Sunday, October 19

ခွင့်ပန်စာ....


ခုတစ်လော တစ်လော
တစ်ရက်နှစ်ရက်အတွင်းမှာ
အရမ်းကို အိပ်ချင်နေတယ်..။
အစားတွေလည်း အရမ်းကိုစားလာတယ်
အရင်ကပိန်သွားတဲ့ ခန္ဓာကိုယ်က
ခုဆိုအရမ်းစားလာတယ်..။
သိပ်မအိပ်တာကြာပြီဖြစ်တဲ့
ကျနော် ခုဆို အရမ်းကိုအိပ်လာတယ်..။
အိပ်ပြီးရင်းကို အိပ်ချင်နေတာပဲ ..။
ခုလည်း အိပ်ယာထဲမှ မနည်းမျက်လုံးဖွင့်
ပြူးပြဲကာ ထလာရသော်လည်း
စိတ်တွေက ဘယ်လိုမှကို မကြည်လင်လာပါဘူး ..။
မျက်လုံးတွေလည်း ကိုက်တယ် မျက်ရိုးလည်း ကိုက်တယ်...။
ခုလည်း အလုပ်တွေနည်းနည်းပါးပါး
များနေတဲ့ ကြားက ပျင်းရိခြင်း ၆ပါးမက
ကန်ထရိုက်ဆွဲထားရင်း စိတ်လေဆဲ
နဒီကညာ ကရေးပေးတဲ့ ခွင့်ပန်စာလေးပါ...။
သူချက်ချင်းရေးပေးလိုက် တဲ့စာလေးကို ဘလော့ပေါ်မှာ တင်လိုက်ပီ...။
ဘူမှမတိစေနဲ့နော်...ရှုးတိုးတိုးနော် ခွင့်ပန်ထားတာ ဘူမှ တိရို့  ဖြစ်ဝူးးးးးးးးးးး...........:P


ခွင့်ပန်စာ......



ရက်စွဲ ကောဇာနှစ် သက္ကရာဇ်ဖြို ၁၃၇၀ ကို သီတင်းကျွတ်လပြည့်ကျော်လို့ ၄ရက်


သို့

လူကြီးမင်းရှင့်
သမီးတို့သူငယ်ချင်း တစ်တွေသည်
မြေမာ၍ခြေရာမထင်
ရေလာ၍ တစ်ညဆိုင်း
ရွှေပြည်တော် နေရောင်ပြင်းသဖြင့်
အရိပ်ပင်တစ်ကယ်ရှာမတွေ့
ကတ္တရာလမ်းပေါ်ပြေးသော်လည်း ဖုန်ထ၍
ဝီသံခေါ် စိတ်ပျော်ရန်အခက်အခဲ ဖြစ်ပါသဖြင့်
ညှာတာစွာ ထောက်ခါသနား သောကြာနေ့ပါ နားအုံးမည်..။
ဘ၀မှန်သရုပ်ပေါ်စေဖို့
အလှတစ်ဖန်ကျက်သရေတိုးပါတဲ့ လူကြီးမင်းရှင့်
မပြည့်မစုံ အဖုံဖုံကို ကုံလုံအောင်ပြည့်စေဖို့
တစ်လလုံးလည်းဆိုချင်ပါတယ်။
ဂရုဏာထောက်ခါ သနား
ဒီတစ်ညနေတော့ စောင့်ပေးပါလား….?။

ရိုသေစွာ ချစ်ညီမလေးများ



Creative Commons License





3 comments:

Anonymous said...

ခွင့်ပန်စာလေးကလျို့ဝှက်ချက်တွေ ပါလိမ့်မယ်လို့ ထင်တယ်...ဘာပဲပြောပြောသိပ်ကောင်းပါတယ် အဆင်ပြေပါစေ နဒီကညာ

အညာသား said...

အလျှောက်ကောင်းလို့ အထောင်းသက်သာရင်တော်သေး..... :D

Anonymous said...

ခွင့်ယူတာတောင် သိပ်ကြွားတာပဲ အမေနော်..

Related Posts Plugin for WordPress, Blogger...