Monday, April 14

မမြဲတဲ့စိတ်ကလေး....



ငါ့မှာ....အနှိုင်းမဲ့အမေ

သိပ်ချစ်ရတဲ့ချစ်သူ

ခင်တွယ်မိတဲ့သူငယ်ချင်း

မတောက်တစ်ခေါက်

အသိဥာဏ်တစ်စုံ

အလုပ်အကိုင်တစ်ခု......

ဆိုတဲ့ပိုင်ဆိုင်မှု..

ငါ့ပိုင်ဆိုင်မှုအစစ်အမှန်ထင်..

ချစ်ခြင်း၊မုန်းခြင်း

ခွင့်လွှတ်ခြင်း၊ခွင့်မလွှတ်ခြင်း

နာကြည်းအမြင်ကတ်ခြင်း

ဝမ်းနည်းပူဆွေးခြင်း

ပျော်ရွှင်ရယ်မောရခြင်း

အိုခြင်း၊နာခြင်း

သေဆုံးခြင်း၊ပြန်လည်မွေးဖွားခြင်း

ရှင်သန်ခြင်း..

ဆိုတဲ့ခံစားမှုအဖြစ်အပျက်တွေကို

နှစ်ခြိုက်စွာစားသုံးရင်း..

လောကဓံ၊ကံကြမ္မာ၊

ဖြစ်ခြင်း၊ပျက်ခြင်း

အကြောင်းတရားကစ

အကျိုးတရားဖြစ်တဲ့

သံသရာစက်ဝိုင်းတစ်ခုကို

ငါလည်ပတ်နေရခဲ့တာ

အကြိမ်ပေါင်းများခဲ့ပြီ.......။


သံသရာဆိုတာကို

ငါမလည်ပတ်ချင်တော့ဘူး...

ငါပင်ပန်းလှပါပြီ....။

ဒါတွေအားလုံးချုပ်ငြိမ်းတဲ့

ဘာဆိုဘာမှမရှိ

ဖြစ်ပျက်မရှိ

အရာအားလုံးပြတ်သွားတဲ့

နိဗ္ဗာန်ဆိုတဲ့

နေရာတစ်ခုကို

မွတ်သိပ်တောင့်တမိတယ်...

အဲဒီနေရာလေးကို

ရောက်ရှိငြိမ်းချမ်းချင်လှပါပြီ...။


အရာအားလုံးမမြဲတဲ့လောကကြီးမှာ

ဒီပြင်းထန်လှတဲ့

စိတ်ဆန္ဒလေးကလည်း

တစ်ကယ်တမ်းတော့

မမြဲပါလား.........နော်............။



ပန်းခရေ(ရင်တွင်းဖြစ်)
# ၁၀၀ မြောက်ပို့စ်လေးပါ....။ အားလုံးပဲ ပျော်ရွှင်ကြပါစေ..။

14 comments:

အောင်မျိုးမြတ် said...

ကဗျာ လေးကောင်းပါတယ် ကြိုက်လဲကြိုက်ပါတယ် အားပေးပါတယ် လုပ်ပါ။

ein said...

အရာအားလုံးပြတ်သွားတဲ့
နိဗ္ဗာန်ဆိုတဲ့
နေရာတစ်ခုကို
မွတ်သိပ်တောင့်တမိတယ်...ပီဆိုပါလားကွစိန်ကြီးရ နေပါဦးကွာ မင်းကလဲ ၁၀၀ မြောက်ကနေ ဆက်ရေးပါဦးကွ နော...း) အနှိုင်းမဲ့အမေ ၊ ချစ်သူ ၊နောက် သူငယ်ချင်း ဒါတွေအားလုံး မင်းဘေးမှာအမြဲရှိနေမှာပါကွ ရှိနေပါစေလို့လည်း ငါဆုတောင်းပေးတယ်ကွာ...း)

စိုးထက် - Soe Htet ! said...

လက္ခဏာရေး သုံးပါး ကို ဆင်ခြင်ပြီးမှတော့ သီလရှင်လေး ခဏ ၀တ်ကြည့်ပေါ့ မြဲချင် မြဲသွားမယ် :P

Unknown said...

အင်း... ၁၀၀မြှောက်ပို့စ်လေးမှာ အကျွတ်တရားတော်တော် ရနေပြီထင်တယ်.. သိက္ခာရှင်ဝတ်လိုက်ရင် ကောင်းမယ်ထင်တယ်.. သံယောဇဉ်တွေ အားလုံးဖြတ်ပြီးး... ဟီးဟီး...

Anonymous said...

အမေရေ ၁၀၀ မြောက်ပို့စ်လေးမှာ
ဝင်ကွန်မန့် သွားတယ်နော်
သမီးတို့ကို သံယောဇဉ်ဖြတ်ပြီး
တောထွက်တော့မလို့လား အမေရ
လုပ်နဲ့နော် ဖေဖေဆူလိမ့်မယ် ဟိဟိ
ဒီထက်ပိုပြီး ပိုစ့်တွေအများကြီး
ရေးနိုင်ပါစေ.နော်
အမေကိုချစ်သော ..............

မင်းကျန်စစ်။ said...

လောကကြီးကို စိတ်ကုန်တဲ့ စကားလုံးတွေတော့ သိပ်မရေးနဲ့ အမေ။ သားကြောက်လို့ဗျာ။
၁၀၀ မြောက်ပို့စ်မှသည် အသက် ၁၀၀ တိုင် အဖေနဲ့ အတူ ဘဝခရီးကို ခွင့်မလွှတ်ခြင်း၊ နာကြည်းအမြင်ကတ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း၊ အိုခြင်း၊ နာခြင်း တို့ ကင်းဝေးစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ....။

Anonymous said...

အောင်းမြတ်လေး.... ပေခရမ်းရဲ့ သွားတော့မှာလားဟဲ့
နာတို့ကိုထားပြီး .......

Anonymous said...

ဝေးးး.....တရားတွေ ပေါက်နေတာလား တစ်ရား ပေါက်နေတာလားး မမြဲတဲ့တရားထဲမှာတော့ ဟိုအဖိုးကြီးမပါသေးတာ နာတယ် ဟားဟား ဘာမှလဲဆိုင်ဘူးးး သီလှရှင်ဝတ်ရင်ပြော ငါကတုံးပေါ်ထုံးတို့ ပေးမယ်း)

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R said...

အဲဒီဆန္ဒက မြဲဖို့အခက်ဆုံးပါဘဲလေ ...

shwenyarthar said...

မင်္ဂလာပါဗျာ... ၁၀၀ခုမြောက် post မှာ တင်လိုက်တဲ့ ကဗျာလေးကို နှစ်သက်မိပါတယ်... မစိန်မမ စာတွေမှာ ရင့်ကျက်မှုတွေ တွေ့ရတယ်... ဒီအရွယ်နဲ့ ရင့်ကျက်မှု ရှိတဲ့အတွက် ချီးကျူးမိပါတယ်... ၁၀၀ ခုမြောက် post မှသည် နောက်ထပ် စာတွေ အများကြီးရေးနိုင်ပါစေ... ကျွန်တော် မစိန်မမရဲ့ စာတွေကို ဖတ်နိုင်တဲ့ အခွင့်အရေး ရတဲ့အချိန်ထိ လာဖတ်သွားမှာပါ... နှစ်သစ်မြှ ရွှင်လန်းချမ်းမြေ့ပါစေ... (ကိုရွှေဖြိုး)

Anonymous said...

မြဲသွားတော့လဲကောင်းတာပေါ့
နောက်ဘ၀အထိပါ မှာက ဒါလေးပဲ ရှိတာ
အဆင်ပြေပါစေ ခင်ဗျာ ။ ။

Apprenticeship said...

Thyingyan mar a ti ta yar twe to lo.. A mya a mya bar nyi ma lay :)

Nay Lin said...
This comment has been removed by the author.
Nay Lin said...

အော် ..ပန်းခရေ ပန်းခရေ ...

စမ်းရေအိုင်လေးနဘေးမှာ
အနမ်းတွေ ခြွေ ကာငေးငိုင်ခဲ့ကြပေမဲ့
အတွေးယိုင်ကာအနေဝေး ပြီမို့
အမယ်မင်း ....
..အလွမ်းတွေ သင့်ခဲ့ပါပကော...

Related Posts Plugin for WordPress, Blogger...