Thursday, March 20

ကျွန်မဖြစ်ချင်သော အကြောင်အရာများ --ဖြစ်ပျက်ခဲ့သောအကြောင်းအရာများ..


ကျမဖြစ်ချင်သောအကြောင်းများဆိုလို့ ကြီးကျယ်မှုတော့သိပ်မ ရှိပါဘူး..ကျမကြုံတွေ့ခဲ့ရတဲ့ ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ပြန်ပြောပြတာပါ..။ ကျမရဲ့ဦးနှောက် အသိဥာဏ်စတင်ဖွံဖြိုးခါစက ဖြစ်ချင်မှုအကြောင်းအရာတွေ ...အတိအကျပြောရရင် ကျမ၇တန်းကျောင်းသူဘ၀မှာ Nursing Cadet အရမ်းဖြစ်ချင်ခဲ့တယ်..။ ဆယ်တန်းအောင်ရင် Nursing Cadet လျှောက်မယ်ပေါ့..။ အားကြိုးမာန်တက်နဲ့ ရူးသွပ်နေလိုက်တာ...။ ဒါပေမယ့် ဖြစ်ချင်တော့ ကျမတို့ဆယ်တန်းရောက်တဲ့ နှစ်မှာပဲ မခေါ်တော့ပါဘူး..။ ကျမဆယ်တန်းအောင်တာ ၂၀၀၀ခုနှစ်ပါ.။ကျမဆယ်တန်းရောက်တော့ ရည်ရွယ်ချက်ပြောင်းသွားတယ် ..။အဲဒါက အိုင်တီပညာရှင်တစ်ယောက်သိပ်ဖြစ်ချင်တာပဲ ..။အိုင်တီနည်းပညာကို သိပ်သိချင်လာတယ်..။ ပညာရှင်တစ် ယောက်ဖြစ်ချင်လာတယ်...။


စိတ်အားထက်သန်နေလိုက်တာများ ဆယ်တန်းပြီးရင် အိုင်တီသမားဖြစ်အောင်ကြိုးစားမယ်ပေါ့..။ဖြစ်ချင်တော့ ကျမဆယ်တန်းကို ဂုဏ်ထူးမပါဘူး..။အဲဒီအချိန်က အစိုးရနည်းပညာကောလိပ်မှာ အိုင်တီစဖွင့်နေပြီ..။၉၉ခုနှစ် ၁၀တန်းအောင်တွေက စတက်ကြတယ်..။ကျမကတော့ ဒုတိယအသုတ်ပေါ့..။ အမှတ်စာရင်းလေးကလည်း ဂုဏ်ထူးမပါတော့ နည်းပညာကောလိပ်လေးမှ မီပါ့မလားပေါ့..။ကျမဖြစ်ချင်တာက ဒီတစ်ခုပဲရှိတာကိုး..။ ရင်ခုန်စွာစောင့်စားရင်း ၀င်ခွင့်လျှောက်လိုက်တာ..နည်းပညာကောလိပ်ကို တက်ခွင့်ရခဲ့တယ်..။ အဲမပြီးသေး ဘူးလေ...အဲဒီမှာ ထပ်လျှောက်ရသေးတယ်..။မေဂျာက ၇မေဂျာရှိတယ်..။အရင်နှစ်က အိုင်တီကအမှတ်အများ ဆုံးလေ ..။ဒီလိုနဲ့ရင်တစ်ထိတ်ထိတ်နဲ့ ထပ်လျှောက်ရတယ်..။မီမှမီပါ့မလားပေါ့..။ဟော..မီသွားတယ်..။တက် ခွင့်ရတော့ ပျော်လိုက်တာများ ရေရေလည်လည်ပါပဲ..။


GTC ကနေ B-Teach ကနေ B-E တက်ခွင့်ရအောင် ကြိုးစား မယ်ဆိုပြီး အားကြိုးမာန်တက်ပေါ့...။ ကျောင်းပြီးရင်ပဲ ငါ ဘာကောင်ကြီးဖြစ်မလဲပေါ့..။ ကမ္ဘာပေါ် ချုပ် ကိုင်မယ့်သူလားး) လကမ္ဘာပေါ်ပဲ ..ငါသွားနေခွင့်ရတော့မလား...အင်တာနက်ပေါ်ကနေပဲ တစ်ကမ္ဘာလုံးကို Control လုပ်နိုင်မလားပေါ့...။ ဘီင်္လ်ဂိတ်နဲ့ပဲ လက်ဆွဲနှုတ်ဆက်ရမလားပေါ့..။ သိတယ်မလား...မိုးပေါ်တက်ပြီး တိုက်မဆောက်ဘူးသနား တယ်..အိုင်တီပညာရှင်တက်လုပ်နေလိုက်တာ GTC နှစ်နှစ်ပြီးရော...ကံလေးကောင်းပြီး B-Teach တက်ခွင့်ရ အားပါး များများစားစားထောင်ထောင်လွှားလွှား ဆောင့်ကြွားကြွား ပေါ့..။

ဒါပေမယ့်သိတယ်မလား မိုးပေါ်လွှတ်တင်ထားတဲ့ စိတ်ဓာတ်က ကျောင်းသားဘ၀တတိယနှစ်- B-Teach ပထမနှစ်မှာပဲ မိုးဒဏ်.လေဒဏ်..စာပေဒဏ်တွေကို အလူအလိမ့်ခံရင်း စတင်ပျက်ပြီးစပြုလာပါတယ်..။ ဘယ်လောက်ထိများပျက်စီးလဲဆိုရင် B-Teach 1st year ကို Roll နောက်ဆုံးနဲ့ကို အောင်တာ..။ရေလည်ကို ကြွားနေတာ..။လူ၂၀ကိုစိန်မမက အဆင့်၂၀ပေါ့။။ ဒီလိုဟိုလူး ဒီလွန့်နဲ့ BE ပြီးသွားတယ်ပေါ့..။


BEလည်းပြီးရော...စတင်ပြီး Depression ၀င်တာက ဖြစ်ချင်တာက အိုင်တီပညာရှင် ..အိုင်တီပညာရှင်ဖြစ်ဖို့ နေနေသာသာ ကိုယ့်မှာက ဘွဲ့လေးတစ်လုံးပဲရှိတယ်..။ အလုပ်ကလည်း အသေအလည်ကို လုပ်ချင်တာနေချိန်မှာ အလုပ်ကလည်းရှာမရ..ကမ္ဘာကို ချုပ်ကိုင်ဖို့နေနေသာသာ တစ်နေရာစာရပ်တည်ဖို့ တောင်မလွယ်ကူပါဘူး..။မိုးပေါ်ရောက်နေတော့...မြေပြင်မှာကျမအတွက် နေရာမကျန်ဘူးထင်ပါရဲ့..။ ကျမအလုပ်မရခင်က စိတ်ဓာတ်ကျလိုက်တာများ..။ဟိုးမြေကြီးအောက်တွင်းတူးပြီး အနိမ့်ဆုံးကို ရောက်လို့ပေါ့. အဲဒီအချိန်တုန်းက “ကမ္ဘာလောတွင် စိတ်လှုပ်ရှားမှုနှင့်စိုးရိမ်သောက ထိပ်လန့်တုန်လှုပ်မှုနှင့် စွန့်စားမှုစသည့် ဘေးအန္တရာယ် ခံစားချက်ကိုမှ နှစ်သက်နေသူများရှိသည်ဟု လက်ခံကြမည်ဆိုလျှင် ထိုလူစားမျိုးမှာ ကျမသာလျှင်ဖြစ်သည်..။ ”လို့ ဆိုရလောက်အောင်ကို ရသပေါင်းစုံကိုခံစားခဲ့ရတယ်..။ ဒါပေမယ့် ခံစားချက် လေးနက်တယ်..ပေါ့ပျက်မနေဘူး..ငါရပ်တည်လို့ရပမလားဆိုတဲ့ ရင်တစ်ထိတ်ထိတ် စိုးရွံ့စိတ်တွေနဲ့လေ.. အလုပ်မရတဲ့ အဆုံးကြံရာမရတာနဲ့ ME ဆက်တက်နေလိုက်တယ်..။ ကျောင်းတက်ရင်း ရေလည်လေလိုက်တယ်လေ...။


ဒီလိုနဲ့ ကျောင်းတက်ရင်းမှာပဲ ကျမကို ကမ္ဘာမြေပြင်က သနားတယ်ထင်ပါရဲ့..။သူ့ရဲ့ကျောပြင်မှာ ရပ်တည်ဖို့ နေရာ တစ်နေရာ စာပေးပါတယ်..။ ကျမဖြစ်ချင်တဲ့ အိုင်တီပညာရှင်..း) စိတ်ကူးနဲ့ရူးနေတာလေ...။ ဖြစ်ခွင့်ပေးချင်တယ်ထင်ပ..။သတင်းအချက်အလက်နှင့်နည်းပညာနဲ့ ဘွဲ့ရထားတဲ့ ကျမကို သတင်းအချက်အ လက်နှင့်နည်းပညာဌာနမှာ.. အငယ်တန်းအင်ဂျင်နီယာ ပေါက်စဘ၀ကို စတင်ရပ်တည်ခွင့်လေး ပေးလိုက်ပါတယ်။ ကျွန်မဖြစ်ချင်ခဲ့တာ IT ပညာရှင်ပါ။ ကျွန်မရပ်တည်ခွင့်ရတဲ့ နေရာဌာနကလည်း IT ဌာနမှာပါ။ ဒါပေမယ့် ကျွန်မ IT ပညာရှင်တစ်ယောက် မဟုတ်သလို IT ပညာရှင် မဖြစ်သေးပါဘူး။ ကျွန်မကြိုးစားရပ်တည်ရမှာ အများကြီးကျန်ပါသေးတယ်။ ကျွန်မကြိုးစားရဦးမယ်။ ဒီနေရာလေးမှာ ပညာတွေများစွာ သိရှိတဲ့ ပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။


ကျွန်မရဲ့ ဘ၀ရပ်တည်ခွင့်ရဖို့ လုံလောက်တဲ့ပညာ ဘာမှမရှိသေးပါဘူး။ ကျွန်မ ဘာဆိုဘာမှ မသိသေးသော လူသားတစ်ယောက်ပါ။ ဒီလိုရပ်တည်ချက်နဲ့ ကျွန်မ လောကရဲ့ထုံးစံအတိုင်း လောကဓံကိုလည်း ရင်ဆိုင် ရသေးတယ်။ အဲ့ဒါကတော့ လူသားများစွာထဲက များစွာသော စိတ်ဓါတ်ပိုင်ရှင်လူသားတွေပါ။ အဓိကကတော့ လူသားတွေရဲ့ စိတ်ဓါတ်ပါ။ ကောင်းတဲ့သူတွေနဲ့ ကြုံရသလို မကောင်းတဲ့သူတွေနဲ့လည်း များစွာ ကြုံရပါသေးတယ်။ ဒါကလည်း ကျွန်မအတွက် လေ့ကျင့်ပေးနေတဲ့ နည်းစနစ်ထင်ပါရဲ့။ ကျွန်မ ဒီအခက်အခဲလေးတွေနဲ့ ဖြတ်ကျော်နေပါတယ်။ ကျွန်မသိပ်ဖြစ်ချင်တဲ့ IT သမားဖြစ်ဖို့ ကျွန်မမှာ မိတ်ဆွေကောင်းတွေ ဆရာကောင်းတွေများစွာ လိုအပ်ပါတယ်။ ကျွန်မလို ဘာဆိုဘာမှ မသိသေးသော လူသားတစ်ယောက်ကို ကူညီလမ်းပြရင်း နည်းလမ်းကောင်းများကို ချမှတ်ပေးမယ့် သင်ဆရာ မြင်ဆရာ များစွာ ဆုံတွေ့ချင်ပါတယ်။ ကျွန်မကို ကူညီပေးကြပါ။ ဝေဖန်ဆွေးနွေးပေးကြပါ။ ကျွန်မပညာတတ်တစ်ယောက် မဖြစ်ချင်ပါ။ ပညာရှိတစ်ယောက်ဖြစ်ချင်ပါတယ်။ ၀ိုင်းဝန်းကူညီပေးကြပါ။


ကျွန်မဖြစ်ချင်တဲ့ အကြောင်းအရာ
ကျွန်မဖြစ်သင့်တဲ့ အကြောင်းအရာ
ကျွန်မဖြစ်နေတဲ့ အကြောင်းအရာ
ဒီသုံးချက် တစ်ထပ်တည်း ကျနိုင်ပါ့မလား။
ကျွန်မတစ်ထပ်တည်းကျဖို့ မိတ်ဆွေတွေရဲ့ အကူညီများစွာ လိုအပ်ပါတယ်။
“ကျေးဇူးပြု၍ ကူညီပါလား မိတ်ဆွေ”

ပန်းခရေ (ရင်းတွင်းဖြစ်)


9 comments:

Synchro 305 ~ said...

တက်မရှိလက်နဲ့ ကူး
ရူးချင်လည်းရူးပါစေ သယ်ရင်းရာ
ပင်လယ်ဆိုတာဘယ်လောက်ကျယ်တာမှတ်လို့ လဲ

တကယ်ဖြစ်ချင်တကယ်လုပ်
အဟုတ်ဖြစ်ပါတယ်

ငါပြောတာဟုတ်ဘူးလူကြီးတွေပြောတာနော်
:P

Anonymous said...

အင်းး....နင်လည်း ဆန့် ငင်ဆန့် ငင်နဲ့ အမ်အီးတောင်ရောက်သွားတာပဲတော်လိုက်တာ အခုလည်း ပညာရှင်ပေါ့ကွာ ဘ၀နေတတ်ရင်ပျော်စရာပါ မနေတတ်ရင်တော့ စိတ်ညစ်စရာတွေများတာပေါ့။
ပျော်ရွှင်ပါစေဗျာ။

ပန်းခရေ said...

ကြိုးစားပါသူငယ်ချင်း
အားပေးနေပါတယ်..
IT ပညာရှင်ဆိုတာ
တော်ရုံမရဘူးနော် ..
ကမ္ဘာနဲ့ယှဉ်ရမှာဆိုတော့..
ကြိုးစားပါ..
ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်..။
ဖိုးသူတော်

ပန်းခရေ said...
This comment has been removed by the author.
ein said...

ဝေးးးကျမဖြစ်ချင်တယ်ဆိုသောအိုင်တီပညာရှင်စိန်ကြီး ...
ကြားလားအတိဘူး ငါခေါ်နေတာကို...:D
ဘာတဲ့ဟီးးးးးးးးးမိုးဒဏ်.လေဒဏ်..စာပေဒဏ်တွေတဲ့လားကွ...:D
"ကျေးဇူးပြု၍ ကူညီပါတယ် မိတ်ဆွေရေ”

ChIr0N said...

အိမ်း ဘထွေးကတော့ တခုပဲ ကူညီနိုင်တယ် တူမကြီးရဲ့။ ထိမ်းမြားခြင်းလျှင်ဆိုတဲ့ မိဘ၀တ္တရားကို မိဘတွေ ကိုယ်စား ရှာဖွေပေးထားတယ်။ ဟိဟိ အဲဒါလဲ ကူညီတာပဲ မဟုတ်လား။ ဖြစ်ချင်သော ဆန္ဒများ ပြည့်စုံပါစေ ညီမရေ။

Unknown said...

သူငယ်ချင်း... ကြိုးစားပါလို့ပဲ ပြောမယ်နော်... အမြဲကြိုးစားနေပါ... ပြင်းပြထက်သန်တဲ့စိတ်က အရာရာကို အောင်မြင်အောင် ဖန်တီးပေး တတ်ပါတယ်.. ဘာတွေလုပ်လုပ် ရည်မှန်းချက်ဆိုတဲ့ အရာကနေသွေဖယ်မသွားပါစေနဲ့...ဘဝမှာ ဖြစ်ချင်သော ဆန္ဒတွေ ပြည့်ဝပါစေ..

စိုးထက် - Soe Htet ! said...

Nursing Cadet ဖြစ်ရမယ်ထင်တယ် ... စာလုံးပေါင်း ပြောတာပါ ...
အင်း ပြီးတော့ ... နီးနီး စပ်စပ်တော့ ဖြစ်နိုင် ပါသေးတယ် ...
နောက်ပြီး ...
အောင်မြင် ပျော်ရွှင်တဲ့ ပညာရှင်ဘ၀ သာမက .. မိသားစု ဘ၀ ပါ အမြန်ဆုံး ပိုင်ဆိုင်ပါစေ ...

ဆုတောင်းပေးတာ အဆင်ပြေတယ် ဟုတ် ... :P

တင့်ထူးရွှေ said...

ကိုစိုးထက်ကြီး နောက်ဆုံးဆုတောင်း အကောင်းဆုံးပဲ ..:P
ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံးပြည့်ဝပါစေ ခင်ဗျာ ။ ။

Related Posts Plugin for WordPress, Blogger...