Thursday, August 28

“သိဘူး”

-
တစ်ရက်လာလည်း ...
မထူးခြားမြဲ..
ထူးထူးခြားခြား
မေ့ထားဆဲ....ငါ့ကို
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ဂရုတစိုက်
အကြင်အနာ
အလိုက်တသိ
မြတ်နှိုးမှုလျှံစိမ့်
အရိပ်တကြည့်အချစ်မျိုး
ဘယ်ကုသိုလ်ဆိုးကြောင့်လွဲဖယ်
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ငါ့ နှလုံးသွေး တို့ ဆူပွက်
ဦးဏှောက်ကိုဖောက်ထွက်
သံစဉ် တစနဲ့ 
ခလောက်ဆန်သောနှလုံး
ဝင်ထွက် သက် ကာရံ
ဥပက္ခာတောမှာနစ်မွှန်း
ချစ်လွန်းသူ့ ကဗျာ
အသင်္ချေကြာပါ့
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ်..
မင်းငါ့ကိုဂရုမစိုက်တာ
နားလည်ပြီးသားပါလို့
ယုံကြည်ထားလို့လား...
ဒါမှမဟုတ်
အလေးထားဂရုစိုက်စရာမလိုဘူးလို့
မင်းစိတ်မှာ
မှတ်ထင်ထားလို့လား...
လားမျာစွာအဖြေညှိ
နေမချိတဲ့နှလုံးသားအစုံ
လောင်မြိုက်လျှံ့ရဲ ခဲသွားမလား
တင်းခံအားကျော်ပျော်သွားမလား
သည်းခြေဖေါက်ပျက် ပေါက်ထွက်မလား
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။

ဟန်ဆောင်ခြင်းကင်းစွာ
နားမလည်တဲ့အကြည့်
ပကတိ ရိုးစင်း
အရှင်းမသိတဲ့ မင်းရဲ့ စကား
ငါ့နှလုံးသားကို……………….။

“ညီမလေးက ဘာဖြစ်နေတာလဲကွာ” …တဲ့
ငါ့ကိုမေ့ထားတဲ့ ချစ်သူရယ် ။ ။





ပန်းခရေ(ရင်တွင်းဖြစ်)

5 comments:

သက်ထွန်းညိမ်း said...

ကဗျာတွေက ပိုပို ပြောင်မြောက်လာတယ်...
ကဗျာတိုင်းမှာ ဝေဒနာ တွေဖတ်နေတော့ ဖတ်ရတာ တစ်မျိုး အရသာရှိနေသလိုပဲ....း)
အားပေးနေပါတယ်....

ဖြိုးငယ် said...

ငါ့သယ်ရင်းလေးလည်း တော်တော်ခံစားနေရတယ် ထင်တယ်နော် ...
စကားလုံးတိုင်းမှာ နာကျင်မှုတွေ တွေ့နေရတယ် ....

မေသူပိုင် said...

အစ်မ ဝေဒနာ တွေ အရမ်းပြင်းထန်နေတယ်ထင်တယ်
ကဗျာတွေက heart ထိတယ်

အားပေးနေမယ် အစ်မေ၇
မေသူ

ရွှန်းမီ said...

သရုပ်ဖော် ပုံလေး လှတယ်။
ကဗျာလေးကလည်း လွမ်းဖို့ကောင်းတယ်။

Anonymous said...

သိဘူးကို လာဖတ်တယ်

ပေါက်ကွဲချက်တွေ ပြင်းထန်နေတယ်

ကောင်းတယ်.ကျွန်တော်လည်းပေါက်ကွဲထားတယ်

လာဖတ်အုံး မခရေ :P

Related Posts Plugin for WordPress, Blogger...