Monday, March 3

ညီမလေး



ပြောခဲ့ဖူးတဲ့စကားသံ
နားထောင်ခဲ့ဖူးတဲ့အသံ
ချိန်မြိန်ခဲ့ဖူးတဲ့အထိတ်
ခါးသက်နေတဲ့ယနေ့
မေ့မရတဲ့တစ်ချိန်တစ်ခါ
လျှောက်ခဲ့ဖူးတဲ့လမ်းလေး
သွားခဲ့ဖူးတဲ့နေရာလေးတွေ
အတူတူပျော်ရွှင်ခဲ့ဖူးတဲ့
နေ့ရက်အချိန်လေးတွေ
အတူထိုင်ခဲ့ကြတဲ့
ကန်ဘေးက
UNISON လက်ဖ္ဘက်ရည်ဆိုင်လေး
အတူအိမ်ခဲ့ကြတဲ့နေ့ရက်တွေ
မိုးရေထဲမှာဆိုင်ကယ်စီးရင်း
အတူပျော်ခဲ့ကြတဲ့နေ့ရက်တွေ
အမရယ်လွမ်းလိုက်တာဆိုတဲ့
ညီမလေးရဲ့စကားသံလေး
ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက်
အမြဲချစ်နေမယ်ဆိုတဲ့
ညီမလေးရဲ့စကားသံ
နေမကောင်းချိန်တိုင်း
စားချင်တဲ့အစားအစာလေးတွေကို
အမြဲလုပ်ကျွေးတတ်တ.ဲ့....့ညီမလေး
ဘယ်လိုမှမေ့မရသလို
လွမ်းဆွတ်မိတာလည်း
အကြိမ်ကြိမ်အခါခါပါပဲ..
ညီမလေးရေ....
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့..
အရမ်းချစ်တယ်........ကွယ်...။


ပန်းခရေ(ရင်တွင်းဖြစ်)
သူငယ်ချင်းညီမလေးကို အရမ်းသတိရတာနဲ့ရေးလိုက်မိတာလေးပါ..။
ကျနော်တို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတာ..။

6 comments:

Emily said...

မယ်စိန်ရေ ကောင်းလိုက်တဲ့ ကဗျာလေး။ အဲဒီညီမလေးကိုလဲ ပေးလိုက်ဦးလေ။ ဒါနဲ့ ဒူလေးလဲဟင်၊ ချစ်ဆာလေးလားဟင်။ ဟားဟား နောက်တာ။ ကဗျာလေး ကောင်းတယ်ကွ။

Unknown said...

မမစိန်ရေ...

သူငယ်ချင်းအတွက်ခံစားချက်တဲ့လား...
အားလုံးအဆင်ပြေပါစေဗျာ..
ပျောက်နေလို့....
အလွမ်းတွေပိနေလို့လား...
ချစ်သူကိုလွမ်းလိုက်..
သူငယ်ချင်းကိုလွမ်းလိုက်နဲ့...
မမစိန်ရေ... အလွမ်းတွေ အားလုံး အားလုံး စမ်းရေထဲမှာမျှော်လိုက်ပါတော့.. အေးချမ်းသွားတာပေါ့..

တည်ညိမ်းကို ( သို့မဟုတ် ) said...

ဟုတ်တယ် တယ်ရင်းရေ ... လူတစ်ယောက်က တစ်ခါလောက်ပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကို အေးမြဖူးတာနဲ့ အဲဒီလူကို မေ့လို့မရတော့ဘူး ... အမြဲတမ်းအေးမြမှုတွေပေးရင်တော့ ပိုဆိုးတာပေါ့ ...

Anonymous said...

ဘာပြောရမှန်းကိုမသိဘူး.. အဲ့လိုညီမလေးတစ်ယောက်တော့ လိုချင်မိတယ်.. အပဲာ.. လွမ်းရတဲ့ဒုက္ခက မမိုက်ဘူးနော်.. မမ.. သိပ်မလွမ်းနဲ့.. အဲ့ဒီဒုက္ခကို အစ်ကိုကြီး ကိုချီရွန်အသိဆုံး.. ပိာပိာ ( အချွန်နဲ့မ.လိုက်ပြီ) :P

မင်းကျန်စစ်။ said...

ညီမလေးဆိုတော့ သားနဲ့ သက်တူရွယ်တူလေးပေါ့ ဟိဟိ အမေ့ကို အားကိုးရအုံးမယ် သားမှာ ဂဂျားဖော်မချိလို့ တူနဲ့ ပေးဆော့ ။

ပြန်ရောက်ရောက်ချင်း အကြောင်းပြန် ဒါပဲ။

မျှားပြာ said...

ညီမလေးရေ....
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့..
အရမ်းချစ်တယ်........ကွယ်...။
ငါလည်း ပြောလို့ရမလား ဟတ် ဟတ်
ကောင်းတယ်ဝေ့ ကဗျာလေးတွေ ...။

Related Posts Plugin for WordPress, Blogger...