Friday, May 30

ရှင်သန်တဲ့ချစ်ခြင်း


အတ္တတွေလောင်မြိုက်နေတဲ့
အခန်းငယ်လေးထဲမှာ..
မွန်းကျပ်ခြင်း သံစဉ်တွေကို
ပါးလျတဲ့ရင်ခုန်သံတွေနဲ့...
သီဆိုနေမိတာလည်း...
ကြိမ်ခါပေါင်းမနည်းတော့ပါဘူး...........။

အချစ်ကို မွေးဖွားသန့်စင်သူနှင့်
ပေါက်ဖွားရှင်သန်လာသူနှစ်ဦးကြားက
ရင်ခုန်သံတွေ ထပ်တူမကျဘူး..ဆိုတာ
လက်တွေ့သိလိုက်ချိန်မှာ..
ငါ့ရင်ခုန်သံချစ်ခြင်းရထားကြီးက
အရှိန်ကောင်းစွာ ခုန်မောင်းနေဆဲလေ............။

ဘယ်တော့များမှ မရရှိနိုင်မယ့်
လေးနက်မှု ကြင်နာခြင်းတွေကို
မက်မောနစ်ဝင်စွာ ...
မျှော်လင့်တောင့်တနေမိတာလည်း..
ငါ့ရူးသွပ်မှုပဲတစ်ခုပေါ့...။

မိုးပေါ်က အပ်တစ်စင်းနဲ့
လူ့ပြည်ကအပ်တစ်စင်း
ထိစပ်ရုံတင်မကပဲ
ထုတ်ခြင်းပေါက်...ပေါက်သွားနိုင်တယ်
မင်းကိုယ့်ရှေ့ကိုရောက်လာဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးကို
ရွတ်ဆိုလိုက်တိုင်း
ပြုံးရုံပြုံးတတ်တဲ့ ချစ်သူမျက်နှာကိုလည်း
မှန်းဆတမ်းတရင်း...
နားမလည်းခြင်း များစွာနှင့် ခွင့်လွှတ်ရတာလည်း
အကြိမ်ကြိမ်ခါခါပါပဲ..............။

ရှင်သန်ပေါက်ဖွားလာတဲ့ ချစ်ခြင်းနဲ့
မွေးဖွားသန့်စင်ထားတဲ့ချစ်ခြင်းတို့ရဲ့
နားလည်းကြင်နာမှု၊ မြတ်နိုးတွယ်တာမှု ၊
ခွင့်လွှတ်အနစ်နာခံမှု၊ သည်းခံယုံကြည်မှုတွေ...
ဘယ်တော့မှ တစ်ထပ်တည်းမကျပေမယ့်...
ရှင်သန်နေတဲ့ချစ်ခြင်းများစွာဖြင့်..
မင်းကိုဆက်လက်ချစ်...နေ....ဆဲ.....ပါ...ချစ်သူ.............။

ပန်းခရေ(ရင်တွင်းဖြစ်)

13 comments:

မော်စီ said...

ပန်းခရေက ရင်တွင်းဖြစ်တွေ တယ်လည်း ထုတ်သကိုး အင်း ဆက်ချစ်ပါဗျာ မတားရက်ပါဘူး
အဲ ချစ်သူက ပြုံးရုံသာပြုံးတတ်တယ်ဆိုတော့ နောက်တစ်ခါ ရီအောင် ကလိထိုးကြည့်ပါလား အကြံပေးတာပါ

Anonymous said...

ပြုံးရုံပြုံးတတ်တဲ့ ချစ်သူမျက်နှာကိုလည်း
မှန်းဆတမ်းတရင်း...
နားမလည်းခြင်း များစွာနှင့် ခွင့်လွှတ်ရတာလည်း
အကြိမ်ကြိမ်ခါခါပါပဲ..............။

စာသားလေး ထိတယ်အရမ်းပဲ ရင်တွင်းဖြစ်တွေက ကြာပေမယ့် ဖတ်ရတာ တန်တယ် ကောင်းတယ် ကြိုးစား ကြိုးစား တက်လမ်းရှိတယ် အုန်းပင်း) ။

အညာသား said...

“အချစ်ကို မွေးဖွားသန့်စင်သူနှင့်
ပေါက်ဖွားရှင်သန်လာသူနှစ်ဦးကြားက
ရင်ခုန်သံတွေ ထပ်တူမကျဘူး”
... မှန်ပါ့ဗျာ...

Anonymous said...

သိပကောင်းတဲ့ကဗျာ ရင်ထဲက ခံစားချက်ကို အရမ်းထိအောင်ရေးနိုငတယ်

ရွှန်းမီ said...

ဒီကဗျာ ကြိုက်တယ် ခရေ။
ရထားကြီးက မောင်းနေဆဲ . . .
မျှော်လင့်တောင့်တနေမိတာလည်း..
ငါ့ရူးသွပ်မှုပဲတစ်ခုပေါ့...။

Saing Khan Tun said...

သေဆုံးတဲ့ ချစ်ခြင်းအကြောင်းရော ...
ရေးမှာလားဟင် ...

Anonymous said...

ဒီကဗျာလေး အရမ်းကောင်းတယ်ဗျာ။ ကြိုက်တယ်။
မွန်းကျပ်ခြင်း သံစဉ်တွေကို
ပါးလျတဲ့ရင်ခုန်သံတွေနဲ့...
သီဆိုနေမိတာလည်း...
ကြိမ်ခါပေါင်းမနည်းတော့ပါဘူး...........။
ရှင်သန်ပေါက်ဖွားလာတဲ့ ချစ်ခြင်းနဲ့
မွေးဖွားသန့်စင်ထားတဲ့ချစ်ခြင်းတို့ရဲ့
နားလည်းကြင်နာမှု၊ မြတ်နိုးတွယ်တာမှု ၊
ခွင့်လွှတ်အနစ်နာခံမှု၊ သည်းခံယုံကြည်မှုတွေ...
ဘယ်တော့မှ တစ်ထပ်တည်းမကျပေမယ့်...
ရှင်သန်နေတဲ့ချစ်ခြင်းများစွာဖြင့်..
မင်းကိုဆက်လက်ချစ်...နေ....ဆဲ.....ပါ...ချစ်သူ.............

Welcome said...

အချစ်နဲ့ပတ်သက်လာရင်
ရင်တွင်းဖြစ်အချစ်က ပိုလေးနက်သလိုပဲ။
ပန်းခရေရဲ့ အချစ်ကိုလေးစားတယ်။
ဆက်လက်ချစ်နိုင်ပါစေ....
ကျွန်တော့်ချစ်သူရဲ့ ဖြစ်အင်ကိုလည်း လာကြည့်လှည့် ပါအုံး။

Apprenticeship said...

Nyi mah yay... chit ning hla chi lar?? Tu Tu bae :P

ဖူးဖူး said...

ရခဲလှတဲ့ အချစ်ကို တန်းဖိုးထားရင် ပတ်ဝန်းကျင်ကြီး သာယာလှပနေမှာပါ။ အချစ်ဆိုတာလည်း ချိုမြိန်နေမှာပါ....

၀ဿန်ဦး said...

မျှော်လင့်ထားသော ချစ်ခြင်းတရားကို အမြန်ဆုံး ရရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ခင်ဗျာ.....

Unknown said...

"ချစ် ချစ် မင်းတို့ပဲချစ်ကြ.." Synergy ရဲ့ သီချင်းထဲက စာသားလေးသတိရလို့ပါ...။ ချစ်နိုင်သူတွေ ချစ်ကြပါ ချစ်ကြပါ..။

အိတာ said...

ပြုံးရုံပြုံးတတ်တဲ့ ချစ်သူမျက်နှာကိုလည်း
မှန်းဆတမ်းတရင်း...
နားမလည်းခြင်း များစွာနှင့် ခွင့်လွှတ်ရတာလည်း
အကြိမ်ကြိမ်ခါခါပါပဲ..............။


အဲဒီစာသားလေးတကယ်ထိတယ်...အရမ်းကောင်းပါတယ်...

Related Posts Plugin for WordPress, Blogger...