Thursday, March 13

ဇာတိမြေ (သို့) အိမ်အကြောင်း




ကျနော်..ဇာတိမြေကို အရမ်းကိုသတိရနေတာကြာပါပြီ..။ကျနော်တို့ မြို့လေးကို လွမ်းနေတာ လည်းအရမ်းကိုပါ.။ကိုပြည့်စုံက ဇာတိမြေအကြောင်းသိချင်တယ် ဆိုတော့ ကျနော်ပြောပြရမှာ ပေါ့..။ကျနော်အိမ်ပြန်ချင်နေတယ်ဗျာ..။အမြဲလွမ်းနေတာ ကျနော့မြို့လေးကိုပါ..။
လူတိုင်းလူတိုင်း အိမ်ကိုလွမ်းကြမယ်ထင်တယ်..။အဓိကကတော့ အိမ်ကိုခွဲပြီးအဝေးရောက်နေ သော သူငယ်ချင်းအားလုံး ပိုလွမ်းကြမယ်ထင်ပါတယ်..။ဇာတိချက်ကြွေမွေးရပ်မြေကို လူတိုင်း သတိရကြမှာပါ..။ကျနော်ရဲ့ဇာတိချက်ကြွေလေးက မိတ္ထီလာမြို့လေးပါ..။လူတိုင်းရောက်ဖူးကြ မှာပါ..။မရောက်ဖူးပေမယ့်..မိတ္ထီလာမြို့ဆိုတာနဲ့ မိတ္ထီလာကန်တော်ကြီးကို သိကြမှာ..။
ငယ်ငယ်ချိန်ခါက ကလေးတွေကို အိပ်စေချင်ရင် သိပ်တတ်ကြတဲ့ သီချင်းလေးတစ်ပုဒ်တော့ ကြားဖူးကြမယ်ထင်တယ်..။

“ မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်...
ဗျိုင်းရှေ့က ပျံကာပျံကာရယ်..
မိုးစုံးစုံးချုပ်ပေါ့သမီးငယ်ရယ်...
အိပ်ပါတော့ကွယ်....
ကြောင်ကြီးကိုက်လိမ့်မယ်...
အိပ်ယာက နိုးရင်ကျောင်းသွားရအုံးမယ်...
မျက်စိမှိတ်ထားကွယ်..
စောစောထဖို့ အိပ်ပါကွယ်....
အိမ်မက်လှလှမက်စေကွယ်....

အမေ့ခြေရာနင်းမယ့်...
အလှကြိုက်တဲ့သမီးငယ်ရယ်..
သမီးကျောင်းသွားချိန်မှာပန်စရာ..
ပန်းလှလှလေးခူးပေးမယ်ကွယ်...
ပါးကွက်ကွက်ပေးမယ်..
နေတစ်ဖက် လတစ်ဖက်လို...
ပါးပေါ်ထင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်..
သမီးလေးရေးတတ်အောင်..
စောစောကျောင်းသွားဖို့..
အိပ်ပါကွယ်.......”

ဒီသီချင်းလေးကို အားလုံးလည်းကြားဖူးကြမှာပါ..။ကျနော်ဒီသီချင်းလေးကိုသိပ်ကြိုက်တယ်..။ အမေချော့သိပ်နေကြသီချင်းလေးပါ...။ကျနော်ဒီသီချင်းလေးကိုကြားရင်ဝမ်းနည်းပြီးကြက်
သည်းမွေးညှင်းများတောင် ထမိပါတယ်..။ကျနော့ရဲ့မြို့လေးကို ကျနော်သိပ်ချစ်တယ်..။ ကျနော်ငယ်ဘ၀တည်းက နေခဲ့တာ..မြို့လေးကိုခွဲခွာရတာ မကြာသေးပါဘူး..။ကျနော့်မြို့လေး ရဲ့ချစ်စရာကောင်းတဲ့ နေရာတွေကို ပျော်စရာကောင်းတဲ့နေရာတွေ..ကျနော်သိပ်ကြိုက်တဲ့ ကန်တော်ကြီးရယ်..ကျနော်တို့ထိုင်နေကြ..လဘ္ဖက်ရည်ဆိုင်လေးကိုလည်း လွမ်းတယ်...။ ချစ်တယ် ..။ကျနော်တို့မြို့လေးက လမ်းဆုံကြတဲ့အတွက် မြို့တိုင်းရဲ့အစားအသောက်တွေ ကုန်ပစ္စည်းတွေပေါများတယ်..။လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသေးတယ် ..။ ဘယ်သွားမလဲ ဘယ်မြို့ကိုသွားချင်လဲ..အားလုံးအဆင်ပြေတယ်..။ ရာသီဥတုလည်းမျှတသေး တယ်လေ..။ကျနော်တို့မြို့လေးမှာ အနာဂတ်ရဲ့လူတော်လူကောင်း တွေကိုမွေးထုတ်ပေးတဲ့ ကျောင်းတော်တွေလည်း ပေါများသေးတယ်..။ကျနော်ကဒီမြို့လေးရဲ့ အစိုးရနည်းပညာတက္က သိုလ်က ကျောင်းပြီးခဲ့တာပါ..။ကျနော့ရဲ့ အချိန်တော်၂များများကို မြို့လေးရဲ့ အလှအပတွေ နဲ့ သူငယ်ချင်းတွေ နှင့်အတူ ပျော်မြူးကုန်ဆုံးခဲ့တယ်..။
လူတိုင်းလူတိုင်းမှာ ဇာတိမြေကိုပြန်သွားချင်တဲ့ ဆန္ဒဆိုတာ ရှိကြမှာပါ..။လူတိုင်းပဲ အိမ်နဲ့ခွဲနေ ကြာမှာပဲနော်..။ကျနော်လည်းအိမ်နဲ့ခွဲနေရတယ်..။မြို့လေးကိုရော သူငယ်ချင်းအားလုံးကိုပါခွဲ နေရပါတယ်..။
ကန်ဘေးမှာအမြဲလေ ရှုထွက်တဲ့ ညနေခင်းလေးတွေလည်းများခဲ့တယ်လေ..။ကန်ဘေးမှာ အကြော်စားရင်းသူငယ်ချင်းအားလုံးနဲ့ပျော်ရွှင်စရာဘ၀ကိုလည်းဒီမြို့လေးက ပေးစွမ်းပါသေးတယ်..။တန်ခိုကြီးဘုရားလည်းရှိပါသေးတယ်..။နှစ်စဉ်တော်သလင်းလဆို
တန်ခိုးကြီးဖောင်တော်ဦး ဘုရားပွဲတော်ကျင်းပတယ်..။အရမ်းစည်ကားတယ်..။အဲဒီမှာရိုးရာ လှေပြိုင်ပွဲကိုလည်းကျင်းပပါတယ်..။ကျနော်တို့မြို့လေးကအေးချမ်းတယ်ဗျာ နေစရာအရမ်းကောင်းတယ်..။ ငယ်ငယ်ကဘ၀လေးကိုလည်းသတိရတယ်..။ကျောင်းတက်ခဲ့ ရတဲ့ အချိန်တွေကိုလည်းမမေ့ဘူး ကျောင်းသားဘ၀ခြောက်နှစ်ကျော်ကို မြို့လေးမှာပဲ အေးချမ်းပျော်ရွှင်စွာ ကုန်ဆုံးခဲ့ရတယ်..။ကျနော်တခြားမြို့တွေကိုသွားမတက်ရဘူး..။မြို့လေး မှာပဲတက်ရမယ်ဆိုတော့ ပျော်မိတယ်..။ကျောင်းပြီးလို့အလုပ်ဝင်တော့ ကျနော့်မြို့လေးကို ခွဲခွာခဲ့ရတယ်..။ကျနော့်မြို့လေးကို သိပ်လွမ်းနေတယ်..။ဆိုင်ကယ်တစ်စီးနဲ့..သူငယ်ချင်း အားလုံးနဲ့လျှောက်လည်ကြတဲ့နေရာတွေ.. ကျောင်းနားလေးက မင်းလှကန်ဘုရား ၊ သာစည် မြို့နယ်ဘက်က ရွှေယင်မျှော်ဘုရားကိုလည်း အမြဲရောက်သေးတယ်လေ..။ ကျောက်ပန်း တောင်းဘက်အထွက်မှာဆို...သိမ်တွေပေါတယ်..။ပဲသီတာသိမ်ဆို နာမည်ကြီးတယ်..။ ကျ နော်တို့သူငယ်ချင်းတစ်တွေ သွားကြတဲ့နေရာလေးတွေ..ပျော်ရွှင်မှုတွေကို မြို့လေးကပေး စွမ်းသေးတယ်လေ..။ကျနော်က မိုးရေကိုသိပ်ကြိုက်တာ..။မိုးရေထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ မိုးရေချိုးရတဲ့ အချိန်လေးတွေကိုလည်း ပျော်ရွှင်စွာပေးစွမ်းသေးတယ်လေ..။
ကန်ပတ်လည်ဝိုင်းရံနေတဲ့ မြို့လေးဆို..ကျနော်တို့မြို့လေးလို့ပြောရမယ်..။တော်တော် ပျော်ဖို့ကောင်းပါတယ်..။ကျနော် စာရေးညံ့ဖျင်းမှုကြောင့်သာ မြို့လေးရဲ့အလှအပကို မဖော်ပြ တတ်တာပါ..။မိတ္ထီလာရောက်ရင် သူငယ်ချင်းအားလုံး လာလည်နိုင်ပါတယ်..။မိတ္ထီလာမှာ စိန်မမဆို မသိသူမရှိဘူးမထင်ပါနဲ့...။ရှိတယ်လို့..။း)
မိတ္ထီလာမြို့လေးကိုရောက်ရင် စိန်မမရေ..ပေခရမ်းရေလို့အော်လိုက်နော် ..အနော်ထွက်လာ မယ်သိလား...။ခေါ်သာခေါ်လိုက်နော်..။အားလုံးကိုနွေးထွေးစွာ ကြိုဆိုပါတယ်..။ကျနော်တို့မြို့လေးကနေ..ကြိုဆိုပါတယ်..။


ကဲကိုပြည့်စုံရေ..ကျနော်ရေးလိုက်ပြီနော်..။

မရေးတတ်လို့ဒီလောက်နဲ့ကျေနပ်နော်...။

အားလုံးအဆင်ပြေပါစေ..။ကျနော်လောလောဆယ် မြို့လေးကိုေ၇ာ အိမ်ကိုပါ အရမ်းလွမ်းနေပါကြောင်း..။
ပန်းခရေ(ရင်တွင်းဖြစ်)

6 comments:

Anonymous said...

အင်း မတ္ထီလာရောက်ရင် စိန်မျောက်ရေ့လို အော်ရင်ရတယ်ဟုတ်.။ ကန်ကြီးဘေးနားမှာ ဘူးသီးကြော်ဆိုင်ရှိတယ်မှတ်လား ၀ယ်ကျွေးနော့်။ အိမ်လွမ်းတာကတော့ မပြောပါနဲ့ တော့သယ်ရင်းရာ အခုပဲထပြန်ချင်စိတ်ပေါက်လာပြီး.။
အိမ်ကိုလွမ်းတဲ့ စိတ်တွေပျောက်ပါစေဗျာ

ein said...

ဝေးးးးးးးးစိန်ကြီး ကောင်းတယ်ကွာ အိမ်အကြောင်းလေးကတော့ဂွတ်တယ်ဟ...:)
နာတောင် မိတ္ထီလာမြို့ကကျောင်းလေးရယ် ၊မိတ္ထီလာကန်တော်ကြီးရယ်၊ နောက်တူတူ ထိုင်ခဲ့ကြ တဲ့ယူနီဆန်ဆိုင်လေးရယ် ၊ဟဲဟဲ အားလုံး ကတော့ သတိရစရာတွေ ချည်းပဲနော် ဟေ့ရောင်...:D

Emily said...

မယ်စိန်ရေ လာလည်မယ်ကွ မာထီလိတ်ကို အတော်ပဲ။ လွမ်းသာလွမ်း များများလွမ်းလေ ကဗျာထွက်လေပဲ ဟေးဟေး။

ရွှန်းမီ said...

“ မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်...
ဗျိုင်းရှေ့က ပျံကာပျံကာရယ်..
မိုးစုံးစုံးချုပ်ပေါ့သမီးငယ်ရယ်...
အိပ်ပါတော့ကွယ်....
ကြောင်ကြီးကိုက်လိမ့်မယ်...
အိပ်ယာက နိုးရင်ကျောင်းသွားရအုံးမယ်...
မျက်စိမှိတ်ထားကွယ်..
စောစောထဖို့ အိပ်ပါကွယ်....
အိမ်မက်လှလှမက်စေကွယ်....

အမေ့ခြေရာနင်းမယ့်...
အလှကြိုက်တဲ့သမီးငယ်ရယ်..
သမီးကျောင်းသွားချိန်မှာပန်စရာ..
ပန်းလှလှလေးခူးပေးမယ်ကွယ်...
ပါးကွက်ကွက်ပေးမယ်..
နေတစ်ဖက် လတစ်ဖက်လို...
ပါးပေါ်ထင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်..
သမီးလေးရေးတတ်အောင်..
စောစောကျောင်းသွားဖို့..
အိပ်ပါကွယ်.......”

ဒီသီချင်းလေး မီလဲ ကြိုက်တယ်..

အိမ်ကို လွမ်းရင်း ခရေ့ကိုလဲ လွမ်းတယ်.. ဘယ်ပျောက် ?

စိုးထက် - Soe Htet ! said...

ဆက်လွမ်းပေါ့ ပြန်မှ မပြန်နိုင်သေးတာကိုး :)

Unknown said...

အကောင်းဆုံးကို ပုံဖော်ပေးသွားတဲ့ မမစိန်ရေ.. ကျေးဇူးပါ.. ခံစားချက်တွေက ပွင့်ထွက်ကုန်တယ်နော်...
အရမ်းလည်းကျေးဇူးတင်ပါတယ်... ကျနော်အခုမှ ကွန်မန့်တာကို နားလည်ပေးပါ... ခရီးရဲ့အခြေအနေကြောင့်ရယ် ... ကွန်ပြူတာအခက်အခဲကြောင့်ရယ်ပါ...

အဝေးတနေရာမှာ ဝေနေတဲ့ ပန်းခရေလေးရေ.. အမြဲလန်းဆန်းနိုင်ပါစေ....

Related Posts Plugin for WordPress, Blogger...