မင်းအတွက်ကျခဲ့ရတဲ့
ငါ့မျက်ရည်တွေ...
မင်းအတွက်လွမ်းဆွတ်မိတဲ့
ငါ့အလွမ်းတွေ...
မင်းအတွက်ပေးဆပ်မိတဲ့
ငါ့ပေးဆပ်ခြင်းတွေ....
မချစ်ဖူးတဲ့
အချစ်တစ်ခုနဲ့
မင်းကိုနင့်နင့်နဲနဲ
ချစ်ခဲ့မိတဲ့
ငါ့ချစ်ခြင်းတွေ...
မင်းသာငါ့ဘ၀တစ်ခု
ယူဆမိခဲ့တဲ့
ငါ့ယုံကြည့်မှုတွေ...
မင်းရပ်တည်မှု
ရှင်သန်မှုတွေ
အားလုံး ငါ့ရပ်တည်မှု
ရှင်သန်မှုတွေ..
ဒါတွေအားလုံးဟာ
ရူးသွပ်မှုမဟုတ်တဲ့
ငါရဲ့ရှင်သန်ခြင်း
ချစ်ခြင်းတွေပါ....ချစ်သူ..။
ပန်းခရေ(ရင်တွင်းဖြစ်)
အချစ်ကိုအရမ်းချစ်တတ်တဲ့အရမ်းကိုးကွယ်တဲ့ကောင်မလေး နွေကဗျာကိုယ်စား
ခံစားရေးထားတာပါ..သူရဲံ့ချစ်ခြင်းကဘာနဲ့မှမတူအောင်ကို..ပြင်းထန်ပါတယ်
ကျနော့်ရဲ့ ကဗျာရေးညံ့ဖျင်းမှုကြောင့်သာ အချစ်ရဲ့အင်အားတွေကို ဖော်ညွှန်းမပြသနိုင်တာကို
ခွင့်လွှတ်ပါ..အချစ်ကိုတော့..လူတိုင်းလေးနက်စွာ ခံစားဖူးကြမှာပဲ....။
ကျနော်လည်း ..တစ်စုံတစ်ယောက်ကို လေးနက်စွာချစ်တယ်...။
ဟီး ကြေငြာဝင်တာပါ...။
4 comments:
တကယ်ကြီးကို ခံစားချက်တွေပါလားဟ...
အော်.. အချစ်..အချစ်..
လူတိုင်းသည်ချစ်နေကြသည်ပေါ့..
မနာလိုဘူးကွာ.. ဟား ဟား..
နောက်တာနော်.. အဆင်ပြေပါစေသယ်ရင်းလေး
အရမ်းကြီး စာတွေမဖွဲ့ထားပေမယ့် ကဗျာလေးက ကောင်းပါတယ်...
ကောင်းပါတယ် ညီမလေးရ။ စကားလုံးတွေက အရေးမကြီးပါဘူး။ ရင်ဘတ်ကြီးထဲက လာတာ အစစ်အမှန်ဖြစ်ဖို့ လိုပါတယ်။ ကောင်းပါတယ် ကဗျာလေးက။
ကဗျာကို ခံစားရင်း အချစ်ကို တန်ဖိုးထားတဲ့ နွေကဗျာရဲ့ အချစ်ပမာဏကိုပါ မြင်ယောင်လာမိတယ်။ သူ့အတွက် ရေးပေးထားတယ်ဆိုတော့ စာမူခ ဘယ်လောက်ရလဲပြော :)
Post a Comment