Tuesday, February 26
အဆင်မပြေမှုများ
အဆင်မပြေတာလေးတွေကို ပြောပြချင်လို့ပါ..။ ရန်ကုန်ရောက်ကတည်းက အဆင်မပြေတာ. အခုချိန်ထိပါပဲ..။ဘယ်လောက်ထိလဲ ဆိုရင် လာတက်တဲ့ သင်တန်းက အီးမေးလ်တဲ့ ...။ ထင်လိုက်တာက ဆာဗာ များထိုင်ရမလား ဘာကြီးပဲ လုပ်ရမလဲပေါ့..။ရောက်တော့ ဘာမှမဟုတ်ဘူး အီးမေးလ်သင်တန်းကို တစ်လလောက် အချိန်ကုန်ခံပြီး လာတက်ရတဲ့ ကျနော့ဘ၀က ဆိုးပါတယ် ..။ဘာတွေမှန်းကိုမသိတာ..။ ကိုယ့်ဘာသာ ရုံးမှာအေးဆေး နေရင် အကောင်းကို စိန်မမတို့များလုပ်လိုက်ရင် ဒီလိုပဲ ဘာပညာမှမရတဲ့ အပြင် ကိုယ့် အတွက် အကျိုးလည်းမရှိဘူး..။ အဓိပ္ပာယ်လည်းမရှိဘူး..။ပြောပြအုံးမယ်..ဒီရောက်တော့ သင်တဲ့ဆရာက ကိုယ်နဲ့ အလုပ်တူတူလုပ်တဲ့သူ..။သိလား သူလည်းဘလော့ရေးတယ်လေ..။ ပြီးတော့ ဆရာတစ်ယောက်ဆို ကိုယ့်ကို ဆရာမဆိုပြီးလေးစားတာ ကိုယ်ကအီးမေးလ်သင် တန်းလာတက်တယ်ဆိုရော ရီလိုက်တာများ ဟားတိုက်ပဲ ..။ ကျနော်သေသင့်တာပေါ့..။ ကျနော့်ကိုအီးမေးလ်မသုံးတတ်ဘူးလား ဆိုပြီးရီလိုက်တာ..။ ကျနော့ဘ၀ကအဲလိုဆိုးတာပါ..။ သင်တန်းခေါင်းစဉ်အစကတော့ ဒါပေါ့နော်..။
ပြောပြပါအုံးမယ်..။သင်တန်းအတွေ့အကြုံလေး..။သင်တန်းမှာ အဆောင်နေရတယ် ..။ အဆောင်ကအမျိုးသမီးဆောင်ပေါ့..။ များလိုက်တဲ့လူတွေ အားပါး မူးနေတာပဲ..။ အစုံပဲလေ..။ ပျော်တယ်မထင်ပါနဲ့..အစကတည်းကမကောင်းတဲ့ ခရီးကဘယ်လိုပျော်ပမလဲ
နော်..။အဆောင်က ည၈နာရီပိတ်တယ်..။သန့်ရှင်းရေးကို အလှည့်ကျလုပ်ရတယ်..။ စိတ်ဆင်းရဲလိုက်တာ .။ဘယ်နေရာရောက်ရောက် ပျော်ပျော်နေတတ်တယ်ဆိုတဲ့ စိန်မမတို့ ဒီတစ်ခါတော့ သေချင်တယ်..။စိတ်ညစ်သလားမမေးပါနဲ့ ငိုချင်လိုက်တာလည်းလွန်ရော..။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလည်းမသိ..။ ပြောပြပါအုံးမယ်..။ထမင်းစားရပုံလေးကို..။သိတယ် မလား ပုံစံခွက်လေးလေ..။စရောက်တဲ့နေ့က ထမင်းစားသွားရတယ်ဆိုတော့ သွားလိုက်တာ ပေါ့.. ပန်းကန်လေးယူ ပုံပေးတာလေးယူပြီး ထမင်းယူရတယ်..။ဘာဟင်းလည်းသိလား ငပိချက် ..။ပဲချဉ်ဟင်း ။ ငပိချက်ကလေ ငပိလေးနဲ့ခရမ်းချဉ်သီးလေး တွေ ရေထဲဆင်းပြီ ပြေးတမ်းလိုက်တမ်းကစားတာလေ..။အဲလိုနဲ့တစ်နပ်ပြီးသွားတာပေါ့..။စိတ်ညစ်တာနဲ့ အပြင်မှာပဲဝယ်စားတယ်..။အဲပြေးမလွတ်တာလေးပြောပြမယ်..။သင်တန်းချိန်က မနက်၉နာရီ ခွဲကနေ ညနေ ၄နာရီခွဲထိ ..။နေ့လည် ၁၂နာရီနဲ့ ၁နာရီကြားကို ထမင်းစားရတယ်.။အပြင် ထွက်လို့ရဘူးလေ..။ သင်တန်းကထမင်းကိုပဲ အပြေးစားရတယ်..။ ပြောပါအုံးမယ်..မနက် စာသင်ခန်းမှာ လက်မှတ်ထိုးရတာလေ ၀က်သားစားသလား ကြက်စားလားပေါ့..။ အားပါးတရ ကိုထိုးလိုက်တာပေါ့..ကြက်လို့..။ဒီလိုနဲ့ နေ့လည်ဆိုရင်တော့ ငါတော့ကြက်သားစားရပြီပေါ့.။ ဟင်းလည်းထည့်ရော..အသီးရွက်ကြော်ထည့်ပေးတယ်..။ ဒါလည်းသိသေးဘူး ဒီထဲမှာပါမယ် ပေါ့ .။ပဲချဉ်ဟင်း ပန်ကန်လေးယူပြီး နေရာယူလိုက်တယ်..။စစားပြီလေ..တစ်လုပ်..နောက်တစ် လုပ် ကုန်သာသွားတယ် ကြက်သားမပြောနဲ့ မီးဖိုချောင်ပေါ်ကဲကြပ်ခိုးကတောင် အောက်ငုံ့မ ကြည့်ဘူး ..။ငိုချင်လိုက်တာ အခုတောင်ငိုချင်လာပြီ..။ဟင်းဂျေးမများတတ်တဲ့ ကျနော် ဘ၀မှာ အဆင်းရဲဆုံးအချိန်ကို ဖြတ်ကျော်နေရသလိုပဲ..။စိတ်ညစ်လိုက်တာ..။
မပြီးသေးပါဘူး..။မနက်မိုးလင်းကို ၅နာ၇ီ အိပ်ရာထရတယ်..။ပီတီပြေးရတယ်..။သိတယ် မလား အိပ်ပုတ် စိန်မမတို့ သေတာပါပဲ..။အိပ်မှုန်စုန်ဖွားနဲ့ မနက်မိုးလင်းပီတီပြေးဖို့ဆင်းရ တယ်..။နှလုံးရောဂါကို မွေးမြူထားတဲ့ စိန်မမ ဒီနေရာမှာ သေတာပါပဲ.။မောလိုက်တာ အရမ်းပဲ ရောဂါကနည်းနည်း လူကလည်း ရုပ်ကြမ်းကြီးနဲ့ နွဲ့တာလေ..။မရဘူးဗျာ..အရမ်းပင်ပန်းတာပဲ သင်တန်းတက်ရတာ အကျိုးလုံးဝမရှိဘူး ကျနော့ ဘ၀အတွက် တစ်လလောက်အချိန်တွေကို အလဟသ ကုန်ဆုံးပစ်ရတယ်..။ပင်ပန်းပါတယ်ဆိုပြီး တွေ့စရာ ချစ်သူလေးကလည်း ပူပူနွေး နွေးလေးတင် ပြတ်သွားတယ်လေ..:P ကြေငြာဝင်တာပါ..။အသဲလည်းကွဲ တစ်ခုမှလည်း အဆင်မပြေ..။ဘာမှလည်းအကျိုးမရှိ .။ဒီလလောက် စိန်မမ အတွက် အသုံးမကျတာစိန်မမပဲ ရှိပါတယ်..။
ဘလော့လည်းမရေးရ..။ဒါပေမယ့် စိန်မမတို့ကဘယ်နေမလဲ ရအောင်လုပ်တာပေါ့..။ အေး ဆေး တင်တော့တင်ထားတယ်..။ အခုလည်းကွန်နက်ရှင်ပြုတ်ကျလေသတည်း ဆိုတော့ ၀က်ထဲ ၀င်ပြီးစာရိုက်လေသတည်းပဲ..။အဆင်ပြေလားမပြေလားတော့မသိဘူး..။ကိုယ့်ဘာသာ ပဲအဆင်ပြေအောင်နေလိုက်တော့တယ်..။စိတ်ညစ်တာတွေသာ ပြောရမယ်ဆိုရင် ပြီးနိုင်မယ် မထင်ဘူး..။
အော်ပြောရအုံးမယ်..ရန်ကုန်မှာ ဘလော့ဂ်ဂါ သူငယ်ချင်းတွေနဲ့ ဆုံရတယ်..သိလား ကျနော်တို့တွေ ပတ်သွားတာ ပျော်စရာကြီး ဒါတစ်ခုတော့ ကျနော်ကံကောင်းတယ်ပေါ့ နော်..။ သိလားဘလော့ဂ်ဂါတွေက ခင်ဖို့အတော်ကောင်းတယ်..။ကျနော်လောက်နီးနီးပဲ ဟဲ ကျနော့လိုပဲ ချစ်စရာလေးတွေ ဒါပေမယ့် ကျနော့်လောက်တော့ မလှကြဘူး =) သိရင်သုတ် ကြလိမ့်မယ်..။ပြန်မပြောနဲ့နော်..။သူတို့ကို ..။အားလုံးကခင်ဖို့ကောင်းကြတယ်.။ သူငယ်ချင်း ဘလော့ဂ်ဂါတွေအားလုံးနဲ့လည်း တွေ့ချင်တယ်..။အားလုံးကိုခင်တယ်ဗျာ..။
လေးစားပါတယ်..။ကျော်ဟိန်းဟုတ်ဘူးနော်..။
ကျနော်မရှိချိန်မှာလာ လည်ကြတဲ့သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်..။ ဒီကြားထဲ တမ်းပလိတ်လေးက စိန်မမလက်အငြိမ်မနေမှုကြောင့် ပျက်သွားပါသေးတယ်..။ လူတင်မကဘူး ဘလော့ကပါ ကြောင်တောင်တောင်ရယ်..။ ကဲသူငယ်ချင်းအားလုံးလည်း စိန်မမရဲ့ကပေါက်တိကပေါက်ချာ နိုင်မှုကိုတွေ့ပြီမလား..။နောက်လည်းပြောပြပါအုံးမယ်..။ အဆင်မပြေတာလေးတွေပေါ့..။ တွေ့မိတာလေးတွေ ပြောပြအုံးမယ်..။သိလားနောက်မှ ..။ အားလုံးအဆင်ပြေကြပါစေ..။ကျနော်ပြန်လာရင်မုန့်ဝယ်ခဲ့မယ်နော်..။=)
ဘာကြိုက်ကြလဲ အခုတော့ ပိုက်ပိုက်ကုန်မှာကြောက်နေရတယ်..။ပိုက်၂ကုန်ရင်ပို့ပေးနော်.။ စိတ်မဆိုးတတ်ဘူး..။ အားလုံးကိုအရမ်းခင်ပါတယ်ဂျာ...။=)
Subscribe to:
Post Comments (Atom)
10 comments:
ဟဟ စိန်ကြီးရာ မင်းကတော့လေ...လုပ်လိုက်မှဖြင့် အဆင်မပြေမှုများဆိုတဲ့ခေါင်းစဉ်တောင် တပ်ရတယ်လို့နော် တကယ်ပါပဲကွာ...
ပီတီပြေးရတော့ဘာဖြစ်လဲကွာ ဟဟ မင်းကျန်းမာရေးနဲ့တောင်ညီသေးတယ်...:D
ပူပူနွေးနွေးချစ်သူလေးနဲ့ က ပြတ်သွားပီပေါ့လေ မင်းက ဟဟ...လုပ်လိုက်မှဖြင့်ကွာ ...ငါမင်းကိုပြောပြောကစောသားပဲ...သေချာပီလားလို့နော်
သေချာမှလုပ်ပါဆိုတာကိုပြောထားရက်နဲ့ကွာ..
.ဆိုးပါပေ့နော်...ပြန်လာရင် ဟဲဟဲ ငါဖို့လဲ မမေ့နဲ့နော် မုန့်မုန့် ၀ယ်ခဲ့..ဒါပဲ ...ဂလောက် မင်းအဆင်ပြေပါစေကွာ အားလုံးပေါ့နော် ဟဲဟဲ ..:D
တစ်လဆိုတာ တစ်ဘ၀နဲ့ ယှဉ်ရင် ခဏလေးပါဗျာ။ သည်းခံလိုက်ပါ။ နောက်တော့ အဆင်ပြေသွားပါလိမ့်မယ်။ ရွှင်လန်းပါစေ။
မျိုး
ကြားရတာ စိတ်မကောင်းပါဘူး ကိုယ့်အမရယ်။
နေသခိုက်မှာတော့ အကျိုးရှိအောင်လုပ်ခဲ့နော်။
အဆင့် ၁ ရရင် အိသူပြောတာတော့
ဆုငွေ ၁၅၀၀ ကြီးများတောင်ရမှာတဲ့...။
ဟဲဟဲ။ ကိုယ်တယောက်တည်းမဟုတ်ပါဘူး။
ဘဲဘဲ ကိုတော့သိပ်မယုံချင်တော့ဘူးလို့
ပြောပြလိုက်ပါ...။
အားလုံးအဆင်ပြေဖို့ဆုတောင်းပေးလိုက်တယ်
အမရေ....။
ပြန်လာမဲ့ရက်ကို အားလုံးစောင့်မျှော်နေတယ်။
ဖြစ်မှာဖြစ်ရလေ စိန်မမရယ် နင်လဲ နာနဲ့ နီးသွားလို့  လွဲနေတာလားမသိ ဟားဟား ကောင်းတယ်မှတ်ပလားး ပြေားသာပဲမော်ဒယ်ပဲလုပ်ပါဆို ပဲပြုတ်ရောင်းချင်တာကိုး...
ဂွတ်ထ ဂွတ်ထ....
P.S တစ်လက်စထဲတောင်းပန်တယ်နော် စိတ်မဆိုးပါနဲ့  မျောက်စိန်စိန်ရယ် အနော့်အသဲချိတ်ဆိုးမှာကြောက်လို့ ပြောလိုက်မိတာပါဗျ ...ကြေတော့နော့်..
ဒါပဲ ( ဂလောက်)
ကောင်းသောည အိပ်မက်လှလှမက်ပါစေ.........................
ဖြစ်မှ ဖြစ်ရလေ အမေရယ် နိုနဲ့နော် တစ်တစ် သားလဲ ရေဆာတိုင်း သတိရနေတယ် အမေ။ ပြန်လာရင် မုန့် အများကြီး ဝယ်ခဲ့နော်။ ကြက်သားတွေလဲ အရမ်းစားမနေနဲ့အုံး ကြက်ငှက်တုတ်ကွေး ဖြစ်နေအုံးမယ်။ ဂရုစိုက်နေနော်။
မမရယ်.. ကောင်မလေးတောင် ငိုချင်သွားတယ်.. ဘာလို့များ အဲ့ဒီသင်တန်းကြီးကို တက်လိုက်ရတာတုန်း.. ကောင်မလေးဆို အဲ့လိုပုံစံက ၁၀တန်းကတည်းက ပြီးပေါ့.. နောက်တစ်ခါ ထပ်လာမယ်ဆိုလည်း လုပ်တော့ဘူး.. နောက်ဆို အပင်ပန်းမခံနဲ့နော်. :) မုန့်မျှော်နေမယ်နော်..
အဆင်ပြေပါစေ စိန်မမရေ
မပြေရင်လည်း စိန်တွေ ချရောင်းလိုက်ပေါ့
စိန်ကြီးရယ်...အစ်မစိတ်မကောင်းပါဘူး....
တကယ်ပါ
စိန်ကြီးရယ်...အစ်မစိတ်မကောင်းပါဘူး....
တကယ်ပါ
Post a Comment