တစ်ကယ်တော့ငါဟာ
ရှင်လျက်နဲ့သေနေတဲ့
ရွက်ကျပင်တစ်မျိုးပါ..
ငါ့နားမှာ
နင်ရှိလည်း ရှင်သန်မြဲ
မရှိနေလည်း ရှင်သန်မြဲပါ...
ဒါပေမယ့်
ငါ့ရှင်သန်ခြင်းတွေကတော့
အဓိပ္ပာယ်မရှိ..
ရှင်သန်မြဲပေါ့..
ငါ့အချစ်တွေရှင်သန်လာတာ
နင့်ကြင်နာခြင်းချစ်ခြင်းတွေ
ပေါင်းသင်မှုကြောင့် မှမဟုတ်တာ..
ရွက်ကျတို့သဘာဝနည်းတူ
ငါ့နှလုံးသားက
ယိုဖိတ်ကျတဲ့
ချစ်ခြင်းသံစဉ်တွေ ကြောင့်သာ
ရှင်သန်ရခြင်းပါ.......။
ပန်းခရေ(ရင်တွင်းဖြစ်)
12 comments:
မပန်းရေ ...ကံကောင်းခြင်းတွေ ရောက်လားပြီး...ပျော်ရွှင်စွာနဲ့ ဆက်လက်ရှင်သန်နိုင်ပါစေလို့
မပန်းရေ....ကံကောင်းခြင်းတွေ ရောက်လာပြီး
ပျော်ရွှင်ခြင်း များစွာနဲ့ ရှင်သန်နိုင်ပါစေလို့
ဟုတ်တယ် ပန်းခရေ.........
နှလုံးသားဟာ ရှင်သန်နေရတာ သူ့ကြောင့်မဟုတ်ပါလား၊ကိုယ့်နှလုံးသားရဲ့ ချစ်ခြင်းသံစဉ်ကြောင်းပါလား...........
မိုက်တယ်ကွာ ကြိုက်သွားပြီ
ရွက်ကျတို့ နည်းတူတဲ့လား...အရမ်းမိုက်တယ်...:D
အမေ နင့်ရဲ့ ရှင်သန်ခြင်းတွေ အဓိပ္ပါယ် ပြည့်စုံပါစေဟာ။
ရွက်ကျပင်ဆိုတာ သေသလိုပေမယ့် ရှင်တယ်။
အရွက်တိုင်း အရိုးအဆစ်တိုင်းမှာ ရှင်သန်ခြင်းတွေ ရှိတယ်။
အဲဒီရှင်သန်ခြင်းကပဲ ပွင့်လန်းဝေဆာမှုတွေရှိတယ်။
တနေ့နေ့မှာ နင် ပွင့်လန်းဝေဆာမှုတွေ ပိုင်ဆိုင်လာရမှာပါ။
ဂရုစိုက် မခံရလဲ ရှင်သန်နေတဲ့ အပင်တစ်မျိုး .. .
... အပင်လေးက လန်းတယ် =)
ပျော်ရွှင်စွာ ဆက်ရှင်သန်ပါ ခရေ . .
ရွက်ကျတို့သဘာဝနည်းတူ ငါ့နှလုံးသားက ယိုဖိတ်ကျတဲ့ ချစ်ခြင်းသံစဉ်တွေ ကြောင့်သာ ရှင်သန်ရခြင်းပါ.......။
Good....ကောင်းတယ်.. အတွေးလေးက
သားသားလည်း ဆုတောင်းပေးတယ်နော်.. ဟီးး..
သွားပြီ နော်.. မေမေရေ.. ဟားဟားး
ကောင်းပါတယ်သူငယ်ချင်း ဘယ်လိုပဲ ဖြစ်ဖြစ် နင်ပြောသလို ဆက်လက်ရှင်သန်နိုင်ပါစေ ။
သံစဉ်တွေနဲ့  ရှင်သန်နေတာလားး ဒါဆိုရင်တော့ နင့်ရဲ့ ရှင်သန်ခြင်းက 50% ပျော်ရွှင်နိုင်သေးတာပေါ့ ။
အရမ်းအရမ်းမိုက်တယ်ကွာ
လုံးဝအဓိပါယ်ရှိတယ်..
မပန်းရေနောက်ကျမှရောက်လာတာခွင့်လွတ်ပါ။ ဒီကဗျာလေးကို ကျွန်တော်အရမ်းကြိုက်တယ်ဗျာ။ ပိုစ်အဖြစ်တင်ပေးတာအရမ်းကျေးဇူးတင်ပါတယ်။
Post a Comment