Sunday, February 10

လက်တွဲဖော်


လက်တွဲဖော်= ထပ်တူညီစွာနားလည်သူ


လက်တွဲဖော်ဆိုပဲ...tagထားတယ်ဆိုတော့ရေးရမှာပေါ့..။သားလေးမင်းကျန်စစ်
ကသိချင်တယ်ဆိုလို့သာရေးရမှာ..မရေးတတ်ဘူးသိလား..။ကိုယ်ဆိုလိုချင်တာကို
အဓိပ္ပာယ်ပေါက်အောင် လွယ်ကူစွာမပြောတတ်တဲ့ ကျနော်ဘယ်လိုရေးရမလဲ..။
ပြောရမယ်ဆိုရင်. ကျနော်အချစ်ဆိုတဲ့အကြောင်းအရာကိုသိပ်နားမလည်ဘူး။
လက်တွဲဖော်ဆိုတာ အရမ်းလေးနက်တဲ့စကားတစ်ခွန်းပါ..။ပြောရမှာလေးနက်လွန်းတယ်
ကျနော်တို့ဖွင့်ဆိုတဲ့ အဓိပ္ပာယ်ကကျနောတို့ဖွင့်ဆိုမှု လျော့နည်းမှုကြောင့် အားနည်းမှုကြောင့်
မပေါ်လွင်တာဖြစ်နိုင်မယ်..။ရသလျော့သွားတာဖြစ်နိုင်မယ်..။

လက်တွဲဖော်အကြောင်းပြောမယ်ဆိုရင်. အချစ်ကအခြေခံရမယ်လို့ထင်တယ်.။
အချစ်ပါတဲ့လက်တွဲဖော်ဟာ ဘယ်အရာမှနိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုတစ်ခုလို့ထင်တယ်.။
အချစ်အကြောင်းကို အခုချိန်ထိနားလည်သဘောပေါက်စွာ ဘယ်သူမှအဓိပ္ပာယ်မဖွင့်ဆို
နိုင်သေးဘူး။ ကျနော်လည်း ချစ်တယ်ဆိုတဲ့ စကားလုံးရဲ့အတိမ်အနက်ကို မသိသေးဘူး။
ချစ်တယ်ဆိုတာ ဘာလဲ?
အခုချိန်ထိ ချစ်တယ်ဆိုတာ ဒါပဲဆိုပြီး ဘာမှန်းကိုမသိသေးပါဘူး။
မသိသေးဘူးဆိုပြီး မချစ်တတ်ဘူးလား ဆိုတော့လည်း မဟုတ်သေးပြန်ဘူး။
ကျနော်ချစ်တတ်ပါတယ်။ ဆန်းကြယ်စွာကို ချစ်တတ်တာပါ။ အချစ်ဆိုတာကို ရူးရူးမူးမူးကို
ခံစားမိတာပါ။ကျနော်အချစ်ရူးတော့မဟုတ်ဘူး။ ဒါပေမယ့် ရူးလောက်အောင်ကိုချစ်တာပါ။
ကွာတော့ကွာဘူးထင်တယ်..။ကျနော်ပြောချင်တာက..အချစ်ဆိုတာ ဘ၀မဟုတ်ပေမယ့်
ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းတော့ဖြစ်တယ်ဆိုတာ အမှန်ပဲ။

အချစ်မပါတဲ့လူတစ်ယောက်.. ကိုယ်ကမချစ်တဲ့လူတစ်ယောက်ကို
ဘယ်လိုလုပ်လက်တွဲဖော်အဖြစ်ရွေးချယ်ရပါလိမ့်နော်..။မဖြစ်နိုင်ဘူး။
ကျနော်ကတော့ဘယ်လိုနည်းနဲ့မှကို လက်မထပ်နိုင်ဘူး။
ဒါလဲကျနော့်ရဲ့ခံယူချက်ပါ..ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုပြောလို့မှမရတာနော်..။
လက်တွဲဖော်ဆိုတာ ဘာကြီးဖြစ်မှရယ်.ဘယ်လိုမှရယ်လို့ သက်မှတ်ချက်မရှိပါဘူး။
သက်မှတ်ချက်ထားပြီး ဖြစ်မလာတာတွေလည်း အများကြီးပါ..။
လက်တွဲဖော်ဆိုတော့ ကျနော်သိတာလေး ကိုညီမျှခြင်းထုတ်ချင်ပါတယ်..။
ညီမျှခြင်းချပေမယ့် ဒါလည်းကျနော့်အမြင်ပါ..။ ကျနော့်ခံယူချက်ကလေးပါ..။
မှားချင်လည်း မှားသွားနိုင်သလို မှန်ချင်မှလည်း မှန်မှာပါ..။

လက်တွဲဖော်ဆိုတာ
“လက်တွဲဖော်= ထပ်တူညီစွာနားလည်သူ”
လို့ပြောချင်တယ်..။ လက်တွဲဖော်ဆိုတာ ဘ၀တစ်သက်တာ ပေါင်းသင်းနေထိုင်ရမယ့်သူ။
အမြဲတမ်းအတူမြင်တွေ့နေရမယ့်သူလေ..။သူ့အကြိုက်ကိုယ့်အကြိုက်ဆိုတာလည်း
တူချင်မှတူမယ်..။လုံးဝမတူတဲ့ စိတ်ချင်းမတူ လူချင်းမတူတဲ့ တစ်စိမ်းနှစ်ယောက်ပေါင်းသင်း
နေထိုင်ရမှာပဲလေ..။လူဆိုတာကိုယ့်စိတ်နဲ့ကိုယ်တောင်ထပ်တူညီမှုမကျတာ ။
တစ်ခြားတစ်ယောက်ရဲ့စိတ်နဲ့ထပ်တူညီမှုကျတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ဘူးထင်တယ်။ ဒီလိုထပ်တူညီဖို့မဖြစ်နိုင်တာကို ကျနော်သိပ်ပြီး သက်မှတ်မထားချင်
ပါဘူး။ ဒါပေမယ့် ဖြစ်ချင်တာလေးပေါ့ ကျနော်လိုချင်တာလေးကို ပြောပြကြည့်မယ်။

၁။ စိတ်ထားကောင်းရမယ်။
စိတ်ထားကောင်းတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်..။တစ်ချို့ကအပေါ်ယံသဘောကောင်း
တာရှိတယ်..။တွေ့စကဖြူတယ်ထင်ရပေမယ့် တစ်ကယ်တမ်းပေါင်းကြည့်တော့ထင်သလောက်
မဖြူတာတွေရှိလာတယ်..။အဓိကကစိတ်ထားပါ.။စိတ်ထားမြင့်မြတ်တဲ့ယောက်င်္ကျားလေးတော့
ကျနော့်သက်မှတ်ချက် နံပါတ် ၁ မှာထားချင်ပါတယ်..။

၂။အကျင့်စာရိတ္တကောင်းရမယ်။
အကျင့်စာရိတ္တ ဆိုတာ လူတစ်ယောက်မှာ အရေးကြီးပါတယ်။ အကျင့်မကောင်းတဲ့
လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှ လူကောင်းမဖြစ်နိုင်ဘူး။ ကောင်းနေဖို့ပဲလိုတယ်
သိပ်တော်နေဖို့မလိုပါဘူး။ညစ်ပတ်တဲ့အကျင့်ကလေးရှိတဲ့သူဆို ဘယ်မှာလူကောင်း
ဖြစ်နိုင်မလဲနော်။ ညစ်ပတ်တယ်ဆိုတာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဆိုလိုတာမဟုတ်
ပါဘူး စိတ်ထားညစ်ပတ်သူကိုပြောတာပါ။ တစ်ချို့က ညစ်ပတ်တဲ့အကျင့်ကလေး
ရှိကြတယ်။ ဒီလူကိုငါဘယ်လိုညစ်ပတ် ရမလဲဆိုတဲ့ အတွေးမျိုးရှိသူပေါ့။
ဒီလိုလူမျိုးတော့ ကျနော်ဘယ်လိုမှအထင်ကြီးလို့ရမယ် မထင်ဘူး။

၃။သိက္ခာရှိသူဖြစ်ရမယ်။
သိက္ခာရှိသူဆိုတာကလည်း အရေးကြီးပါတယ်။ သိက္ခာရှိသူလူတစ်ယောက်က
ဘယ်သူနဲ့မှမတူစွာ ထူးခြားမှုတွေပိုင်ဆိုင်နေမှာအမှန်ပါ။ ကျနော်ကသိက္ခာရှိသူကိုလည်း
အထင်ကြီးတတ်ပါသေးတယ်။

၎။အဆင့်အတန်းရှိသူဖြစ်ရမယ်။
အဆင့်ရှိသူဆိုတာ အဆင့်အတန်းမြင့်သူ ငွေကြေးချမ်းသာသူကိုမဆိုလိုဘူး။
ငွေကြေးချမ်းသာတိုင်းလည်း အဆင့်မရှိသူတွေများပါတယ်။ စိတ်ဓာတ်အဆင့်မြင့်သူပါ။
စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေ အများကြီးပါ။ စိတ်ဓာတ်အောက်တန်းကျနေမှတော့
ဘယ်မှာကောင်းနိုင်ပါ့မလဲနော်..။စိတ်ဓာတ်မြင့်မားသူကိုလည်း ကျနော်က အထင်ကြီးတတ်ပါ
သေးတယ်။ ငွေကြေးချမ်းသာဖို့မလိုပါဘူး။ စိတ်ဓာတ်မြင့်မားရင်တော်ပါပြီ။

၅။ပညာတတ်ဖြစ်ရမယ်။
ပညာအရည်အချင်းကို အများကြီးသက်မှတ်မထားပါဘူး။ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်
မှရယ်လို့ သက်မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် ပညာတတ်တော့ဖြစ်ရမယ်။
ပညာတတ်တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ သာမန်လူတစ်ယောက်ရဲ့ အတွေးအခေါ်က
ဘယ်နည်းနဲ့မှမတူနိုင်ပါဘူး။ ပညာသင်ထားတဲ့ လူတစ်ယောက်ရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်
ဟာ အမှားနည်းပြီး အမှန်တရားကို နည်းကပ်စွာတွေးခေါ်နိုင်တယ်လေ။
သက်မှတ်ချက်တော့ သိပ်မများပါဘူး။

၆။ရုပ်ရည်
ရုပ်ရည်ကတော့ သက်မှတ်ချက်မရှိဘူး။ လှမှချောမှ မဟုတ်ဘူး။ ကျနော့မျက်လုံးမှာ
စိတ်ထားကောင်းပြီး ဖြူစင်တဲ့ပုံ ကောက်ကျစ်မှုမရှိတဲ့ပုံ ဆိုရင်ကျနော်ကျေနပ်တယ်။
အဓိကအားဖြင့် ယောင်္ကျားပီသတဲ့ စိတ်ဓာတ်အပြည့်အ၀ရှိတဲ့ ပုံမျိုးဆိုရပြီ။
ကျနော်ဒါတွေပဲ လိုချင်ပါတယ်..။လက်တွဲဖော်ဆိုတာ ကောင်းတူဆိုးဖက်ပဲလေ။
တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ပြီး တစ်ယောက်ကိုတစ်ယောက်
အပြည့်အ၀နားလည်မှုရှိရမယ်။ဒါမှတစ်ယောက်နဲ့တစ်ယောက်တစ်သက်လုံး
ပျော်ရွှင်စွာပေါင်းသင်းနေထိုင်နိုင်မှာပေါ့။ ကျနော်ကတော့ကျနော့လက်တွဲဖောက်လေးကို
အရာအားလုံးထက် နားလည်ပေးမှာပါ။ နားလည်မှုတွေကို အချစ်နဲ့အတူ ပေးထားမှာပါ။
ကျနော်ကတော့ ဒါလေးပဲပြန်ပေးနိုင်ပါတယ်။ တစ်ခုတော့တောင်းဆိုချင်တယ်
ကျနော့ကို ဘယ်တော့မှမလိမ်ပါနဲ့လို့။ကျနော်လိမ်တာမကြိုက်ဘူး။
လိမ်တတ်သူကိုလည်း အထင်မကြီးဘူး။ အဓိကက ကျနော့လက်တွဲဖော်လေးကို
ဘယ်တော့မှအထင်မသေးချင်ဘူး။
ကျနော်အထင်သေးတဲ့သူ အထင်သေးသွားတဲ့သူဆို ကျနော်ဘယ်အချိန်ပဲရောက်
ဘယ်လိုပဲဖြစ်ဖြစ် နားလည်မှုလည်းပေးနိုင်တော့မယ်မထင်ဘူး။
ကျနော့်ရဲ့လက်တွဲဖော်ဖြစ်မယ့် သူလေးကိုတော့ကြိုပြောထားမယ်နော်...။
ဘယ်တော့မှမလိမ်ပါနဲ့။။။

ကဲကျနော်တတ်သလောက်လေးပါ..။မင်းကျန်စစ်ရေ ...
ငါတော့ရေးပြီးပြီ။ သိချင်တယ်ဆိုလို့ရေးလိုက်တာ ငါပြောချင်တာတွေကများသား
ဒါပေမယ့် မရေးတတ်လို့ ဒီလောက်ပဲနော်..။တစ်ကြောင်းတည်းထွက်တဲ့..။
ငါ့ညီမျှခြင်းလေးကိုတော့ ဘယ်တော့မှမမေ့ပါဘူး။
အဆင်ပြေတယ်ဟုတ်။ ။

ပန်းခရေ(ရင်တွင်းဖြစ်)


4 comments:

မင်းကျန်စစ်။ said...

အား ပါး ပါး မရေးတတ်လို့သာပဲ အမေရယ်။ ရေးများ ရေးတတ်ရင်တော့ ညီမခြင်း ဘယ်နှကြောင်းလောက်တောင် ထွက်လာမလဲ မသိဘူး။ တကယ်ကို ကောင်းပါ၏။ အချစ်ရူးမဟုတ်ပေမယ့် ရူးအောင်သာ ဆက်ချစ်တော့ အမေရေ။ အမေ့ လက်တွဲဖော်လေးကလည်း အမေ့အပေါ် ထပ်တူ နားလည်နိုင်သူ ဖြစ်ပါစေဗျာ... ရေးပေးလို့ ကျေးဇူး။

Anonymous said...

ရေးထားတာလေးတွေက လေးလေးနက်နက်နဲ့ကောင်းတယ် သတ်မှတ်ချက်တွေလဲ မျှနေတယ်လို့ ထင်တယ် အစွန်းမရောက်ဖူးလေ....နင်းရေးတာတော်တယ်ကွ..
လိုချင်တဲ့ လက်တွဲဖော် ၊သတ်မှတ်ထားတဲ့ဖူးစာရှင်လေးနဲ့ ဆုံဆည်နိုင်ပါစေဗျာ......

Minn Yoon Thit said...

လက်တွဲဖော်=ထပ်တူညီစွာ နားလည်သူ
ဆိုတာ အမှန်ပဲ ...
အချစ်ဆိုတာ ငယ်ရွယ်စဉ်တုန်းက အချစ်အပေါ်တွေးခေါ်မှု မျိုးနဲ့ အသက်အရွယ်အရ အချစ်အပေါ်တွေးခေါ်မှု မျိုးဟာ မတူညီတော့ဘူး...။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုတော့ ရင့်ကျက် လာမှုကြောင့်ပဲ။ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ဟာ ဘယ်လို မျိုး အရည်အချင်းကောင်းတွေ (အလွန်အကျွံ ၊ ဒါမှ မဟုတ် အကောင်းဆုံး အရည်အသွေး) တွေ ပိုင်ဆိုင်မှ ဆိုတာတွေက တကယ်တမ်း လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်မှုတွေပါပဲ။ တကယ့်တမ်း ဘ၀လက်တွဲဖော်ဆိုမှတော့ ကိုယ်နဲ့ တဘ၀လုံး ချစ်မယ့်သူဖြစ်ပြီး. ကိုယ့်အပေါ်ထပ်တူညီစွာ နားလည်မယ့်သူ ဖြစ်ဖို့က အဓိက အရေးကြီးပါတယ်..။ ပြီးတော့ သယ်ရင်း ရေးထားတဲ့ အချက်အလက်တွေဟာ တကယ် လက်တွေ့ဆန်ပြီး မှန်ကန်လိုအပ်တဲ့ အချက်တွေပါပဲ...။ ဒီလိုအရည်အချင်းမျိုးတွေနဲ့ ပြည့်စုံတဲ့ ဘ၀ လက်တွဲဖော် အစစ်အမှန်ရဲ့ ချစ်ခင်နားလည်ခြင်းကို ခံရပြီး တစ်ဘ၀လုံး လက်တွဲသွားနိုင်ပါစေ.. လို့.... ဆုတောင်းပေးပါတယ်....သယ်ရင်းရေ။ (အဟမ်း.. ဆုတောင်းပေးလို့ မုန့်ကျွေးအုံးနော်.... ကွိကွိ... :P)

Synchro 305 ~ said...

အကုန်ကောင်းတယ်ကွသယ်ရင်းရ
ငါ့အမြင်နင်ရေးတာ တစ်ခုထည့်သင့်တယ်
ခြေလက်အင်္ဂါပြည့်စုံရယ် ပြီးတော့ဟာစကားပီရမယ်
ဟို အာခေါင်ကွဲ လားလျှာခင်ကွဲဆိုလားဟာ စကားပြောရင်မပီတာ... တော်ကြာ ထမင်းစားမယ် ဟင်းချက်ပြီးပြီလားပြောတာကို "ဟမင်းချားမယ် အင်းချက်ပြီးပြီလားဆိုမှ" နင်မီးဖိုထဲပြေးရတော့မလိုလို အိမ်သာထဲပြေးရတော့မလို ဖြစ်နေမယ်တယ်ရင်းရ. :P
အလကားစတာပါဟာ... မဆိုးဘူးနင်ချင့်ချင့်ချိန်ချိန် ရေးတတ်သားပဲ အစွန်းမရောက်ဘူး..း)

Related Posts Plugin for WordPress, Blogger...