Monday, May 5

ခပ်ညံ့ညံ့ငတုံးတစ်ယောက်အကြောင်း




အမှတ်တမဲ့မှ အမှတ်တရဖြစ်ခဲ့တဲ့
တို့အတိတ်တွေအားလုံးကိုလည်း….
အမှတ်တရဖြစ်စွာ သတိရနေဆဲပါ…..။
“ငါမင်းကို သိပ်ချစ်တာပဲ” ဆိုတဲ့
စကားလုံးတိုင်းကိုလည်း
မက်မောစူးနစ်စွာ ရင်ခုန်နေဆဲပါ….။
အချစ်သစ်.အချစ်စစ်ကို
လွတ်လပ်စွာရှာဖွေခွင့် ပေးထားတဲ့ငါ့ကို
“ကောင်မလေးရေ မင်းကိုထာဝရပက်သက်ခွင့်ပြုပါ..”လို့
ကတိတွေထပ်ထပ်ပေးခဲ့ပြီး…
အချစ်သစ်နောက်ကို ကောက်ကောက်ပါအောင်
လိုက်သွားခဲ့တဲ့ မင်းကို
အံ့သြနားမလည်နိုင်စွာ
ခုချိန်ထိ သတိရခြင်းတွေ ရှင်သန်နေဆဲပါ…။

ညင်သာနူးညံ့တဲ့မင်းလက်ကလေးတွေ..
ချိုသာရွှင်ပြတဲ့ မင်းအပြုံးတွေ…
တစ်ကြိမ်တည်းသာတွဲလျှောက်ဖူးတဲ့
အင်းလျားလမ်းပေါ်ကခြေရာတွေ…
ဘယ်လိုမှပြောင်းလဲမသွားတဲ့အချစ်တွေနဲ့
တို့နှစ်ယောက်လုံးချစ်ခဲ့တာပါလို့…
အကြိမ်ကြိမ်ပြောခဲ့တဲ့…မင်း
ခုတော့ ငါမပါတဲ့လမ်းပေါ်မှာ
ငါမဟုတ်တဲ့ တခြားသူရဲ့လက်ကိုတွဲ
ငါ့အတွက်မဟုတ်တဲ့ ကဗျာတွေကိုရေးရင်း
ငါ့အတွက်မဟုတ်တဲ့ ခံစားမှုသံဇဉ်တွေကိုသီဆိုရင်း
ငါမပါတဲ့ အနာဂတ်ကို ပုံဖော်လျှောက်လှမ်းရင်း
မင်းပျော်ရွှင်နေချိန်မှာ….
တစ်ကိုယ်တည်း မိုးရေတွေနဲ့အပြိုင်
ငါ့မျက်ဝန်းက မျက်ရည်တွေ
တိတ်ဆိတ်စွာ ရွာသွန်းနေခဲ့တာရော.
တစ်ဆိတ်ဘယ်သူသိခဲ့လို့လဲ….?.........။

မင်းမရှိတဲ့ နေရာမှာ
တစ်ကိုယ်တည်းရပ်တည်ရင်း
ငါ့ရင်ခုန်သန်တွေရှင်သန်နေလိုက်တာများ.
လူရာမ၀င်တော့တဲ့ ငါ့ချစ်ခြင်းတွေအတွက်
နောင်တရနာကြည်းဖို့တောင်
မေ့လျော့နေခဲ့တယ်…။

ရက်ကိုလစား လကိုနှစ်စား
ရာသီတွေအလီလီပြောင်းလဲခဲ့ပေမယ့်
ငါ့ရင်ခုန်သံတွေ မပြောင်းလဲပုံများ
လောကရဲ့ ပြောင်းလဲခြင်းနိယာမတွေတောင်
ပြောင်းပြန်ဖြစ်ကုန်ပီ ထင်ပါရဲ့…။

တစ်ကယ်တော့ ငါဟာ..
မလတ်ဆတ်တော့တဲ့ ငါ့အပြုံးတွေ
သံစဉ်မညီတော့တဲ့ ငါ့ခံစားချက်တွေ
ရည်ရွယ်ချက်ပျောက်နေတဲ့ ငါ့ရည်မှန်းချက်တွေ
ယိမ်းယိုင်ပြိုလဲနေတဲ့ ငါ့စိတ်တွေ
လူရာမ၀င်တော့တဲ့ ငါ့ချစ်ခြင်းတွေ
တိတ်တစ်ဆိတ်ငိုကြွေးနေတဲ့ ငါ့မျက်ဝန်းတွေ
ရင်ဘတ်ကြီးတစ်ခုလုံး ရင်းလိုက်ရတဲ့
ငါ့အတိတ်တွေ…
အချိုးမကျ မလှပတဲ့ ငါ့လုပ်ရပ်တွေကို
ပြန်လည်သုံးသပ်ရင်း ……….
ခေါက်ရိုးကျိုးနေတဲ့…
ပစ္စုပ္ပန်ကို ကျေနပ်စွာဖြတ်သန်းနေတဲ့..
ခပ်ညံ့ညံ့ငတုံးတစ်ကောင်ပါ.........။............။

ပန်းခရေ(ရင်တွင်းဖြစ်) yondaime





8 comments:

Emily said...

ငါ့တူမကြီးက ဘယ်ဆိုးလို့တုန်း။ မလိမ္မာတာလေး တခုပဲ ဟဲဟဲ။ ကဗျာလေး တော်တော် ကောင်းတယ် ရင်ထဲက လာတယ် ထင်ပါရဲ့။

Anonymous said...

ဟောဒီမှာ ခပ်ညံ့ညံငတုံး တယောက် ကဗျာဖတ်ပြီး heart ထိသွားတယ်။

Anonymous said...

ကဲကဲ..............ညံနေကြနော် အဲ့ထဲမှာမှ ငါက အညံဆုံးလူတစ်ယောက်ဆို ဘယ်သူဘာပြောမလဲ အချစ်ကဗျာ ဒီတစ်ပုဒ်တော့ အရမ်းခိုက်သွားပြီးးးးးးးးးးးးးးးးးးးးးးး။

မော်စီ said...

ရော ကဗျာက လန်းတယ်ဗျာ မထင်ရဘူး စိန်ကြီး ကဗျာအရေးကောင်းတာ ရင်တွင်းဖြစ်ဆိုတော့ ပိုထိတာပေါ့ကွာ ဟတ်ကိုလေ အဲ ဒါနဲ့စကားမစပ် နေကောင်းတယ်နော်

U NU OF BURMA said...
This comment has been removed by the author.
U NU OF BURMA said...

မမျော်လင့်သလိုမကြုံဖူးအောင်ဆိုးဝါးလှတဲ့
သဘာဝ ကပ်ဆိုးကြီး“မမ”ရှိရာအရပ်ကို မကျရောက်တဲ့အတွက်
စိတ်သက်သာမှုအနည်းငယ်ရပါတယ်။
ဘေးသင့်ကြသူအပေါင်းအတွက်ကြွေကွဲစွာခံစား
ရပါတယ်ခင်ဗျာ။
မမရဲ့ ဆွေမျိုးသားချင်း ချစ်သူခင်သူအပေါင်း
ဘေးဥပါဒ် အန္တရာယ် ကင်းကြပါစေ။
ဟိုတခေါက်အလည်ရောက်ပြီး မမနဲ့ ဂျူတီထဲလိုက်လည်
စာမေးပွဲခန်းလိုက်စောင့် မိုးကောင်းကင်တက် ဘီလ်ဂိတ်ရဲ့ လက်ဆွဲဆိတ်ပြီး အပြန် ပိတောက်ပန်းတခက်
ယူသွားတယ်။ပိတောက်ကပေးတဲ့ခံစားချက်လေးနဲ့ 
ဗွီဒီယို“ကလစ်”လေးတခု လုပ်ကောင်းတုံး နဂစ် ၀င် နှောက်လို့ အာရုဏ်ပျောက်သွားပြီး ပိတောက်ကိုခဏခေါက်ထားလိုက်ရတယ်။

မုန်တိုင်း နဂစ်ရဲ့ ကြမ်းတမ်းတဲ့ရိုက်ခတ် ဖျက်ဆီးမှုပုံရိပ်များကို
စုဆောင်း ရရှိထားတဲ့ဓါတ်ပုံများ
ဗီဒီအိုဖိုင်များစုစည်းပြီး မှတ်တမ်းစီဒီတခုလုပ်မယ် တတိုင်းတပြည်ထဲမှာ အတူနေကြသော်လည်း
ဒေသခြင်းကွာဝေးလို့ သိခွင့်မြင်ခွင့်မကြုံသူများ ပြည်ပမှာရောက်နေသော်လည်း အခြေအနေအရ
အင်တာနက် စသည် သတင်းနည်းပညာတို့ နှင့်လက်လှမ်းကွာသူများ သိခွင့်ကြည့်ခွင့်ရစေဖို့ 
ကျနော်လက်လှမ်းမှီတဲ့ ထိုင်းမှာဆိုယင် မဟာချိုင် ပကျော့ ဗန်းစဖန် ရနောင်း က မြန်မာလှေလုပ်သားခြံလုပ်သားများ ဟိုဖက်ကို နယ်ခြင်းဆက်နေတဲ့ တနင်္သာရီ ဘုတ်ပြင်း
ကော့သောင်း မြိတ် ဒေသများဆီသို့ အခမဲ့ဖြန့် 
ဖြူးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
ပိတောက်တစ္ဆေကလဲ ချောက်ဆဲမို့ သူ့ ကလစ်လေး
လက်စသတ်ရင်း မမတို့ ဌာနအလုပ်လည်ပါတ်နိုင်ပြီလား
လို့ လာရောက်စစ်ဆေးသွားပါတယ်။
ပိတောက်ခက်လေးလဲပြန်ပေးခဲ့ပါတယ်။
http://video.google.com/videoplay?docid=-6193063757797752356
မှာရှိတယ်။

ခင်မင်စွာဖြင့်

မဏ္ဍိုင်ကြီး said...

ကဗျာလေးကို သဘောကျတယ်ဗျာ
ခံစားချက်တူလို့လားသိဘူး

Tea said...

ကဗျာက လန်းတယ်

Related Posts Plugin for WordPress, Blogger...