Thursday, February 14

ချစ်သူများနေ့





ချစ်သူများနေ့လေးကို ဖြတ်ကျော်ရတာ ပျော်ရွှင်ဝမ်းသာမိတယ်။ သားဖြိုးပို့လိုက်တဲ့ ကစားနည်းလေးကိုလည်း ကစားမယ်ဆိုပြီးစိတ်ဆန္ဒတွေလည်းစောလို့ ။ ထုံးစံအတိုင်းစိန်မမ တို့ကတော့ အဆင်မပြေမှုများစွာပေါ့ ကွန်နက်ရှင်က အမှတ်တမဲ့ ပြတ်တောက်သွားပါတယ်။ ထုံးစံကိုဘယ်တော့မှ မချိုးဖောက်တဲ့ စိန်မမ မိုးလင်းကတည်းက အဆင်မပြေတာ အခုချိန်ထိပါပဲ။ သားဖြိုးလေးပို့လိုက်တဲ့ ကစားနည်းလေးကို အချိန်မီ တင်နိုင်ဖို့ ပြေးပြေးလွှားလွှားကျမဘ၀လေးကတော့ အခုထိကိုအဆင်မပြေပါဘူး။ ဆုတော့ရမယ်မထင်ပါဘူး။ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ထူးဆန်းတဲ့ ပျော်ရွှင်မှုလေးမိုလို့ ကစားလိုက်မယ်နော်။
ကဲကစားလိုက်ပြီ...။

(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်
စာသားလေး အဖြစ်ပြောင်းရအောင်။

အဖြေ ။ ။ ပန်းလေးလို မွှေးပျံ့ လန်းဆန်းနေတဲ့ ကျမကို လေးတစ်ယောက်ကို ဖြူစင်ရိုးသားလို့ သိပ်ချစ်ပါတယ်ဆိုတဲ့ ချစ်သူရေချစ်သူကို ကျမသိပ်ချစ်ပါတယ်။ ။

(၂) ချစ်သူ့အခေါ်အဝေါ်လေး.......။

အဖြေ ။ ။ ချစ်တဲ့သူကချစ်လို့ခေါ်တာဆိုတော့ ဘယ်အခေါ်အဝေါ်မျိုးကိုမဆို လက်ခံနိုင်တဲ့ကျမကို
ချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ရင်း ဖြစ်သွားတဲ့ နာမည်လေးက လွမ်းမပြယ်သည့် ပန်းခရေ...။.။


မေးခွန်း နံပါတ်
(၃)
ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။
ဒါပေမယ့် နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို
ခေါက်ထားခဲ့မယ်။
တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။
ဘာလို့လဲဆိုတော့
ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။


ကျမပေးကြည့်မယ်လက်ဆောင်လေးက....

(၁) တစ်ခုတည်းသော နှလုံးသားတစ်စုံနဲ့အချစ်တွေကို အပြည့်အ၀ပေးထားမယ်...။
(၂) နှစ်ကိုယ်တူဘ၀လေးကို တည်ဆောက်ရာမှာရိုးသားမှုတွေအားလုံးကိုလည်း ပေးထားမယ်..။
(၃) သုံးနှစ်သုံးမိုးချစ်ခဲ့တာမဟုတ်ပေမယ့် ရင်ထဲမှာတော့ နှစ်သုံးဆယ်မက ချစ်နေဆဲပါ..။
(၄)လေးနက်မှုများစွာနဲ့ အပြည့်အ၀ချစ်မိတာပါ..။
(၅)ငါးရာနှစ်ဆယ့်ရှစ် မေတ္တာလေးပါ ပေါင်းစပ်ရင်းချစ်မိတဲ့ အတွက် အေးမြတဲ့ငါ့ချစ်ခြင်းပါ..။
(၆)ခြောက်သွေ့တဲ့ဘ၀လေးထဲကို အချစ်တွေနဲ့အတူ ၀င်ရောက်လာတဲ့ ချစ်သူကို အရမ်းချစ်တယ်.။
(၇)ခွန်အားများစွာပေးစွမ်းနိုင်တဲ့ အချစ်ကို ထူးဆန်းစွာပဲချစ်မိပါတယ်..။
(၈)ရှစ်နှစ်ကြာအောင် ချစ်သူမဖြစ်ကြပေမယ့် အနှစ်ရှစ်ဆယ်တိုင်အောင်ချစ်ပါ့မယ်..။
(၉)ကိုးစားယုံကြည်မိတဲ့ နင့်အချစ်တွေကို ယုံကြည်ကိုးစားရင်းချစ်နေမယ်..။
(၁၀)ဆယ်ကမ္ဘာတိုင်အောင် ချစ်ပ့ါမယ်ဆိုတဲ့ စကားထက်လေးနက်သေးရင် ဒီထက်များစွာချစ်ပါ့မယ်..။
ကဲပြေးပြေးလွှားလွှားလေးပါ..။တင်လိုက်ပြီ ။သားဖြိုးရေ အိုကေလားမသိ။

4 comments:

Anonymous said...

မမ မိုက်တယ်ဗျာ.. အပီား.. ဘယ်လိုကနေ ဘယ်လို အိုင်ဒီယာရသွားပါလိမ့် :)

မင်းကျန်စစ်။ said...

အနှစ်နှစ်ဆယ်တိုင်အောင် ချစ်သွားမယ့် အမေရေ.. အချစ်မှာ ကံကောင်းအောင် အမေကိုယ်တိုင် နားလည် လိုက်လျောမှုလေးတွေလဲ လိုတယ်နော်။ မေ့မနေနဲ့အုံး။ ဆုမရရင်တောင် ရင်ထဲက ခံစားချက်လေးတွေ ပေါ်လွင်အောင် ရေးထားတဲ့ ပို့စ်လေးမို့ ကောင်းနေဆဲပါ အမေရေ။

Synchro 305 ~ said...

ကောင်းပသယ်ရင်းရ
အလွမ်းမပြေတဲ့ပန်းခရေတဲ့
အဲ့ဒီစကားလုံးကြိုက်လို့ မဲပေးခဲ့တယ် :)

Anonymous said...

စိန်ကြီး...
ဟေ့ရောင်ကောင်းတယ်ကွာ မင်းရဲ့ချစ်သူများနေ့အမှတ်တရလေးကတော့...:)

Related Posts Plugin for WordPress, Blogger...