Tuesday, January 22

ရှင်သန်ခြင်းချစ်ခြင်း





မင်းအတွက်ကျခဲ့ရတဲ့

ငါ့မျက်ရည်တွေ...

မင်းအတွက်လွမ်းဆွတ်မိတဲ့

ငါ့အလွမ်းတွေ...

မင်းအတွက်ပေးဆပ်မိတဲ့

ငါ့ပေးဆပ်ခြင်းတွေ....

မချစ်ဖူးတဲ့

အချစ်တစ်ခုနဲ့

မင်းကိုနင့်နင့်နဲနဲ

ချစ်ခဲ့မိတဲ့

ငါ့ချစ်ခြင်းတွေ...

မင်းသာငါ့ဘ၀တစ်ခု

ယူဆမိခဲ့တဲ့

ငါ့ယုံကြည့်မှုတွေ...

မင်းရပ်တည်မှု

ရှင်သန်မှုတွေ

အားလုံး ငါ့ရပ်တည်မှု

ရှင်သန်မှုတွေ..

ဒါတွေအားလုံးဟာ

ရူးသွပ်မှုမဟုတ်တဲ့

ငါရဲ့ရှင်သန်ခြင်း

ချစ်ခြင်းတွေပါ....ချစ်သူ..။



ပန်းခရေ(ရင်တွင်းဖြစ်)

အချစ်ကိုအရမ်းချစ်တတ်တဲ့အရမ်းကိုးကွယ်တဲ့ကောင်မလေး နွေကဗျာကိုယ်စား

ခံစားရေးထားတာပါ..သူရဲံ့ချစ်ခြင်းကဘာနဲ့မှမတူအောင်ကို..ပြင်းထန်ပါတယ်

ကျနော့်ရဲ့ ကဗျာရေးညံ့ဖျင်းမှုကြောင့်သာ အချစ်ရဲ့အင်အားတွေကို ဖော်ညွှန်းမပြသနိုင်တာကို

ခွင့်လွှတ်ပါ..အချစ်ကိုတော့..လူတိုင်းလေးနက်စွာ ခံစားဖူးကြမှာပဲ....။

ကျနော်လည်း ..တစ်စုံတစ်ယောက်ကို လေးနက်စွာချစ်တယ်...။

ဟီး ကြေငြာဝင်တာပါ...။

4 comments:

သဇင်ဏီ said...

တကယ်ကြီးကို ခံစားချက်တွေပါလားဟ...
အော်.. အချစ်..အချစ်..
လူတိုင်းသည်ချစ်နေကြသည်ပေါ့..
မနာလိုဘူးကွာ.. ဟား ဟား..
နောက်တာနော်.. အဆင်ပြေပါစေသယ်ရင်းလေး

Z said...

အရမ်းကြီး စာတွေမဖွဲ့ထားပေမယ့် ကဗျာလေးက ကောင်းပါတယ်...

Emily said...

ကောင်းပါတယ် ညီမလေးရ။ စကားလုံးတွေက အရေးမကြီးပါဘူး။ ရင်ဘတ်ကြီးထဲက လာတာ အစစ်အမှန်ဖြစ်ဖို့ လိုပါတယ်။ ကောင်းပါတယ် ကဗျာလေးက။

မင်းကျန်စစ်။ said...

ကဗျာကို ခံစားရင်း အချစ်ကို တန်ဖိုးထားတဲ့ နွေကဗျာရဲ့ အချစ်ပမာဏကိုပါ မြင်ယောင်လာမိတယ်။ သူ့အတွက် ရေးပေးထားတယ်ဆိုတော့ စာမူခ ဘယ်လောက်ရလဲပြော :)

Related Posts Plugin for WordPress, Blogger...