ပင်မြင့်ယံထက်
လေသွေးချက်ဖြင့်
ဆင်းသက်မြေခ
လွင့်ကြွေကျလည်း
တောင့်တသူငှာ
မြတ်နိုးစွာဖြင့်
မြတ်ရှင်ဗုဒ္ဓ
ပူဇော်ကြ၍
ခေါင်းမှာဆင်ယင်
ပန်ဆင်ကြသည်.....
နွမ်းမပြယ်သည့်
ပန်းခရေ......
သွေ့ခြောက်သော်လည်း
မွှေးပျံ့နေ.........။
ပန်းခရေကဗျာလေးပါ....။
မယမင်းဆီသွားလည်ရင်း....စိတ်ကူးပေါက်တာနဲ့ ..တင်လိုက်ပါတယ်..။
ကျနော်က..ခရေပန်းသိပ်ကြိုက်ပြီး....ဆယ်တန်းအောင်ကါစက...light မဂ္ဂဇင်းမှာ..
ဒဿနတွေကို မတောက်တစ်ခေါက်ရေးရင်း...ပေးထားတဲ့ကလောင်နာမည်လေးပါ..။
ပန်းခရေ(ရင်တွင်းဖြစ်)

No comments:
Post a Comment