
ဘ၀ဆိုတာကို ပုံဖော်ကြည့်ဖို့
ခဲတံတစ်ချောင်းကို လိုက်ရှာနေတုန်း
နွယ်ပင်လိုကြိုးတစ်ချောင်းနဲ့
နူးညံ့စွာခလုတ်တိုက်မိခဲ့တယ်။
အရှိန်ပြင်းတဲ့ ချည်နှောင်မှုတွေဆီက
လွတ်မြောက်နိုင်မလား ရုန်းထွက်ကြည့်တော့
ဖြတ်လေပွားလေကြိုးတွေကပဲ
ငါ့တစ်ကိုလုံးကို ၀ါးမြိုသွားလိုက်တာ
ဆန္ဒတွေနဲ့မျှော်လင့်ချက်တွေတောင်
ပြာဖြစ်ကုန်ကြတယ်.....။
အင်း...ငါတိုက်မိခဲ့တဲ့ ခလုတ်လေး
စားလိုက်တိုင်းကုန်သွားမယ့်
ပန်းသီးလေးဖြစ်ခဲ့ရင်လည်း..အကောင်းသားနော်.......။
ပန်းခရေ
ရင်တွင်းဖြစ်တော့မဟုတ်ဘူး..ဒါပေမယ့်..ရင်ဘတ်ကြီးနဲ့နီးစပ်လွန်းတဲ့...
ရင်တွင်းအံဖတ်လေးပါ....။ခံစားပေးကြပါ....။
ရင်တွင်းဖြစ်တော့မဟုတ်ဘူး..ဒါပေမယ့်..ရင်ဘတ်ကြီးနဲ့နီးစပ်လွန်းတဲ့...
ရင်တွင်းအံဖတ်လေးပါ....။ခံစားပေးကြပါ....။
3 comments:
ပန်းသီးလေးဖြစ်ခဲ့ရင်တော့ ငါလုစားမှာနော်.. ဟီး..
နောက်တာ.. မိုက်တယ်..ဆက်ရေး သယ်ရင်း
ကျွန်တော် ၅ ခေါက်တိတိ ဖတ်သွားပါတယ်။ ကဗျာလေး ကောင်းပါတယ်။ အသစ်များ အားပေးဖို့ စောင့်မျှော်နေပါတယ် ခင်ဗျာ။
နောင်တ ဆိုတာ ပန်းသီးလေးဖြစ်ခဲ့မယ်ဆိုရင် ကိုက်စား ပစ်လိုက် မှာလား။နွယ်ကြိုးလေးကလည်း ခလုတ်တစ်ခု မဟုတ်လောက်ပါဘူး။ ပန်းသီးလို ကိုက်စားဖို့လွယ်ကူမယ် ဆိုရင် နွယ်ကြိုးလေးကိုလည်း ဖြတ်တောက်ကြတော့မှာဘဲနော်။ပန်းသီးလေးကလည်း ဆာလောင် မွတ်သိပ်မှုကို ပြေပျောက်စေနိုင်ရင် နွယ်ကြိုးလေးကလည်း အတားအဆီးတစ်ခု မဟုတ်ပါဘူး။
မှတ်ချက်။မြင်သူတိုင်းက အမှန်တရာိးုယ်စီပါ...
Post a Comment