
အပြစ်အခင်းမသီ ခိုင်ခံ့ခြင်းနဲ့
ချစ်ခြင်းဟူသည်ပိုင်ဆိုင်လြို
ဆိုကြရာမှာ....
ပုထုဇနော ဥုမ္မတကော
ပြောရရင် လောကတွင်
အရူးးတကာအရူးးမှာ
မူးမူးမိုက်မိုက် ရူးလိုက်ကြသမျှ
တွယ်တာတဲ့အချစ်
သံယောဇဉ်ကြောင့်ဖြစ်တဲ့အရူး
တွေ့ဖူးရင်တောင်
ဘယ်သူများငါ့ကိုမှီ သီနိုင်လိမ့်မတုန်း
ရူးတာခြင်းတူ တမူးသာသေး.......။
“အပြစ်နဲ့သူ”ကို ခွင့်လွတ်ရင်း
ချစ်တဲ့သူကို“ စွန့်လွှတ်ခြင်း ”ဟာ
ရူးတာသာလို့ဆိုမှာရင်ဖြင့်
ငါ့ကိုပေးရူးလိုက်ပါတော့...။
by is licensed under a Creative Commons Attribution 3.0 United States License.
10 comments:
“အပြစ်နဲ့သူ”ကို ခွင့်လွတ်ရင်း
ချစ်တဲ့သူကို“ စွန့်လွတ်ခြင်း ”ဟာ
ရူးတာသာလို့ဆိုမှာရင်ဖြင့်
ငါ့ကိုပေးရူးလိုက်ပါတော့...။
စာသားလေးက အရမ်းကောင်းနေပါလား။ အင်းဘယ်သူမှ ခွင့်မပြုလဲ ကိုယ့်ဟာကို ရူးနေလိုက်ပေါ့။ :P :D :)
မီးမီးတော့ အဲဒီအကြောင်းတွေ သိဘူးနော့။ :P
ရူးစေဟာ ရူးချင်တာများ ရူးရူး
ရူးသွပ်မှုတွေကြားမှာ ရှင်သန်နေကြရတာလေ .. ညီမရဲ့
လူတိုင်းဟာ အရူးဆိုရင် ...
ဦးနှောက်နဲ့ ရူးသွပ်ကြသူတွေ ရှိသလို ...
နှလုံးသားနဲ့ ရူးသွပ်ကြသူတွေလည်း ရှိကြတယ် ...
ချစ်ခြင်းတရားမှာတော့ ရူးသွပ်မှုမပါရင် ဆားမပါတဲ့ ဟင်းတစ်ခွက်လို့ပဲ အကိုတော့ ထင်နေမိတယ် ...
အကို့ ညီမလေး ချစ်ခြင်းအရူးနဲ့ တစ်မူသာစေဗျား ... :)
ပျော်ရွှင်ပြီး အမြန်ပြန်ကျန်းမာပါစေ
. . . ဘယ်အရူးက တစ်မူးသာမလဲ . . .
ဇော်ဝင်းထွဋ်သီချင်းကိုလည်း သတိရသွားတယ်..
ဒါက ပန်းခရေ version ပေါ့..
း-)
နေကောင်းကျန်းမာလို့ စာတွေရေးနိုင်ပါစေ သူငယ်ချင်းရေ..
ကဲ တားမရလဲ ရူးပေတော့ ညီမရေ ဟဲ ဟဲ မင်္ဂလာဘယ်တော့ဆောင်မှာလဲဟ ဆုလေးဘာလေး လာတောင်းပေးဖို့ ပိုစ့်တင်အုံးနော် ဓါတ်ပုံ အစုံအလင်နဲ့ ဒါပဲ..
အမေရေ..
သမီး အရောက်လာ ဖတ်သွားတယ်နော့် ရူးတာခြင်းတူ တမူးသာသေး ဆိုပါလား အမေကတော့ကွာ ရူးပါရူးပါ :P
မတားဘူး အဟုတ် ;)
အမေ့ သမီးလည်း
ချစ်ခြင်းမှာ ရူးသွပ်ရမယ်ဆိုရင်
ဘာတွေပဲ ဖြစ်နေ ပြောနေကြပါစေ ဘဝတစ်ခုလုံးနဲ့ကို ရူးပလိုက်ဦးမယ် :P:P
(ခံစားမှုတွေ ပြောမိပြန်ပါပြီ ဟိဟိ)
*အမေရေ..သတိရတယ်
မေနဲ့ဖေ တွဲရိုက်ထားတဲ့
ပုံလေးတွေ တင်ဦးနော်
***ထာဝရချစ်ခြင်းတွေဖြင့်
တွဲလက်များခိုင်မာ
ပျော်ရွှင်သော မိသားစုဘဝလေးကို
တစ်သက်တာ ပိုင်ဆိုင်နိုင်ပါစေလို့ ..
ကဗျာလေးက တော်တော်ကောင်းတယ်နော်
ဖတ်ရတာ အဓိပ္ပါယ်ကို ရှိနေတာပဲ
အင်း လူတိုင်းကတော့ ပုံစံတစ်မျိုးစီနဲ့ ရူးနေကြတာပါပဲလေ
ဒါနဲ့ ကဗျာက ကောင်းတော့
ကဗျာရပ်ဝန်းမှာလည်း တင်ဖို့ အကြံပြုပါတယ်
ကဲ.. ဒီလောက်တောင် ဖြစ်လှတာ ပဒိုင်းသီးကို
အမှုန့်ကြိတ်ရေနဲ့ကိုဖျော်တိုက်မယ်ဗျား...
သောက်ရင်သောက် မသောက်လို့ကတော့ ဟင်း..ဟင်း..ဟင်း အတင်းဖြဲထည့်မှာ...
ပါးစပ်ကိုပြောတာနော် ဟစ်ဟစ်ဟစ်ဟစ်
ငါဒီကဗျာလေးကြိုက်တယ်ကွာ
ဟင် ရူးချင်သူ ရှိသေးသကိုး
Post a Comment