Friday, April 11

ကျနော့အတွက်..သင်္ကြန်ဖြစ်အင်...

photo by chanmyasoe, from flicker

သဘက်ခါဆိုရင် သင်္ကြန်ကြိုနေ့ရောက်ပြီ ..။ သူငယ်ချင်းအားလုံးကို ရေလောင်းချင်တယ်..။ သင်္ကြန်မှာ ပျော်ရွှင်စွာ ဆင်နွှဲချင်တယ်..။ ကျနော်သင်္ကြန်ရက်တွေကို မလည်ဖြစ်တာအတော်ကြာနေပြီ ..။ ၂၀၀၁ သင်္ကြန်မှာပဲ မန္တလေးသင်္ကြန်ကို လည်ခဲ့တယ်..။ အဲဒီနောက်နှစ်တွေကစလို့ မလည်ဖြစ်တာ အခုဆို ၇နှစ်ပြည့်ပြီ..။ သူများတွေက အဝေးရောက်နေလို့ မလည်ကြရဘူး..။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ သူတွေ တော်တော်များများတော့ လည်ဖြစ်ကြတယ်..။ ကျနော်တစ်ယောက်သာ မလည်ဖြစ်တာဖြစ်နိုင်တယ်..။ နှစ်တိုင်းသင်္ကြန်ရောက်ရင်. အကြောင်းမျိုးစုံပေါင်းမြောက်များစွာနဲ့ လမ်းထိပ်ကိုထွက်ပြီး ပျော်ရွှင်နေကြသော လူသားတွေကို ကြည့်ရင်း အချိန်ပေါင်းမြောက်များစွာ ကိုယ်တစ်ကိုယ်တည်း အထီးကျန်စွာ ကုန်ဆုံးခဲ့ရတယ်..။ ဘုန်းကြီးကျောင်းသွားလိုက်၊ ဥပုဘ်လေးယူလိုက်၊ ရေပက်ခံထွက်သူတွေကို ထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ဆုံးခဲ့တဲ့ ကျနော် ဒီနှစ်မှာတော့ မတူညီတဲ့ ပြောင်းလဲမှုကတော့... ရေတောင်မစိုတဲ့ လူတွေကိုတောင် မတွေ့နိုင်တဲ့ နေရာမှာ ဘယ်သူမှမသိတဲ့ နေရာမှာ အခန်းကျဉ်းလေးထဲမှာ ကျနော်တစ်ယောက် တိတ်တဆိတ် ဂျူတီစောင့်နေရတယ်..။

ရုံးမှာ ဘယ်သူမှမရှိဘူးလေ ကျနော်အဖြစ်က ဒီနှစ်ရေတောင်စိုပါ့မလားမသိ..။ သေချာပါတယ် ရေမစိုဘူးဆို တာကိုလေ..။ ဘယ်သူမှလည်းရေလာမလောင်းသလို ဘယ်သူပျော်ရွှင်နေတာကိုမှလည်း မခံစားနိုင်တော့ဘူး လေ..။ ဘလော့သူငယ်ချင်း ကိုရွှေဖြိုးက ကျနော့ကိုဆုတောင်းပေးသွားတယ်..။ အဲဒါကတော့ ပိတောက်ပန်းတွေပေးတဲ့ သူတွေ ၊ ရေလာလောင်းသူတွေ ပေါပါစေတဲ့..။ ဟင့် သူ့ကိုပြောချင်လိုက်တာဂျာ ကျနော့်ကို ဘယ်နေရာရှိမှန်းမသိကြတာ ဘယ်သူကလာလောင်းမှာလဲနော်..။ ပြောရင်းနဲ့ငိုချင်လာပြီး.။ :`(


ကျနော်ဘလော့ပေါ်ကသူငယ်ချင်းတွေကိုလည်း ရေပက်ချင်တယ်..။ ရေလောင်းချင်တယ် ..။ ရွှဲရွှဲစိုကိုလောင်း ချင်တာ ..။ ဘယ်လိုလုပ်ရပနော်..။ ကျနော့်ဘ၀က “ သူများပျော်လို့မပျော်နိုင် သင်္ကြန်ဂျူတီကျလို့မှိုင်...” အဲလိုဖြစ်နေပြီ..။ ဒါပေမယ့် ကျနော်အွန်လိုင်းပေါ်မှာတော့ ရှိနေမှာပါ..။ ကျနော့်လို သင်္ကြန်မလည်ကြတဲ့ သူငယ်ချင်းတို့လည်း အွန်လိုင်းပေါ်မှာ ကဲကြမယ်နော်..။း)

ကျနော်ဒီနှစ်သင်္ကြန်ကို ဘယ်သူနဲ့မှမတူစွာ တမူထူးခြားပြီး ပျော်ရွှင်နေပါတယ်...။ တစ်ကိုယ်တည်း ဘလော့ပေါ် သင်္ကြန်ကျရင်းပေါ့..။ လာလည်ကြတဲ့ သူငယ်ချင်းအားလုံးး ဘလော့မှ သူငယ်ချင်းအားလုံးကို ဒီဘလော့ပေါ်ကနေ ရေလောင်းတယ်..။ ပုံးလိုက်လောင်းတာနော်..။ ခေါင်းကနေစလောင်းတာ ..။ တစ်ယောက်မှ မစိုရင်မပြန်ရဘူးနော်..။ ကဲလောင်းပြီ...။ ဗြန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပြီးတော့ ပိတောက်ပန်းလက်ဆောင်ယူသွားကြပါနော်..။ သူငယ်ချင်းအားလုံး နှစ်သစ်မှာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..။ ကုသိုလ်ပွားများပြီး စိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေ လို့ ကျနော် ဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်..။ “ နှစ်သစ်မှာ စိတ်သစ်လူသစ် ၊ ဘ၀သစ်နဲ့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေ...”
အားလုံးကို သိပ်ခင်တဲ့ ကျနော်တစ်ယောက် အွန်းလိုင်းပေါ်မှာ ရှိပါတယ်ဂျာ..။ ရေလာလောင်းလို့လည်း ရပါတယ်..။ အားလုံးပဲ ပျော်ရွှင်ကြပါစေ.....။ ............။

ပန်းခရေ(ရင်တွင်းဖြစ်)



9 comments:

ငြိမ်းစု said...

အွန်လိုင်း

ပိတောက်တခက် လက်ဆောင်နဲ့
ရေတပုံးလောင်းပါလို့
ဘလော့ဂါအပေါင်း ...
ရွဲရွဲ စိုစေကြောင်းရယ်နဲ့
အမြဲ... အမြဲ...
အဆင် လက်ကိုတွယ်ကာ
နွဲကြမယ် ဒီအွန်လိုင်းမှာ
မေတ္တာရေလောင်း။

ရိုး(ခေတ္တရာ)

စိုးထက် - Soe Htet ! said...

ခုဏက လာတုန်းက ဒီပို့စ် မတွေ့လို့ ...

ကျွန်တော် နေပြည်တော်မှာ ရှိရင်တော့ ရုံးက လူပျိုကြီးတွေ လွှတ် ပြီး ရေလောင်း ခိုင်းပါမယ် ... အခုတော့ ကျွန်တော်လည်း အတူတူ ပဲ :D

Anonymous said...

ကဲ....ကဲ....ကဲ....ရေမစိုတဲ့ ပေခရမ်းရေ....စိုသွားအောင်
လာလေ့ရော့....ပုံးလိုက်လောင်းတာအားမရလို့.....
မီးသတ်ပိုက်နဲ့ပက်မယ်......ဟီ...ဟိ....

Pinkgold said...

သနားပါတယ်ဟယ်

Emily said...

ပေခရမ်းရေ စာလာဖတ်ပြီး သနားလို့ တံခါးပါ သော့ခတ်ပေးသွားပါတယ်။ ဟိဟိ

Anonymous said...

ဗြန်းးးးးးးးးးးးး ရေပြန်လောင်းသွားတယ်ကွ တူတူပဲ ငါလဲအွန်လိုင်းမှာပဲ သင်္ကြန်ကျတော့မယ် ။ ရော့ကွာ မဲနေတဲ့ နင့်မျက်နှာကို ပိုမဲသွားအောင် အိုးမည်သုတ်သွားတယ် ဟားဟား ဘာမှလဲမမြင်ရတော့ဘူးးးးးးးးးးးးးးးးးးးးး။

tayzar said...

ဟီး ဟီး ဒါဆို သင်္ကြန်မလည်ရဘူးပေါ့ =) စိတ်မပျက်ပါနဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ လက်သည်းညှပ်၊ ခေါင်းလျှော်လာလုပ်ပေးပါ့မယ် ဟဲ ဟဲ =P

khin oo may said...

have a nice thingyn

Tin said...

နှစ် လ ရာသီ အလီ လီ
ဘယ်လို ပင် ပြောင်း ခဲ့ ပြောင်း ခဲ့
်တို့  တွေ အား လုံး အသက်တွေကြီး ခဲ့ ပေမဲ့
မပြောင်းလဲ တဲ့ နု ပျို လှ ပ
အမြဲ ကြုံ တွေ့ ရ
ဒို့ ဒုက္ဒ က... လွတ် ရာ နတ္ထိ
ဆေး မရှိ။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ....:D

Related Posts Plugin for WordPress, Blogger...