Monday, September 22

အတ္တတစ်ရပ်

မင်းကိုပိုင်ဆိုင်ချင်တဲ့
မင်းအချစ်တွေအားလုံးကို
တစ်ယောက်တည်းသိမ်းပိုက်ချင်တဲ
မင်းဂရုစိုက်မှုကိုအပြည့်အ၀လိုချင်ခဲ့မိတဲ့
ငါသာလျင် မင်းအတွက်ဦးစားပေးဖြစ်ချင်တဲ့
စတဲ့...စတဲ့
အတ္တများစွာထဲက
အတ္တလေးတစ်ခုလွန်ကဲမိလိုက်တာ

အေးချမ်းနေတဲ့ငါ့ရင်လေး
အပူတွေဖုံးလွှမ်းအတ္တတွေလောင်မြိုက်
လောကကြီးကိုစိတ်ကုန်
အားလုံးနဲ့အဆင်မပြေ
လိုက်လျောညီထွေမှုမရှိ
အရာအားလုံးကပြောင်းကပြန်ဖြစ်ရင်း..
ငါ့ဘ၀လေးကိုအထာမကျစွာ
ဖြတ်သန်းလိုက်ရတဲ့အချိန်လေးကို
ငါတစ်ကယ်မလိုချင်တော့ပါဘူး..


တစ်ကယ်တော့
ငါလိုချင်တာဒီလိုအတ္တမဟုတ်ဘူး။

ငါပိုင်ဆိုင်ချင်တာ
ဒီလိုပူလောင်မှုမဟုတ်ဘူး။

တည်ငြိမ်အေးချမ်းတဲ့ဘ၀လေးထဲမှာ
အေးချမ်းတဲ့ အရာအားလုံးကိုပဲ
ငါပိုင်ဆိုင်ချင်တယ်..။




ငါ့ကို နင်မမေ့ဘူးဆိုတဲ့အသိတစ်ချက်
နင်ဟာ ငါ့ချစ်သူပါဆိုတဲ့
အသိတစ်ချက်နဲ့တင်
ငါ့အတ္တဒီဂရီတွေကိုလျှော့ချပစ်ခဲ့မိတာလည်း
ငါ့အတ္တ တစ်ရပ်ပဲထင်ပါရဲ့...။



ပန်းခရေ(ရင်တွင်းဖြစ်)

4 comments:

Anonymous said...

ခံစားချက်တွေများလွန်းနေတယ်ထင်တယ် အမေရယ် ကဗျာတွေက အမိုက်စားတွေချည်းပဲ အမေ့ချွေးမလေးချစ်သမီးလေး အမြဲတမ်းအားပေးနေမယ် ဆက်ရေးအမေရေ....:)

ဖြိုးငယ် said...

မိုက်တယ်ဟေ့ ကဗျာလေးက .. ဒါနဲ့ တင်ထားတာ နင့်ပုံလား .. ၀ါးနေတော့လှသလိုပဲနော်

Apprenticeship said...

Pan Hka Yae ye`` kyar bu dar dote "love me for a reason and the reason be the love" bar.... ပိုင်ဆိုင်ခြင်ထက် စွန့်လွှတ် ချစ်ခြင်းက ပိုအေးမြတယ်တဲ့... ငြိမ်းချမ်းပါစေ...

မေသူပိုင် said...

အစ်မ ပန်းခရေရဲ့ အတ္တလေးတော့ကြိုက်သွားပြီ

Related Posts Plugin for WordPress, Blogger...