Wednesday, June 11

သစ္စာတစ်ပုဒ်

သစ္စာတရားဆိုတာ
မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ
မှန်နေတဲ့ အမှန်တရားတစ်ခု
ဒါဆို...မင်းကို
မှန်ကန်တဲ့သစ္စာတစ်ပုဒ်
ပြောပြမယ်....ချစ်သူ...။
တစ်နေ့တစ်နေ့...
ဘယ်ချိန်မှ ဆုံဆည်းရမယ်မသိတဲ့
ချစ်သူကို မှန်းဆတမ်းတရင်း..
ငါ့မျှော်လင့်ချက်တွေရှင်သန်နေတာ...
သစ္စာတစ်ပုဒ်ပါချစ်သူ ..။

မျှော်လင့်ချက်တွေ..
သိပ်မရှင်သန်စေဖို့...
ပြောတတ်တဲ့ချစ်သူကို..
နားလည်းမျှော်လင့်ရင်း ချစ်နေမိတာလည်း
သစ္စာတစ်ပုဒ်ပါချစ်သူ.. ။

ပြန်ဆုံနိုင်မယ့်ကံကိုတမ်းတရင်း...
မျှော်လင့်ခြင်းကင်းမဲ့စွာ...
မျှော်လင့်စောင့်စားနေတာလည်း...
သစ္စာတစ်ပုဒ်ပါချစ်သူ.. ။

ဒီသစ္စာတွေနဲ့အတူ..
ရယူလိုခြင်းကင်းပြီး.
နားလည်ယုံကြည်ခြင်းများစွာဖြင့်
မျှော်လင့်ချက်မဲ့နေတဲ့
လေးနက်တဲ့ ချစ်ခြင်းတွေနဲ့..
သစ္စာက
အဓိကသစ္စာတစ်ပုဒ်ပါ..ချစ်သူရယ်...။
ပန်းခရေ(ရင်တွင်းဖြစ်)

10 comments:

Apprenticeship said...

Nyi mah lay yayyy.. chit ning like dar naw... :( :(

nyiyekhaung said...

သစ္စာကဗျာလေး ကောင်းပါသည်ခင်ဗျာ
အတောင်ပံတွေ ဖြန့် ပြီး>>>>>>> ပျံလိုက်အုံးမယ်ဗျာ
:)

အညာသား said...

“တစ်နေ့တစ်နေ့...
ဘယ်ချိန်မှ ဆုံဆည်းရမယ်မသိတဲ့
ချစ်သူကို မှန်းဆတမ်းတရင်း..
ငါ့မျှော်လင့်ချက်တွေရှင်သန်နေတာ...
သစ္စာတစ်ပုဒ်ပါချစ်သူ ..။ ”
ကောင်းမှကောင်း။ အညာသားကတော့ Copy လိုက်ပီဗျာ။ ချစ်သူကိုပြောဘို့။ ဟီးဟီး

NatShinNaung said...

ပေခရမ်းတို့ စွံနေတယ်ပေါ့လေ။ ဟဲဟဲ. ကဗျာမိုက်တယ်.

Unknown said...
This comment has been removed by a blog administrator.
ရွှန်းမီ said...

လေးနက်တယ်..

အိတာ said...

မျှော်လင့်ချက်တွေ..
သိပ်မရှင်သန်စေဖို့...
ပြောတတ်တဲ့ချစ်သူကို..
နားလည်းမျှော်လင့်ရင်း ချစ်နေမိတာလည်း
သစ္စာတစ်ပုဒ်ပါချစ်သူ.. ။

အာ ထိတယ်ဂျ....
:D :D :D

Anonymous said...

သစ္စာကို တန်ဖိုးထားတဲ့သူတွေထဲမှာ နန္ဒာ လဲပါတယ် ကဗျာဆိုလိုရင်းက ရင်ထဲကို ထိသွားတာပဲ

Cheers.,
Soe Mya Nandar Thet Lwin

Unknown said...
This comment has been removed by a blog administrator.
Anonymous said...

သစ္စာတွေ မေတ္တာတွေ နားမလည်ဘူး သေချာတာ ရင်တွင်းဖြစ်ချင်းမို့  ခံစားရတယ်း) ဆက်လျှောက် ရဲဘော် မျောက်စုတ် ချီးယားး ။

Related Posts Plugin for WordPress, Blogger...