ကဗျာတွေစာတွေလည်း
ပီပြင်ပြတ်သားအောင်
မဖွဲ့ဆိုတတ်ပါဘူး…။
ရစ်သမ်တွေ ကာရန်တွေလည်း
ကောင်းစွာ နားမလည်ခဲ့ပါဘူး..။
နည်းပညာအတတ်ပညာတွေလည်း
ကျွမ်းကျင်ပိုင်နိုင်စွာ
မတတ်ကျွမ်းပါဘူး..။
လူမှုရေးနယ်ပယ်မှာလည်း
အောင်မြင်ကျော်ကြားခြင်း မရှိခဲ့ပါဘူး..။
အလှအပရေးရာကိုလည်း
ကောင်းစွာ မဖန်တီးနိုင်ခဲ့ပါဘူး..။
ရိုမီယို ဂျူးလိယက်ချစ်ပုံပြင်ကိုလည်း
အားမကျခဲ့ပါဘူး..။
စိတ်ကူးထဲမှာ နစ်မြောပြီး..
စိတ်ကူးထဲမှာ မပျော်မွေ့ခဲ့ပါဘူး..။
ပျော်အောင်နေတတ်ခဲ့ပေမယ့်
တစ်ကယ့် ပျော်ရွှင်မှု
အစစ်အမှန်မရခဲ့ပါဘူး..။
ရင်ထဲမှာရှိသမျှအရာအားလုံး
ထုတ်ဖော်ပြသခဲ့ပေမယ့်
အရာမ၀င်ခဲ့ပါဘူး..။
စီစဉ်တိုင်းမဖြစ်တဲ့ လောကကြီးမှာလည်း
အစီအစဉ်မကျခဲ့ပါဘူး..။
စိတ်ပျော့ညံ့ပေမယ့်..
စိတ်ပျော့ညံ့မှုကိုလည်း
မနှစ်သက်ခဲ့ပါဘူး..။
ဒီလို ဘ၀တစ်ခုရဲ့ ကန့်သတ်ချက်တွေကို
နားမလည်ခဲ့ပေမယ့်
နားလည်ချင်ယောင်မဆောင်ခဲ့ပါဘူး....။
တစ်ကယ်တော့ငါဟာ
ဘာဆိုဘာမှ မသိတဲ့
ဗလာနတ္ထိ လူသားတစ်ယောက်ပါ….။
ပန်းခရေ(ရင်တွင်းဖြစ်)
17 comments:
အင်း စိန်ကြီး... ရိုမီယို ဂျူလိယက် ဘယ်အားကျမလဲ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ ရှိနေတာကိုး... အဟတ်ဟတ်.. စတာ.. အဟိ။
that doesn't happen everyday. wish you all the best.
ဆံပင်မှာပုလဲသွင်းတယ်ဆိုတာ အဲဒီပုံထဲကဟာမျိုးလားဟင်
ဘာဆိုဘာမှ မသိတဲ့
ဗလာနတ္ထိ လူသားတစ်ယောက် တဲ့လား
ဘာမှမရှိ ဘာမှမသိတာ ပိုပြီး မငြိမ်းချမ်းဖူးလား
ပျော်ပျော်နေတတ်တဲ့ ပေခရမ်း .. ပျော်ရွှင်မှုအစစ်အမှန် အမြန်ဆုံးတွေ့ပြီး တစ်သက်လုံးပြုံးပျော်နိုင်ပါစေ။
ကဗျာတွေ စာတွေ မဖွဲ့တတ်လို့တာနော်
ရေးလိုက်တိုင်း ရင်ကိုထိထိသွားတာ..
ဟွန်း
အမေရေ အဆင်ပြေပါစေ နေကောင်းပါစေ
ကဗျာတွေ စာတွေ မဖွဲ့တတ်လို့တာနော်
ရေးလိုက်တိုင်း ရင်ကိုထိထိသွားတာ..
ဟွန်းနော်
အမေရေ အဆင်ပြေပါစေ နေကောင်းပါစေ
ခံစားချက်တွေကိုပေါ်လွင်ပါတယ်ဗျာ
တခါတလေ ဘာမှ မပါတဲ့ ဗလာက ပိုတန်ဖိုးရှိနေတတ်ပါတယ်။
ရမ်သမ်တွေလည်း နားမလည်ပါဘူး........ ကဗျာတွေ စာတွေလည်းမဖို့တတ်ပါဘူးတဲ့နော်.............. တစ်ခါတစ်လေကျရင် ဘာမှာမရှိတဲ့ ဗလာကမှာ ပိုတန်ဖိုးရှိတယ်... ပျော်ရွှင်ပါစေဗျာ.......
ဗလာ ဗလာ ဗလာ
ဗလာမို့တော်တော့ တယ်.. ခကွေးရယ်.... ရှိများရှိရင် ၀က်ဆိုက် တခုလုံးပြည့်လောက်တယ်... လုပ်ထား ခကွေး ရေ....
(ဖိုးမောင်)
ဗလာ ဗလာလူတွေပဲလက်စွမ်းထက်ကြတာ
တိနေတယ်နော် ......
ဟီးးးးးးး
ခင်မင်လျက်
အိမွန်တာ
ကောင်းတယ်ဗျာ...ကဗျာလေး...လေးစားမိပါတယ်
ဒီပို့ စ်လေး ကောင်းတယ် သယ်ရင်း ကာရန်တွေ နဘေတွေမဟုတ်ပေမယ့် ဖတ်၇တာ အဆင်ပြေတယ် နင်ကဗျာရေးတာငါနဲ့ တူတယ် စကားပြောသလိုနဲ့ မို့း)
အကောင်းဆုံးထဲက အကောင်းဆုံး ကဗျာမို့ စိတ်ကြိုက်ဖတ်သွားပါတယ်
http://winzaw-mdy.blogspot.com
လာဖတ်သွားပါတယ် =)
ကဗျာလေးကောင်းတယ်ကွ
Post a Comment