ်တယ်..။ အရိုးအထူးကုခန်း… ခွဲစိပ်ခန်းအနီးမှာ.. ဆရာဝန်ကြီး.. အလာကိုရပ်စောင့်နေရင်း အတွေးတွေ.. နယ်ချဲ့နေခဲ့တယ်..။ ခွဲခန်းဝင်ချိန်ဆရာဝန်ကြီးရောက်လာချိန်မှာ ခွဲစိတ်ခန်းသို့ ၀င်လာရင်း..ကုတင်ပေါ်က လူနာနှင့် မျက်လုံးခြင်းဆုံမိချိန်မှာ တစ်ခုခုကို ၀မ်းနည်းမောပန်းနာကျင်သလို ခံစားလိုက်ရတယ်..။ ကျမဘာဖြစ်တာပါလိမ့်…။ သနားသွားတာဖြစ်မယ်…။ ကျမဆရာဝန်ကြီးလုပ်ကိုင်ပုံကို သေချာလိုက်မှတ်နာယူရင်း စိတ်တွေက လူနာဆီရောက်နေခဲ့မိတယ်..။ ကျမထက် နည်းနည်းသာ ကြီးပုံရတဲ့ သူ့ကို ကျမစိတ်မှာ ရင်းနှီးနေသလို ခံစားမိတာ .. ထူးဆန်းမိပါရဲ့…။ သူ့မျက်လုံးတွေဟာ မျက်ရည်လဲ့နေတယ်လို့ ဘာကြောင့်ခံစားမိပါလိမ့်…။
ခွဲစိတ်ခန်းမှာ.. အလုပ်သင်ဆရာဝန်မလေးရဲ့ မျက်ဝန်းနဲ့ ဆုံမိချိန်မှာ ကျနော့်စိတ်တွေ..ထူးဆန်း စွာ လေးနက်နေမိတယ်…။ ဒေါ်လွမ်းငုံ အား… ကျနော်ဘာဆက်လုပ်ရမလဲ… ကောင်မလေး.. ကျနော့်ရဲ့ကောင်မလေး.. ရင်နဲ့အမျှ ချစ်ရတဲ့ကောင်မလေး…။ ကျနော့်ကိုသူမသိဘူး…။ ရိပ်မိဖို့လည်းမလွယ်ဘူး..။ ဒုက္ခိတတစ်ယောက်ဟာ သူချစ်မိခဲ့တဲ့ ကျနော်ဆိုတာ သူဘယ်လိုမှမသိနိုင်ပါဘူး…။ ကောင်မလေးရယ်…။ မင်းသိပ်လှတာပဲ.. ငါ့မျက်လုံးတွေလေးလာပြီ..။ ငါမင်းကိုကြည့်နေချင်တယ်…။
======================================================
ခွဲစိတ်ခန်းမှထွက်လာပြီး.. နားနေဆောင်ဘက်ကူးလာရင်း.. ဖုန်းလေးကို ငေးမောနေမိတယ်. ဒီနေ့လိုနေ့လေးမှာတော့ ဆက်သင့်တာပေါ့..။ဖုန်းတစ်ချက်လောက် ခေါ်ပါလားရှင်ရယ်..။ ကျမစိတ်တွေ လေးလံမွန်းကျပ်လွန်းလို့ပါ…။ ကျမရှင့်ကိုလွမ်းလှပြီ…။ မျက်လုံးတွေကို လေးလံစွာ..ဖွင့်ဟနေရတာ ပင်ပန်းလိုက်တာ..။ ကောင်မလေး ကောင်မလေးဘယ်ရောက်နေလဲ..။ ကျနော့်ကို ထားမသွားပါနဲ့…။
=====================================================
"ရသ မင်းစိတ်တွေလျှော့လိုက်ကွာ…မင်းသူ့ဆီဖုန်းခေါ်ချင်နေတယ်မလား.. မင်းသိပ်ခေါ်ချင်နေရင်.. ခေါ်လိုက်ပါကွာ..။" ကျနော်ခေါင်းခါရင်း
"ငါသူ့ကိုတွေ့ခဲ့တယ်.. မင်းထင်... ငါသူ့ကိုတွေ့ခဲ့ရတယ်ကွ..။"
"မင်းရူးနေလားကွာ..ဘယ်မှာတွေ့တာလဲ.."
"ငါခွဲခန်းဝင်တုန်းက.. အလုပ်သင်ဆရာဝန်မလေးတွေ.. ထဲကတစ်ယောက်.." ကျနော့်စကားသံတွေ ဆက်မတိုးနိုင်ဘူး..မောပန်းနေတယ် ဒီနေ့ခွဲရတာပင်ပန်းလိုက်တာ.. ကျနော်မောနေတယ်. မျက်လုံးတွေမှိတ်ချင်နေတယ်..။
"တော်ပါတော့ကွာ..မင်းမောနေပြီ..နားလိုက်ပါကွာ..။"
တကယ်ဆို ကျနော်သူ့ကိုပြန်တွေ့ချင်သေးတယ်…။ ကောင်မလေးရဲ့မျက်နှာလေးကိုငေးကြည့်ချင်သေးတယ်…။ ဟုတ်တယ်..ကျနော်ခဏအိပ်ပြီး..အားအင်းပြည့်လာတာနဲ့ ကောင်မလေးဆီကို ဖုန်းဆက်မယ်..။ ကျနော်သူ့ကိုမခွဲနိုင်ကြောင်းပြောမယ်…။ ကောင်မလေးရယ်..မင်းလက်ကလေးကိုဆွဲကိုင်ပြီး ငါပြောမယ်..ထာဝရမခွဲဘူး…။ မင်းကိုသိပ်ချစ်တယ်…။ငါအသက် ရှင်သန်နေထိုင်နိုင်ချိန်ထိ မင်းငါ့ဘေးမှာရှိနေပေးပါကွာ.။ မင်းရဲ့ဖြူစင်တဲ့ မျက်ဝန်းလေးတွေနဲ့..ငါ့ကိုရယ်ပြပါလားကွာ..။ ဟုတ်တယ်ငါ့မျက်ဝန်းတွေ မှိတ်ပြီးပြန်နိုးထတာနဲ့.. ကောင်မလေးဆီ ဖုန်းဆက်မယ်…။ ဖုန်းခေါ်ရမယ်..။ ကောင်မလေးရယ်…
=====================================================
ဆရာဝန်ကြီးတွေ… ဆရာမတွေ ရှုပ်ယှက်ခတ်ပြေးလွှားနေပါလား..။ ကျမ အလုပ်ထဲပြန်ဝင် လာချိန်မှာ..စောစောကခွဲခန်းကလူနာအခန်းမှာ ဆရာဝန်တွေ ပြေးလွှားနေလေတယ်..။ မျက်နှာလည်းမကောင်းကြဘူး…။ ကျမရင်ထဲနင့်ခနဲဖြစ်မိသွားတယ်..။ သူ…မျက်ဝန်းတစ်စုံ သူ…..မသက်သာတာများလား…သူတစ်ခုခုများ..အို.. ငါဘာတွေတွေးနေတာလဲ…
ဒီအချိန်ကျမနှလုံးခုန်သံတွေ အရမ်းမြန်နေခဲ့တယ်… ကျမလက်တွေအေးစက်နေခဲ့တယ်..။ မောပန်းလာတယ်..။ ကျမအားအင်တွေကုန်ခမ်းလာသလို ခံစားရတယ်…။
ရုတ်တရက် ..
တီးတောင်... တီးတောင်...
အိုးး.. ကျမရဲ့ မျက်ဝန်းအစုံဟာ..မိုဘိုင်းဖုန်းလေးဆီသို့ ကြောက်ရွံ့အံ့သြစိုးထိတ်စွာ ရောက်ရှိသွားမိတယ်..။ ဒီဖုန်းသံလေး တစ်စုံတစ်ယောက်ရဲ့ နံပါတ်အတွက်သာ သွင်းထားခြင်းဖြစ်တဲ့…တင်းတောင်သံလေး…သူ..သူဖုန်းဆက်တယ်.. ဖုန်းကိုကတုန်ကယင် ကိုင်ရင်း…ကျမနား နားလေးကိုကပ်လိုက်မိတယ်….။ ကျမနှုတ်ခမ်း ကရုတ်တရတ်…
ကို... သူမှသူအစစ် ကျမဆီဖုန်းဆက်တယ် ...
"မင်းကိုချစ်တယ် ကောင်မလေးရယ်…"
ကို… ကို… ဒီစကားလေးတစ်ခွန်းပဲ ပြောပြီး ရုတ်တရက် ရပ်သွားတဲ့ အသံ..သူ့အသံ…ကျမရင်တွေ မောလိုက်တာ…။
"ဟလို..."
ကို… ကို.... ကျမဘယ်လိုခေါ်ခေါ်…ပြန်ထူးသံမကြားရတော့ဘူး…။ ကျမထပ်ကြားလိုက်တဲ့အသံက..
"စိတ်မကောင်းပါဘူး…သူဆုံးသွားပြီ…" ဆိုတဲ့အသံ.
"ရှင်… ဘယ်လို ..." မဟုတ်ဘူး ... မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်မိရင်း ကျမ မတ်တပ်ရပ်ရင်းသေဆုံးသွားသလို…ကျမမျက်လုံးတစ်စုံဟာလည်း..အစောကအခန်းလေးထဲကိုရောက်သွားမိတယ်…။ အခန်းလေးထဲက ငိုသံတွေ..ဆရာဝန်ကြီးရဲ့ ပြောဆိုသံတွေ.. အားလုံးကို ကျမ ဖုန်းလေးထဲက ကြားနေရတယ်…။
"ရသ မင်းအဲလောက်တောင်ပဲ လွမ်းငုံကိုချစ်ခဲ့လားကွာ..မင်းဖုန်းခေါ်ခဲ့တာရခဲ့လားကွာ မင်းသိပ်ကြားချင်တဲ့ သူ့အသံလေးကိုကြားလိုက်ရလား သူငယ်ချင်း..ငါလိုဒုက္ခိတ ဘ၀ထဲကို ဆွဲမသွင်းချင်ဘူးဆိုပြီး..မင်းတစ်ယောက်တည်းခံစားရသမျှ မင်းလွမ်းငုံသိခဲ့လား မင်းသိပ်ချစ်ကြောင်း မင်းပြောခွင့်ရလိုက်လား… ဟင်.." ဆိုတဲ့ လူတယောက်ရဲ့ မချိတင်ကဲ ရေရွတ်သံ...
ဒါဆို... ဒါဆို... ကျမချစ်ခဲ့တဲ့ကိုဟာ..ကျမကိုယ်တိုင်ခွဲစိပ်ခဲ့တဲ့ မျက်ဝန်းပိုင်ရှင်လေးတဲ့လား…။ ကျမမငိုပါဘူး…မျက်ရည်တွေစီးကျနေတဲ့ ပါးပြင်ကို ပွတ်သပ်ရင်း..ကျမမငိုပါဘူးကိုရယ်… ကို့ကိုနောက်ဆုံးနဲ့ပထမဆုံးမြင်ခွင့်ရလိုက်တဲ့ အတွက်လည်း ကျမကျေနပ်ပါတယ်ကို… ကိုဘယ်ဘ၀ကိုပဲရောက်ရောက်..ကိုသေဆုံးခဲ့ပေမယ့်…ကျမ နှလုံးသားနဲ့အတူ ကို့နှလုံးသားလေး အသက်ရှင်ကျန်ခဲ့ပါတယ်ကို…။ ကျမ အရင်လို အထီးမကျန်တော့ပါဘူး ကို… ကျမရှင့်ကိုသိပ်ချစ်တယ်….။ ကျမစိတ်ထဲမှာ မထင်မှတ်လွန်းတဲ့ ခံစားချက်အမျိုးမျိုး ခံစားလိုက်ရရင်း ထိန်ချုပ်မှုများ လွတ်ထွက်သွားခဲ့တော့တယ်။
"ဆရာမလေး..ဆရာမလေး… ဒေါက်တာ..ဒေါက်တာလွမ်းငုံ.."
လဲပြိုသွားတဲ့ ဒေါက်တာမလေးလွမ်းငုံရဲ့ ခန္ဒာကိုယ်လေးဟာ…အပြာရောင်န်ာစ့်မလေး လက်ထဲမှာ…အသက်မဲ့နေလေရဲ့…။ ဖွင့်ထားဆဲဖုန်းလေးတွေကိုင်ရင်း.. အသက်မဲ့သွားတဲ့ ခန္ဓာကိုယ် နှစ်ခုဟာ… ထူးဆန်းစွာတိုက်ဆိုင်ခဲ့သတဲ့..။
==================================================
လက်ကိုင်ဖုန်းနှစ်လုံးစလုံးကို ဘေးယှဉ်ချထားရင်း…
"ရသနဲ့လွမ်းငုံ..မင်းတို့နှစ်ယောက်..ခုချိန်ဆို ပြန်ဆုံဆည်းနေလောက်ပြီလို့…ငါယုံကြည် တယ်ကွာ…။ မင်းတို့နှစ်ယောက် နောက်ဘ၀ဆိုတာ ရှိခဲ့မယ်ဆိုရင်…ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံကြပါစေနဲ့လို့…ငါဆုတောင်းပေးလိုက်ပါတယ်…။" မျက်ရည်စက်လက်ကျဆင်းရင်း ငိုသံရှိုက်ကာ ဆုတောင်းလိုက်တဲ့ မင်းထင်ဆုတောင်းသံ အဆုံး လေပြေတိုးသံမှာ တယ်လီဖုန်းလေး မြည်သံလို ကြားယောင်နေမိတော့တယ်...။
==================================================
စိတ်ကူးနဲ့ပုံဖော်ထားခြင်းဖြစ်ပါသည်..။ ခုမှ စရေးတာ ဝေဖန်ပေးပါ…။
ပန်းခရေ(ရင်တွင်းဖြစ်)
12 comments:
အားပေးလျှက်ပါ စိန်ကြီး ... ကြိုးစားထားကွ...
ကောင်းတယ်...ပန်းခရေ.. မသေပဲ အပြင်မှာဆုံချင်တယ်ကွာ.. ပြန်ပြင်ပေး :D
မိုက်တယ်ကွာ။။။တကယ်တောင်ထင်လို့ ...
မျက်ရည်တွေကျလာတာ.....ဟီးးးးးးး
ရင်ထဲကို နင့်သွားတာပဲ... အရမ်းတော်တယ် ညီမလေး.. ငါ့ညီမလို့ မပြောရဘူး..(အဟီးး)
ရင်ထဲကို နင့်သွားတာပဲ... အရမ်းတော်တယ် ညီမလေး.. ငါ့ညီမလို့ မပြောရဘူး..(အဟီးး)
ဒါမျိုးလဲ -ဖြစ်တယ်ဟ လန်းတယ်ဟေ့ တခေတ်တခါက“ငါ့လူ”ဆိုလားဟိုမင်းသား
နှင့်မောင်ရဲ့ ညီဟာ အဲလိုလိုင်းမျိုးပေါ့ ဆက်လက်ဖန်တီးပါရန်အားပေးပါ၏
P:လက်ရာကိုထိမ်းသိမ်ခြင်တဲ့ဆန္ဒရှိယင် ထပ်မရေးနဲ့ တော့။ ထိမ်းထား ဟားဟား....
ရွှင်လန်းချမ်းမြေ့ပါစေ။
တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဗျ။ ကျွန်တော်လည်း ၀တ္တုရေးချင်တယ်။ ရေးတာ ၀တ္တု မဖြစ်ပဲ ဘာဖြစ်သွားလဲတော့မသိဘူး အဝေဖန်လည်းခံခဲ့ရတယ်။ အင်း ပန်းခရေ ရဲ့ ၀တ္တု တိုလေးက တကယ်ကို ဖတ်လို့ ကောင်းတာတော့အမှန်ပဲ။ ဒါပေမယ့် အရိုးကုဆေးရုံ က ကောင်လေးက ဘာရောဂါနဲ့ သေသွားရတာလဲဗျ။ ကောင်မလေးကတော့ နှလုံးရောဂါနဲ့ သေသွားတာနဲ့ တူတယ်လို့ တွက်ဆမိပါတယ်။ ကျွန်တော်တို့ဟာ Professional စာရေးဆရာမဟုတ်ဘူး ၀ါသနာပါလို့ ရေးတာပါ။ ဒါကြောင့် လိုအပ်ချက်တွေကို နားလည်ပေးလို့ ရပါတယ်။ ကျွန်တော့်ကိုလည်း နည်းနည်းလောက်ပြန်ပြီး ပြောပြပေးပါဗျ။ ဘယ်လိုရေးရတယ်လို့။ အဆင်ပြေပါစေ။
ဗမာပြည်သား
ခုလိုအားပေးကြတာကို ၀မ်းသာမိပါတယ်...ခုစရေးခြင်းဖြစ်တဲ့ အတွက် လိုအပ်တွေ..ဟာကွက်လေးတွေ ရှိနေမှန်းသိပါတယ်..။ ဇာတ်လမ်းဆင်သူအနေနဲ့ ဇာတ်ကိုနားလည်ပီး ရေးထားခြင်းဆိုတော့..စာဖတ်သူအတွက် လိုအပ်ချက်များမယ်လို့ မျှော်လင့်မိပါတယ်..။ ကွင်းဆက်ပြတ်နေတာလေးများကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ဇော်မျိုးရေ... ပေခရမ်းလည်းဒီလိုပဲ လက်စမ်းလိုက်တာ..။ အားလုံးကို အားပေးပါတယ်..။ ဆက်ရေးပါကိုဗမာပြည်သား..း)
မခရေ
ထိုက်ထိုက်တန်တန် စာမူခချီးမြှင့်သွားပါတယ်ဗျာ
ဆက်လက်အားထုတ်နိုင်ပါစေ
မေတ္တာဖြင့်
မကျေနပ်လို့ ထပ်လာအားပေးတာ... ဖြောင်း... ဖြောင်း.. ဖြောင်းး... လက်ခုပ်တီးအားပေးသွားတယ် စိန်ကြီးရေ.. စရေးရေးချင်း အောင်မြင်သွားပြီ... မု့န်ဝယ်ကျွေး... အဟတ်ဟတ်
စိန်ကြီးကောင်းတယ် ၀တ္တုလေးက
ဟဲဟဲ နောက်ထပ်ဆက်ရေးနော်အစ်မ
အားပေးနေတယ်
ညီမလေး
စိန်ကြီး အစ်မ၀တ္တုလေးက ကောင်းတယ်
နောက်ထက်ဆက်းရေးနော်
အားပေးနေတယ်
ညီမလေး
Post a Comment