Wednesday, March 5

အမှားတစ်ရပ်လား



ပရမ်းပတာခုန်နေတဲ့
ရင်အစုံကို
အံ့သြစွာထိန်းချုပ်ရင်း
ငါ့နှလုံးသားလေး
ဝုန်းဒိုင်းကြဲနေလေရဲ့..
ချစ်သူ့အသံကိုမကြားရပေမယ့်
ချစ်သူ..နစ်ကလေးကို
မြင်ခွင့်ရရင်ပဲ
ပျော်ရွှင်လွမ်းမောနေလေရဲ့...
ချစ်သူနှုတ်ဆက်သံဟာ
ကိုယ့်အတွက်တော့
အချိန်မြိန်ဆုံးတေးသွားတစ်ပုဒ်လား
ထင်မှတ်မိလေရဲ့...
ချစ်သူရဲ့ကြင်နာစွာစိတ်ပူတတ်တဲ့
စကားလုံးလေးတွေကို
နားထောင်ရတာလည်း
ကြည်နူးပီတိဖြစ်မိလေရဲ့..
တွေ့ဆုံခွင့်မရတဲ့
ချစ်သူမျက်နှာ
ကြားခွင့်မရတဲ့ချစ်သူအသံလေးတွေကို
နှလုံးသားနဲ့
အကြိမ်ကြိမ်မြင်ယောင်တမ်းတရင်း
အချိန်တိုင်းသတိရနေလေရဲ့..
ချစ်သူကိုသိပ်ချစ်မိသွားတဲ့
ငါ့နှလုံးသားတစ်စုံကိုလည်း
အကြိမ်ကြိမ်အံ့သြမိပါရဲ့...
ဒါပေမယ့်
ချစ်သူရယ်.
သိပ်ချစ်မိသွားတဲ့နှလုံးသားလေးကို
ဒဏ်ရာအနာတရတွေရမှာ
သိပ်ကြောက်နေမိတယ်..
ဒါဟာ
ငါ့အမှားတစ်ရပ်လားကွယ်..
ဒါအမှားဆိုလည်း
ငါကျေကျေနပ်နပ်ခံယူပါ့မယ် ချစ်သူရယ်..။ ။
ပန်းခရေ(ရင်တွင်းဖြစ်)

9 comments:

Synchro 305 ~ said...

အေးကောင်းတယ်သယ်ရင်းရ
တစ်ခုပဲ
ငါ့ကိုများကြည့်ပြီးရေးထားတာလားမသိ
:P

Anonymous said...

အဟမ်း အဟမ်းးးးးးးးးး
မျောက်မျောက်ရေ့ ရင်တွင်းဖြစ်တွေ သိပ်မလုပ်နဲ့ လေကွာ.......။ ကြောက်ပါတယ်ဆို .
ဟားဟား ချစ်သူရဲ့ နစ်ကလေးပေါ့လေ ဘူတုန်းကွ နာ့သယ်ရင်းကိုခွဲသွားတာ အသည်း အသည်းး။။။
အဆင်ပြေပေါစေဗျာ.......။
ပုံ/
ကြောင်ကြောင်

Unknown said...

အော်.. အချစ်အချစ်...
ရင်ခုန်တာတောင် ပရမ်းပတာတဲ့..

အချစ်ကြောင့်ရူးသွားနိုင်တယ်နော်........ ချစ်ကောင်းဆိုတာနော်..

မမစိန် ကြေကွဲနေတယ်ဆိုနားလည်ပါတယ်...
ရင်တွင်းဖြစ်တွေ ထုတ်ရှိုးကုန်ပြီဆိုတော့... ရှိုးခဲတယ်လေ.

မမစိန်ရေ... ငါ့အချစ်နဲ့မထိုက်တန်ဘူးလို့ပဲမှတ်ယူလိုက်ပေါ့..

နေ့သစ်တွေမှာ ဆန်းပြားခြင်းတွေနဲ့အတူ.. ..
လန်းဆန်းနိုင်ပါစေ...

lwansay said...

ဟဲ ဟဲ ...ချစ်သူရဲ့ နစ်မြင်ရင်ပဲ
ကျေနပ်နေပါတယ်ဆိုတော့ တော်တော်ကို
လိုက်လျောပေးထားတယ်ပေါ့။ စတောနော်
အဆင်ပြေပါစေဗျာ။ :)

တင့်ထူးရွှေ said...

ရင်တွင်းဖြစ် မို့လို့လား မသိဘူး ၊ ကောင်းတယ်ဗျ
ပျော်ရွင်ပါစေ နော် ။

ဖြိုးငယ် said...

ပြောတော့ ပြတ်သွားပြီဆို ...ပန်းပန်း..မလွယ်ဘူးနော်

ein said...

စိန်ကြီး အမှားတစ်ရပ်တဲ့လား ဂွတ်ထပဲဝေးးးးးးးးးးး
ငါ့သယ်ရင်းလဲ တနေ့တနေ့ ရင်တွင်းဖြစ်တွေများလာသလိုလိုပဲဝေ့...
အော် သူရဲ့ နစ် နစ် နစ်...:D
အဆင်ပြေပါစေကွာ...:)

တည်ညိမ်းကို ( သို့မဟုတ် ) said...

ပရမ်းပတာ / ၀ုန်းဒိုင်းကြဲ ရင်ခုန်မှု ၊ ပျော်ရွှင်လွမ်းမောခြင်း ၊ ကြည်နူးပီတိ ၊ သတိရခြင်း ၊ တမ်းတခြင်း ... ချစ်ခြင်းရဲ့ အစနဲ့ အလယ်မှာ ခံစားရမှုတွေပေါ့ ....

ဒဏ်ရာအနာတရ ၊ အကြိမ်ကြိမ်ပြန်ပြောင်းတွေးတောခြင်း ၊ အမှားကိုကျေနပ်လက်ခံခြင်း ... ချစ်ခြင်းရဲ့အဆုံးမှာခံစားရမှုတွေလေ ...

တယ်ရင်းရေ ... ချစ်မိပြီဆိုကတည်းက အရာရာကို ကျေနပ်လက်ခံရမှာပဲ ...

တည်ငြိမ်အေးချမ်းပါစေ တယ်ရင်းရေ ... ရင်တွင်းဖြစ်ကဗျာလေးကို ထပ်တူခံစားသွားပါတယ် ...

~P~ said...

ကောင်းမှကောင်း..မမရေ ။ ကဗျာလေးကိုကြိုက်တယ် ။
ရင်းတွင်.ဖြစ်တွေဆိုတော.

Related Posts Plugin for WordPress, Blogger...