Friday, August 15

MY Status

သူငယ်ချင်းအားလုံးကို ကျနော့်ရဲ့အခြေအနေလေးကို ပြောပြမလို့ပါ...။ ခုတလော တော်တော်လေးကို စိတ်ညစ်နေပါတယ်..။ အကြောင်းပြချက်မရှိ စိတ်ဓာတ်ကျနေပါတယ်...။ ပျင်းလိုက်တာလည်းလွန်ပါရော...။ စာလည်းမရေးချင်ဘူး..။ အလုပ်လည်းမလုပ်ချင်ဘူး...။ ဘာမှကိုမလုပ်ချင်တာ..။ ဘယ်လောက်ထိစိတ်ဓာတ်ကျလဲ ဆိုရင် လူ့ပြည်မှာ အသက်တောင်မရှင်ချင်တော့ဘူး...။ လူက နေမကောင်းဘူး..။ မိုးမိတယ်..ဖျားတယ်...၁၅ရက် ကျော်ပြီ...။ မျက်လုံးတွေလည်းသိပ်ကိုက်တာပဲ...။ ဆေးထိုးရမှာသိပ်ကြောက်တဲ့ ကျနော် ဆေးခန်းလည်းပြေးရ တယ်..။ မျက်ရိုးတွေသိပ်ကိုက်လွန်းလို့...ဆရာဝန်ပြတော့လည်း..ဆေးသောက်ရမယ့်ဆေးရေးပေးတယ်..။ ကုန်လိုက်တဲ့ ပိုက်ဆံ.ပျောက်လည်းမပျောက်ဘူး..။ဆေးဝယ်စားရသေးတယ်..။ ပျောက်လည်းမပျောက်...မဆိုးလွန်းဘူးလား...။ သူငယ်ချင်းတွေကိုတောင် အားနာလာတယ်..။ ဂရုစိုက်ပေးရတဲ့ သူငယ်ချင်းတွေ စိတ်ပူပေးရတဲ့ သူငယ်ချင်းတွေ...အားနာလာပြီ..။ အစားလည်းမစားဘူး...။ ဆေးတွေကလည်း သောက်ရတာများလိုက်တာ...။ ခုလည်းရေးရင်း မူးနေတာပဲ..။ ဂရုစိုက်မှုကိုလည်း နေမကောင်းချိန်မှာဆိုတော့ လိုချင်မိသားနော်..။ ဒါပေမယ့် ကိုယ့်ကိုဂရုမစိုက်ပဲ ပစ်ထားခံရတာလည်း များပြီ..။ စိတ်ညစ်လိုက်တာ ဆိုတာကို ပုတီးစိပ်သလို စိပ်နေမိတယ်..။ ကျနော်စိတ်ဓာတ်ကျတဲ့ရောဂါများ ရနေလားမသိ..။ အလုပ်လည်း သိပ်အဆင်မပြေဘူး..။ ရုံးမတက်ချင်တဲ့ ရောဂါလည်းစွဲကပ်နေတယ်..။ ထစ်ခနဲဆို..ရုံးလစ်ချင်နေတာ..။ မနက်ရုံးတက်ချိန်ဆို လူက နေမကောင်းဘူး..ဖျားပြီ...။ ရုံးမှာဆို..တစ်နေကုန်..နေလို့မကောင်းတာ.. မူးနေတာပဲ..။ မျက်လုံးတွေလည်းကိုက်နေတာပဲ..။ အာရုံကြောအားနည်းတာတဲ့...ဆရာဝန်ကပြောတယ်..။ လူလည်းရူးနေတာလားမသိဘူး..။ စိတ်တွေလည်းဟိုရောက်ဒီရောက်နဲ့...။ ပို့စ်တွေလည်း မရေးနိုင်ဘူးး..။ သူငယ်ချင်းတွေဆီလည်း သိပ်မလည်ဖြစ်ဘူး...စိတ်ကရောက်ပြီး လူကမရောက်ဖြစ်ဘူး...။ တစ်ခုမှကိုမကောင်း ဘူး..။ လူမမာမေးကြတဲ့ သူငယ်ချင်းတွေကိုလည်း အားနာပါတယ်..။ ကျနော်မြန်န်ပျောက်အောင် လုပ်ပါ့မယ်..။ အသက်တော့မဟုတ်ပါဘူး...း)...။ စာတွေလည်း ဘယ်ကစရေးပြီး ဘယ်ရောက်မှန်းလည်း မသိတော့ဘူး..။
စကားတွေလည်းပြောရတာ အဆင်မပြေဘူး..။ ထစ်ခနဲဆို စိတ်က တိုချင်နေရော..။ စိတ်တိုလွယ်နေသလိုပဲ ခုတလော..။ စိတ်နဲ့လူလည်းမကပ်ဘူး..။ တော်ရုံလည်းမကြားဘူး.။ အာရုံလည်းစုလို့မရဘူး..။ ဘယ်လိုကြီးမှန်းကိုမသိတော့ဘူး....။ မူးနေတာပဲ...။ သိတော့ ဘူး..။ အားလုံးပျော်ရွှင်ပါစေ..။အဆင်ပြေကြပါစေ..။ စာရေးနိုင်တဲ့အချိန်ကြရင်..။ များများရေးမယ်နော်...။

ပန်းခရေ(ရင်တွင်းဖြစ်)

2 comments:

U NU OF BURMA said...

ရင်ထဲမှာ ဆူးညှောင့် မူးနောက်နှောက်ဖြစ်နေ
စားသမျှဆေး အာနိသင်ဝေးမှာပေါ့
ညီးမျော်နေတာ ငါသိသပ
ငယ်ချင်းမ အမိတွေ လာနေတာတရာမကပေမဲ့ 
ညည်းကိုကို တခါဆက်မလာလို့ 
မျက်ရိုးတွေကိုက်...အက်အက်

Apprenticeship said...

ညီမရေ ဒီလိုပဲပေါ့..။ တက်လိုက်ကျလိုက် လောကမှာ ၀မ်းနဲစရာ၊ ၀မ်းသာစရာ၊ နာခြင်း၊ အိုခြင်းတွေနဲ့ အစရှိသည်တို့နဲ့ နှစ်ပါးသွားရတာပေါ့..။ စိတ်ဓာတ်မကျ အောင်တော့နေပေါ့..။ ပျော်ရွင် အဆင်ပြေပါစေနော်..။ ရုံးမသွားချင်ရင်တော့ ဒီကိုပြေးလာခဲ့ :P

Related Posts Plugin for WordPress, Blogger...