Monday, February 18

ခွင့်တိုင်ကြားခြင်း

တွေ့ဆုံကြုံကွဲ
ဖြစ်မြဲဓမ္မတာ
ခွဲခွာတစ်နေ့
ပြန်ကာတွေ့ရင်
ခေါ်ပါပြောပါနှုတ်ဆက်ပါ....။
ကျနော်မခွဲချင်ပါဘူး..။သူငယ်ချင်းအားလုံးနဲ့ ကျနော်မခွဲချင်ပါဘူး..။ဒါပေမယ့် ကံကြမ္မာစေစားရာကိုလိုက်ရတဲ့ လူသားများရဲ့ထုံးစံ အတိုင်းကျနော်လည်း လိုက်နေရတယ်..။ ကျနော်ဒီနေ့ကစပြီး အင်တာနက်ဆိုတဲ့ကျောင်း တော်ကြီးကနေ ခွင့်တစ်လနားမှာဖြစ်ပါတယ်။ ဘလော့စာသင်ခန်းလေးထဲကို တစ်လစာလောက်ကျနော် မလာတော့ပါဘူး။ သူငယ်ချင်းအားလုံးရဲ့အိမ်ကိုလည်း လိုက်လည်နိုင်မယ်မထင်ပါဘူး။ လိုက်မလည်ဖြစ်မှာ သေချာပါတယ်။ ကျနော်အင်တာနက်ကျောင်းတော်ကြီးကို ရောက်ဖြစ်မယ်ဆိုရင်တောင် ဘလော့စာသင်ခန်း လေးကိုရောက်ဖြစ်မယ်မထင်ဘူး။ ကျနော့်သူငယ်ချင်းများကို မခွဲချင်ပဲခွဲရတော့မယ်။ လွမ်းမိပါရဲ့။ အားလုံးကို ကျနော်လိုက်မနှုတ်ဆက်နိုင်ပေမယ့် သတိရနေပါတယ်..။အားလုံးကို ခင်မင်ပါတယ်။ မခွဲချင်ပဲခွဲရတော့မယ်။ ရအောင်တော့ကျနော်လာခဲ့ပါမယ်။ ကျနော်မရှိလည်း ကျနော့်အိမ်လေးကို လာလည်ကြပါနော်။ ပစ်မထားပါနဲ့ ပန်းခရေလေးက စိတ်အားငယ်တတ်တယ်။ ၀မ်းနည်းတတ်တယ်။ သိလား သူကလေ သူငယ်ချင်းအားလုံးကို ခင်တယ်.။ စိတ်မကောင်းစွာခွဲခွာရမှာပါ။ ကျနော်အားလုံးရဲ့အိမ်ကို လိုက်မလည်ဖြစ်ပေမယ့် စိတ်ကရောက်ပါ တယ်ဆိုတာ သိပေးကြပါနော်။ အားလုံးကို ခွင့်တိုင်ကြားပါတယ်။၁လခွင့်ပြုပါ။ ကျနော်ပြန်လာရင် နွေးထွေးစွာ ကြိုဆိုကြပါနော်။ မေ့မပစ်ပါနဲ့။ ကျနော့်ကိုမေ့ပစ်ရင် ငိုပစ်မယ်။ကျနော်ပြန်လာရင် အားလုံးအတွက်မုန့်ဝယ် လာမယ် ။ အားလုံးအဆင်ပြေပါစေ။ လိမ်လိမ်မာမာနေနော်း)

11 comments:

Anonymous said...

ိစိန်မမရယ် နင်ကလဲ ပြန်မလာနေတာ့မယ့် သူလိုပဲနော် .................
နောက်မှတစ်ခါထဲနှုတ်ဆက် အခုတော့ စောပါသေးတယ် ခလေးမရယ်....
စိန်မျောက်မျောက်ရေ့ နေပါအုံးး ယောင်္ကျာယူသွားပုံးး.....ကွိကွိ...
ဒါပဲ ဂလောက်

Synchro 305 ~ said...

ဟာကွာလုပ်ပြန်ပြီ နောက်တစ်ယောက်နင်လည်း

Synchro 305 ~ said...

မြန်မြန်ပြန်လာ နော်မလာလို့ ကတော့ချောင်းရိုက်မှာ
တည့်တည့်ရိုက်ရဲဝူး အိုကေသယ်ရင်း :)

ein said...

ဘယ်သူပေးပေးမပေးပေးနာကတော့
ခွင့်ပေးတယ်နော်စိန်ကြီး...:P
ကောင်းကောင်းသင်ခဲ့နော်...ပီးရင်နာ့ကို ပြန်သင်ပေးအဟဲ...
နာကအဲဒါတွေအသိဝူးနော်...ချယ်ချယ်..
ဒါပဲဂလောက်..:D

Anonymous said...

ok! စိန်မမ,
အသင် သွားလိုရာ သွားနိုင်ပြီ...
ဟီး....ဟီး....
ဒီနေရာလေးမှာ ငါပုံမှန်လာစောင့်နေမယ်။
နင့်ရဲ့အတွေ့အကြုံ သတင်းစာရှင်းပွဲ လေး လုပ်အုံးနော့။

တောကကိုရင် said...

စိတ်သာချဗျို့ သတိရနေပါမယ့် စောင့်နေပါမယ့်
စိန်မြင်တိုင်းသတိရသလို ခရေမြင်တိုင်းသတိရအောင်လည်း
စိန်ဆိုင်တွေနားသွားပြီး ခရေပန်းတွေလည်းအမြဲဝယ်ထားပါ့မယ်..
အားမငယ်နဲ့နော် ပြန်တွေ့ကြရမှာပဲဟာ...
အစစ အရာရာအဆင်ပြေပါစေလို့ တောင်းဆုပြုပေးနေပါမယ်...

တည်ညိမ်းကို ( သို့မဟုတ် ) said...

ဆီပုံးလဲမရှိတော့ပါလား တယ်ရင်းရေ ... နင်သွားမှပဲ ဆီပုံးကလူခိုးခံရတယ်လို့ ... ဟေးဟေး ... စာကောင်းကောင်းသင်နော် ... ကြားလား ... ဒါပဲ ... ဂလောက် ...

ယုန်ကလေး said...

မမ ယုန်လေးလာလည်သွားတယ်နော် အဆင်ပြေလား ပြေတယ်လိုထင်ပါတယ်နော်

ထွန်း said...

မျက်နာမများအောင် ခြေမများအောင် နေပါ့မယ်။ မသွားနဲ့ ကလေးရယ် ရော့ ပြန်လာရင် ဆော့ဖို့ 

biggest said...

သူငယ်ချင်းပန်းခရေ
အဆင်ပြေပါစေ။ နင်မရှိပေမဲ့ ငါနင့်ကို အမြဲသတိရနေပါတယ်။ နင်အမြန်ဆုံးပြန်လာနိုင်ပစေ။ အားလုံးလည်း အဆင်ပြေနိုင်ပါစေ။ ငါရဲ့ သူငယ်ချင်က ခရေပန်းလိုဘဲ နွမ်းကြွေသည့်တိုင်အောင် သူရဲ့ အစွမ်းသတ္တိကို ဘယ်သူမှ မယှဉ်နိုင်ကြဘူး။ နင်ပျော်ရွှင်စွာ နဲ့ စာသင်နိုင်ပါစေလို ..........

မေပျို said...

အမရေ မြန်မြန် ပြန်လာနော်။ စောင့်နေမယ်။

Related Posts Plugin for WordPress, Blogger...