Friday, June 6

မေတ္တာကဗျာ.......



............သံဇဉ်တစ်ပုဒ်........



စက်တင်ဘာလ ဆောင်းအစမှာ

ချယ်ရီတွေဖူးတဲ့ မောရှမ်းအလှနဲ့အတူ

ဘ၀ရဲ့အဓိပ္ပာယ်အဖြစ်...

ရင်ခွင်ကို တိုးဝင်လာတဲ့..

ချစ်သမီးရေ....။

အမြဲတမ်း လင်းလက်နေတဲ့ ကြယ်စင်တွေ..

အမြဲတမ်း လှပနေတဲ့ ဆည်းဆာတွေ..သက်တန့်တွေ..

အမြဲတမ်း အဖိုးတန်နေတဲ့ ရတနာတွေ...

ချစ်သမီးရဲ့

အပြုံးတစ်ပွင့်နဲ့ လှမ်းကြည့်လိုက်ရင်

အသံချိုချို စကားတစ်ခွန်းဆိုလိုက်ရင်.....

ကြယ်စင်တွေ ဘယ်လောက်ပဲ လင်းလင်း..

ရတနာတွေ ဘယ်လောက်ပဲ အဖိုးတန်တန်

ရာသီတွေ ဘယ်လောက်ပဲ လှပလှပ

အဖေ့အတွက်တော့ အရာအားလုံးဟာ

ချစ်သမီးရဲ့ လက်ဖ၀ါးနုနုမှာ...။


ဂရင်းစတား



------------------------------------




.........မဲ့.........



လူသားဦးနှောက် နေလိုတောက်၍

အမှောင်ခွင်းထိ စွမ်းအားရှိ။


လူသားအတွေး မိုးကြိုးပြေးသို့

လေးနက်လွန်းဘိ ထက်မြတ်၏


လူသားသိမြင်နတ်မျက်ရှင်သို့

စွမ်းအင်ထူးဘိ စူးရှ၏..


သို့သော်ငြားလည်း ရင်တွင်းဖြစ်လာ

သမီးငယ်အား ကဗျာရေးမည်

ကာရန်ညှိလည်း

အမြင်မဲ့.........

အရောင်မဲ့.....

အသက်မဲ့.....

အတောင်မဲ့..

လက်မဲ့.......

ကျနော့အဖြစ်ကား...

အရာရာမဲ့.............။

(မှတ်ချက်)


အမြင်=ထိုးထွင်းသိမြင်ခြင်း ၊ အရောင်=ပြောင်းလဲခြင်း ၊ အသက်=ရင့်ရော်ခြင်း

အတောင်=စွန့်ခွာထွက်သွာခြင်း ၊ လက်=ဆုပ်ကိုင်ခြင်း...။



ဂရင်းစတား




ဤကဗျာလေးသည်..သမီးကိုသိပ်ချစ်သော ဖခင်တစ်ယောက်၏ မေတ္တာကို ဖော်ပြပေးသော ကဗျာလေးပဲ ဖြစ်ပါသည်။ အစ်ကိုတစ်ယောက်၏ ကဗျာလေးအား ဖော်ပြလိုက်ခြင်းဖြစ်ပါသည်..။

ဖခင်မေတ္တာကို တောင့်တမွတ်သိပ်နေတဲ့....ကျနော်..ဒီကဗျာလေးကိုသိပ်ကြိုက်မိပါတယ်..။ ဒါကြောင့် ကျနော်တင်ပေးလိုက်ပါတယ်...။


ပန်းခရေ...








4 comments:

အညာသား said...

အရမ်းကောင်းတဲ့ အဖေ့မေတ္တာ ကဗျာလေးပါပဲ။

၀ဿန်ဦး said...

ကာရန်တောင် မညှိနိုင်လောက်အောင် မိဘများက သားသမီးတွေကို ချစ်တတ်ကြတယ်ဆိုတဲ့ အချက်ကို သိသာစေတဲ့ ကဗျာလေးပါပဲဗျာ..။
မိဘနှင့် သားသမီးအကြား မေတ္တာတရားထွန်းကား၍ ပီတိဝေဖြာသော သီရိဂေဟာလေးများ တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

Very touching poem as i can see through father loves and affectionate.

I love your poem as it's rare to find to compose the father loves.

Thanks, Sis!!
Soe Mya Nandar Thet Lwin

Tea said...

ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Tea

Related Posts Plugin for WordPress, Blogger...