Tuesday, July 1

မျက်ရည်မိုး..


အလွမ်းတွေငွေ့ရည်ဖွဲ့ရင်း
သတိရခြင်းတိမ်ဆိုင်တွေကတစ်ဆင့်
ငါ့နှလုံးသားကောင်းကင်ကြီးမှာ
မျက်ရည်မိုးတွေရွာသွန်းလို့ပေါ့.............။

ပန်းခရေ(ရင်တွင်းဖြစ်)

12 comments:

မိုးတိမ်လေပြေ said...

ရင်တွင်းအပူကြောင့် အလွမ်းတွေအငွေ့ပြန်နေပေမယ့်
အချစ်တိမ်ဆိုင်တွေကြောင့် ပျော်ရွှင်ခြင်း မိုးစက်တွေ
...........ကျဆင်းလာတာဆိုရင်ရော.........ဟိဟိ

မိုးတိမ်လေပြေ said...

အတတ်နိုင်ဆုံး ပထမဆုံးဖြစ်အောင်တော့ လာလည်ခဲ့ပါတယ်

နေလွမ်းသူ said...

တိုတိုလေးနဲ့ မိုက်တာဗျာ
(ဟိုကြော်ငြာလေးလိုပေါ့ ပူပူလေးနဲ့ကောင်းတာဗျ.....)း)

မင်းသက်ပိုင် said...

အလွမ်းမျက်ရည်တွေကြောင့် ဘ၀တခုလုံးတော့ မျော
မပါသွားစေနဲံ့ ပေါ့ သူငယ်ချင်းရယ်

Tea said...

တိုတိုလေးပဲ.. ရဘူး.. ဆက်ချက်ဦး.. ရဘူး..
ဟီးး. ဆက်ရေးဦးလို့ပြောတာ..
ဖတ်လို့ကောင်းလို့ .. ဆက်လည်း မရေးဘူး.. ;)

Unknown said...

သိပ်မလွမ်းပါနဲ့ ကွယ်....:D

ကိုရင်နော်ခင်လေးငယ် said...

ပန်းခရေ..ရေ...
နဂိုကတည်းက ငိုချင်နေသလိုလိုဖြစ်နေခဲ့တာပါ.
ခုတော့...

“ဟန်လုပ်လို့ စူပုတ်နေတဲ့ရင်ထဲက
ဒါဏ်ရာတွေကို သူသိမှာစိုးပေမဲ့.. ပျိုးဖို့လည်းမစွမ်းသူမို့..
မျက်ရည်တွေသာ မိုးအဖြစ်သည်း..”

ပြီးတော့ပြန်သွားဘီနော်..
ခင်တဲ့
(ခင်လေးငယ်)

little moon said...

Cool !

ကိုတိုး said...

အလွမ်းမျက်ရည်တွေတောင်ကျပါလား။ ကဗျာလေးက ဖတ်လို့ကောင်းတယ်နော်။ ဆက်ရေးပါနော် အားပေးနေပါတယ်ခင်ဗျာ။ လင့်လည်းယူသွားတယ်နော်။

Anonymous said...

သယ်ရင်း နင်ရေးတဲ့ ကဗျာတွေက အသဲကွဲကဗျာတွေလို့  နာမည်ပေးသင့်တယ် ကဗျာတွေဖတ်ပြီး ကွဲချင်သလိုလိုအသဲပြောတာ ;P

Yan said...

မျက်ရည်မိုးတွေ
မာယာမြစ်ထဲ စီးဆင်းသွားလို့
မာန နေရောင်အောက်မှာအငွေ့ပျံရင်း
ငါချစ်တဲ့ ကောင်းကင်ကြီးဆီကို ပြန်တက်သွားတော့
ရင်ထဲမှာ ကျန်ခဲ့တာက
မင်းမရှိတော့တဲ့ ကွက်လပ်လေးတစ်ခုပါပဲလေ...

ကဗျာမြင်ရင် ကလိချင်စိတ်က မထိန်းနိုင်လို့ ၀င်ပြီး လက်ဆော့လိုက်တာပါ ပန်းခရေ ရေ....

အော်ရီဂျင်နယ်ကို ဖျက်ဆီးသလိုဖြစ်သွားရင် ဆောရီး.
:)

၀ဿန်ဦး said...

မျက်ရည်မိုးတွေ အောလပုံပဲလားဝေ့......... :P

မျက်ရည်မိုးလေးတွေ အမြန်ဆုံး တိတ်နိုင်ပါစေကွာ... :P

Related Posts Plugin for WordPress, Blogger...