အလွမ်းတွေငွေ့ရည်ဖွဲ့ရင်း
သတိရခြင်းတိမ်ဆိုင်တွေကတစ်ဆင့်
ငါ့နှလုံးသားကောင်းကင်ကြီးမှာ
မျက်ရည်မိုးတွေရွာသွန်းလို့ပေါ့.............။
သတိရခြင်းတိမ်ဆိုင်တွေကတစ်ဆင့်
ငါ့နှလုံးသားကောင်းကင်ကြီးမှာ
မျက်ရည်မိုးတွေရွာသွန်းလို့ပေါ့.............။
ပန်းခရေ(ရင်တွင်းဖြစ်)
12 comments:
ရင်တွင်းအပူကြောင့် အလွမ်းတွေအငွေ့ပြန်နေပေမယ့်
အချစ်တိမ်ဆိုင်တွေကြောင့် ပျော်ရွှင်ခြင်း မိုးစက်တွေ
...........ကျဆင်းလာတာဆိုရင်ရော.........ဟိဟိ
အတတ်နိုင်ဆုံး ပထမဆုံးဖြစ်အောင်တော့ လာလည်ခဲ့ပါတယ်
တိုတိုလေးနဲ့ မိုက်တာဗျာ
(ဟိုကြော်ငြာလေးလိုပေါ့ ပူပူလေးနဲ့ကောင်းတာဗျ.....)း)
အလွမ်းမျက်ရည်တွေကြောင့် ဘ၀တခုလုံးတော့ မျော
မပါသွားစေနဲံ့ ပေါ့ သူငယ်ချင်းရယ်
တိုတိုလေးပဲ.. ရဘူး.. ဆက်ချက်ဦး.. ရဘူး..
ဟီးး. ဆက်ရေးဦးလို့ပြောတာ..
ဖတ်လို့ကောင်းလို့ .. ဆက်လည်း မရေးဘူး.. ;)
သိပ်မလွမ်းပါနဲ့ ကွယ်....:D
ပန်းခရေ..ရေ...
နဂိုကတည်းက ငိုချင်နေသလိုလိုဖြစ်နေခဲ့တာပါ.
ခုတော့...
“ဟန်လုပ်လို့ စူပုတ်နေတဲ့ရင်ထဲက
ဒါဏ်ရာတွေကို သူသိမှာစိုးပေမဲ့.. ပျိုးဖို့လည်းမစွမ်းသူမို့..
မျက်ရည်တွေသာ မိုးအဖြစ်သည်း..”
ပြီးတော့ပြန်သွားဘီနော်..
ခင်တဲ့
(ခင်လေးငယ်)
Cool !
အလွမ်းမျက်ရည်တွေတောင်ကျပါလား။ ကဗျာလေးက ဖတ်လို့ကောင်းတယ်နော်။ ဆက်ရေးပါနော် အားပေးနေပါတယ်ခင်ဗျာ။ လင့်လည်းယူသွားတယ်နော်။
သယ်ရင်း နင်ရေးတဲ့ ကဗျာတွေက အသဲကွဲကဗျာတွေလို့  နာမည်ပေးသင့်တယ် ကဗျာတွေဖတ်ပြီး ကွဲချင်သလိုလိုအသဲပြောတာ ;P
မျက်ရည်မိုးတွေ
မာယာမြစ်ထဲ စီးဆင်းသွားလို့
မာန နေရောင်အောက်မှာအငွေ့ပျံရင်း
ငါချစ်တဲ့ ကောင်းကင်ကြီးဆီကို ပြန်တက်သွားတော့
ရင်ထဲမှာ ကျန်ခဲ့တာက
မင်းမရှိတော့တဲ့ ကွက်လပ်လေးတစ်ခုပါပဲလေ...
ကဗျာမြင်ရင် ကလိချင်စိတ်က မထိန်းနိုင်လို့ ၀င်ပြီး လက်ဆော့လိုက်တာပါ ပန်းခရေ ရေ....
အော်ရီဂျင်နယ်ကို ဖျက်ဆီးသလိုဖြစ်သွားရင် ဆောရီး.
:)
မျက်ရည်မိုးတွေ အောလပုံပဲလားဝေ့......... :P
မျက်ရည်မိုးလေးတွေ အမြန်ဆုံး တိတ်နိုင်ပါစေကွာ... :P
Post a Comment