Friday, December 28

စဉ်းစားမိသမျှ


ကျနော်စဉ်းစားမိတဲ့အကြောင်းတစ်ခုရှိတယ်....ပို့စ်အနေနဲ့တင်လောက်အောင်တော့
မကြီးကျယ်ပါဘူး....ဒါပေမယ့်ကျနော်စဉ်းစားမိတာလေးကို တင်ပြတာပါ.....။
ချက်တင်ထိုင်ကြတဲ့ ကိစ္စနဲ့ပက်သက်ပြီး...စဉ်းစားမိတာပါ....။အခုတလောတော်တော်လေးကို
ကြားနေရတယ်.....တိုက်ဆိုင်မှုတွေကတော်တော်များနေလို့ပါ....
ဘာကိုမှတော့မရည်ရွယ်ပါဘူး.........။

ကောင်လေးတွေ...ကောင်မလေးတွေက ..ချက်တင်မှာဘာကြောင့်
အမှန်တရားကို မသုံးစွဲကြတာလဲ.....။
ကျနော်တွေးမိတယ်...တစ်ယောက်ကလည်း ..လိမ်တယ်..
နောက်တစ်ယောက်ကလည်းလိမ်တယ်.....။
မယုံရတော့ဘူး....။အင်တာနက်ဖူးစာ ဆိုတာရှိတယ်.....လို့ကြားဖူးတယ်....။
စာတမ်းပြုစုတာ....အင်တာနက်ဖူးစာဆိုတာ..များသောအားဖြင့်မယုံရဘူးလို့...
ဖတ်လိုက်ရတယ်....။
ကောင်လေးတွေက အများအားဖြင့် မမြင်ရတဲ့ အင်တာနက်ကနေ ရည်းစားစကားပြောကြတယ်..။ယုံလောက်အောင်ကို ပြောတယ်...။မိန်းကလေးဆိုတဲ့ သဘာဝက ယုံလွယ်တယ်...သနားတတ်တယ်လေ..။ဒါကိုအခွင့်ကောင်းယူပြီး...ပြောကြတယ်..။
မမြင်ရတဲ့..အင်တာနက်ပေါ်မှာလည်း..ကောင်လေးတွေက

အမျိုးမျိုးပြောပြီး...ကောင်မလေးတွေရဲ့ အချစ်ကိုရယူကြတယ်....။တန်ဖိုးမထားကြဘူး.....။
ကောင်မလေးတွေကတော့ ချစ်ပြီဆိုရင်..စိတ်တစ်ခုလုံးကို.. နှစ်ပြစ်လိုက်ကြတယ်...။
ဒါကိုအခွင့်ကောင်းယူပြီး..သူတို့အပျင်းပြေဖို့.. ကစားစရာလိုသဘောထားတဲ့
ကောင်လေးတွေအတော်
များတယ်...။ကျနော်တို့ရုံးကအမ တစ်ယောက်ဆို အချစ်ကို
ကိုးကွယ်တာပေါ့...အင်တာနက်ကနေ
တွေ့ပြီး..ချစ်သွားတယ်...။
ကောင်လေးက..ကိုရီးယားက..အခုမြန်မာပြည်ကို ပြန်လာပြီ...။

ဒါပေမယ့်..မြန်မာပြည်ေ၇ာက်တဲ့အချိန်ကစပြီး...အမကိုအဆက်အသွယ်မလုပ်ဘူး....။
အမခံစားနေရတာ..ကျနော်မြင်ရတာသနားလိုက်တာ....။
အဲဒါ..၁နှစ်ကျော်..ရည်းစားဖြစ်လာတာနော်..။

ကျနော်...သိရသလောက်အမက အရမ်းကို စိတ်နှစ်ထားတာ..ခံစားရတာပေါ့..။
အဲလိုလုပ်ရက်သလား..။ သူကအမကိုကစားစရာလို...အပျင်းပြေလုပ်သွားတာပေါ့..။
ကျနော်တော်တော်ဒေါသထွက်မိတယ်......။ဒီလိုလူတွေလည်းအများကြီး....။
ဒီလိုလူတွေများသလို...တစ်ကယ်ချစ်တတ်တဲ့သူတွေလည်းရှိတယ်.....။
တစ်ကယ်ချစ်ပြီး...အချစ်ဆိုတာကိုအလေးထားတဲ့ ..ကောင်လေးတွေရှိသေးတယ်...။
ဒါပေမယ့်....ရှေ့ကဒီလိုလူတွေများနေတော့.......ကောင်မလေးတွေကလည်း
မယုံရဲတော့ဘူး...မယုံကြတော့ဘူး...။ဒါဟာ..ဟာသ တစ်ပုဒ်ဖြစ်လာတယ်...။
တစ်ကယ်ချစ်တတ်တဲ့ကောင်လေးတွေ..ကောင်မလေးတွေကြတော့....
ဒီလူတွေကြောင့် ခံရရော...။လက်တွေ့ပဲလေ...။ကျနော့်ပတ်ဝန်းကျင်မှာကို ဖြစ်ပျက်နေတာတွေ
ကြုံတွေ့နေရတယ်....။အချစ်ဆိုတာလေးနက်ပါတယ်......။
ထင်သလိုမပေါ့ပျက်ဘူး...။ဒီလေးနက်တဲ့အချစ်ကို..ပေါ့ပေါ့လေးတွေးပြီးပေါ့ပေါ့လေး ပြောကြတော့
အချစ်ဆိုတာ...အလိုလိုမယုံစရာဖြစ်လာပြန်ရော..အင်တာနက်ပေါ်မှာပါ...။
ဒါမဖြစ်သင့်ဘူးထင်မိတယ်လေ....။ဘာရယ်မဟုတ်ဘူး...။ကျနော်ကြုံတွေ့နေရတာ
များနေလို့တင်မိတာ...။မဖြစ်သင့်ဘူး...လူတွေဘာပဲဖြစ်ဖြစ်ပုံမှန်ပဲကောင်းတယ် ထင်ပါတယ်..။
မလိမ်သင့်ဘူး..မညာသင့်ဘူး...သူများတွေကို ယုံကြည်မှုနည်းကုန်အောင်မလုပ်သင့်ဘူးနော်..။
ကျနော့အထင်လေးပါ..။မှားရင်လည်းမှားမယ်...။မှန်ချင်မှလည်းမှန်မယ်....။
ကိုယ့်အမြင်ပေါ့နော်...။

7 comments:

Winkabar said...

မှန်ပါတယ်အစ်မရယ်။ အပြင်မှာတွေ့တဲ့လူတွေတောင်သိပ်ယုံလို့မရတာ။ ဒီလိုမတွေ့ဖူးတဲ့လူတွေဆိုပိုဆိုးပေါ့။

မိုးတိမ်လေပြေ said...

စဉ်းစားမိသမျှလေးက ကောင်းပါတယ်။ ဖြစ်သင့်တာလေးတွေ ဖြစ်လာနိုင်တာလေးတွေက ဖြစ်တည်နေမှုမှာ မူတည်နိုင်မှာ ပါ။ နဒီ က ပန်းခရေ ကို ချီးမွမ်းရမယ့် ပို့စ် လေးတစ်ခုဖြစ် သတ်မှတ်လိုက်ပါတယ်။ ဆက်လက်ကြိုးစားပါ အားပေး လျက် ရှိပါတယ်။ အမြဲတမ်း ဝေဖန်နေတယ့်သူ ဒီတစ်ခါ ချီးမွမ်းပါတ.်။

ရွှန်းမီ said...

ဟုတ်တယ် ခရေ . . . ဘာပဲဖြစ်ဖြစ် သူတစ်ပါးကို စိတ်ရှုပ်အောင် လုပ်တာ မကောင်းဘူး။
ဘယ်နည်းနဲ့ပဲ လုပ်လုပ် . . လိမ်ညာလွယ်တဲ့ online လောကမှာ ၀င်ရှုပ်တာ မကောင်းဘူး။

သဇင်ဏီ said...

အဲဒါပေါ့.အဲဒါလေ..
အခုတော့ အွန်လိုင်းမှာ အချစ်အလကား ဖြစ်တွားပီဟ

Cypher said...

အလိမ်အညာတွေကြားထဲမှာ အမှန်အကန်တွေလည်း ရှိသေးသဗျ။ ကျွန်တော့်အစ်မ၀မ်းကွဲတစ်ယောက်က အွန်လိုင်းပေါ်မှာသိတဲ့ ကျွန်တော့်ယောက်ဖနဲ့ လက်ထပ်သဗျ။ ဟီး။ နောက် ကျွန်တော့်အဒေါ်ရုံးက အစ်မကြီးတစ်ယောက်လည်း ဂလိုပဲ။ ကျွန်တော်ကတော့ အွန်လိုင်းပေါ်က ကောင်မလေးကို သူများဦးသွားလို့ အသည်းဟက်တက်ကွဲ။ ဟဲ...ဟဲ။ တကယ်တော့ အင်တာနက်ပေါ်လာတာ ခေတ်လူငယ်တွေအတွက် ရည်းစားရှာစရာနေရာ တစ်နေရာထပ်တိုးလာတာပေါ့ဗျာ။ မိန်းကလေးတွေအတွက်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အယုံမလွယ်ဖို့ အရေးကြီးပါတယ်။

Anonymous said...

I also indeep in it.
because of me .
Didnnot blame to other it on me .
So what to going on who can't search out site.

Unknown said...

မှန်တယ် ညီမ။အမဆို မယားငယ်ဖြစ်တော့မလို့ လေညီမေ၇
အွန်လိုင်းကောင်းမှုလေ..ပြောရတာလဲရှက်ပါတယ်ကွာ
ကျန်တဲ့သူတွေ သိစေချင်လို့ သာ

Related Posts Plugin for WordPress, Blogger...