..မှာတမ်း..
၁...ချစ်သူ ..
ဆူးကိုမွေ့ယာ သစ်ငုတ်သင်ဖြူး
ခရောင်းကောဇောနဲ့ ပကာသနမဲ့တဲ့
ကိုယ့်ဘ၀ထဲ...
မင်းဝင်ရဲမှ ၀င်ခဲ့ပါ။ ။
၂...မရေရာ မသေချာ..
နေစရာမြေကြီးနဲ့ နားခိုဖို့ထီးမရှိတဲ့
မိုးသောက်ရင် ၀ိညာဉ်ဖျောက်မလား?
နေ၀င်ရင် အသက်ငင်မလား ?
တစ်စက္ကန့်တိုင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်း
တစ်ခုခုပေးဆပ်ရမလား ?
မနက်ဖြန်ဆိုတာ မရှိတဲ့
ကိုယ့်ဘ၀ထဲ........
မင်းဝင်ရဲမှ ၀င်ခဲ့ပါ။ ။
၃...ဒါပေမယ့်လည်း
ကိုယ့်အသက်ရှုတိုင်းမှာ
မင်းအတွက်အကြာင်နာပန်းပွင့်
သစ္စာတွေလွှမ်းရင်းနဲ့
အနမ်းပွင့်တွေ ငံ့လင့်နေတာ
နတ်ဘုရားတွေနဲ့အတူမင်းသိမှာပါ။ ။
၎...ချစ်သူရေ..
အကယ်၍ ကိုယ်ကြွေလင့်ခဲ့ရင်လည်း
အာဇာနည်တွေရဲ့ သုခဘုံ
ရှင်းသန့်တဲ့ ကျော်ဖြူတိုင်မှာ
ထာဝရစဉ်အမြဲ ကိုယ်အသက်ရှင်နေမယ်။ ။
၅..ချစ်သူရေ..
ဒီလိုအချိန်မှာ သောကတွေပွား
စိတ်အားမငယ်ပဲ ကိုယ့်အတွက်အမျှဝေ....
တာဝန်ကျေစေနော်။ ။
ဂရင်းစတား..
ကဗျာလေးကြိုက်လို့ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။
4 comments:
ဒေါ်ဒေါ်ကတော့နော်.... အသက်ကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာတွေပြောနေတာတုန်းဗျ
ဒေါ်ဒေါ်မပြောလည်း ဟိုဦးက သိပြီးသားတွေဖြစ်မှာပါဗျာ... :D
ချွေတယ်ဟေ့..... ချစ်သူ အမျှဝေမဝေ မသိလို့ ငါဝေပေးလိုက်တယ်။
အမျှ.... အမျှ...... ဟီ...ဟိ
အမယ် အမှတ်စဉ်နဲ့ ကို ချွှဲနေတာပဲး) ဖတ်ရတာ ကလိ ကလိ နဲ့  အူးတွေ ယားလိုက်တာ ။
ကဗျာဆိုလိုရင်းလေး မိုက်တယ်
Keep Rolling!!
Soe Mya Nandar Thet Lwin
Post a Comment